【 နည်းပညာ 】 Apple ဝန်ထမ်းများ လာမည့်နှစ်တွင် ရုံးပြန်တက်ရမည်

【 နည်းပညာ 】 Apple ဝန်ထမ်းများ လာမည့်နှစ်တွင် ရုံးပြန်တက်ရမည်

ကမ္ဘာတဝန်း ကိုဗစ်ရောဂါ ပျံ့နှံ့ပြီးနောက် Apple ကုမ္ပဏီမှ ဝန်ထမ်းများဟာ နေအိမ်မှ အလုပ်လုပ်ခြင်း (work from home) စနစ်ဖြင့် အလုပ် လုပ်ကိုင်ခဲ့ကြရတာဖြစ်ပါတယ်။
 
ယခုထွက်ပေါ်လာတဲ့ သတင်း‌အရတော့ Apple ဝန်ထမ်းများဟာ လာမည့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကနေ စတင်ပြီး ရုံးပြန်တက်ကာ အလုပ်လုပ်ကိုင်ရတော့မှာဖြစ်တယ်လို့ သိရပါတယ်။
 
The Information မှ ဖော်ပြမှုအရ Apple ကုမ္ပဏီရဲ့ CEO တင်မ်ကွတ်ဟာ ကုမ္ပဏီဝန်ထမ်းများထံကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက စတင်ပြီး ရုံးပြန်တက်ရောက်ရမယ်လို့ စာပေးပို့ထားကြောင်း သိရပါတယ်။ Apple ကုမ္ပဏီက ဝန်ထမ်းများဟာ ယမန်နှစ်ကတည်းက နေအိမ်မှ အလုပ်လုပ်ခြင်း (work from home) စနစ်ကို ကျင့်သုံးနေခဲ့ကြတာဖြစ်ပါတယ်။
 
Apple ကုမ္ပဏီမှ ဝန်ထမ်းများကို တစ်နှစ်လျှင် လေးပတ်ကြာ အဝေးမှ အလုပ်လုပ်ခွင့်ပြုခြင်း (hybrid work pilot) ရဲ့ အစိတ်အပိုင်းအဖြစ် ‌‌၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှ စတင်ပြီး ရုံးပြန်တက်ရန် တောင်းဆိုထားတာဖြစ်ပါတယ်။ယခင်ကတော့ Apple ကုမ္ပဏီဘက်က တစ်နှစ်လျှင် နှစ်ပတ်သာ အဝေးမှ အလုပ်လုပ်ရန် ခွင့်ပြုထားတာဖြစ်သော်လည်း ဝန်ထမ်းများအား ခရီးများထွက်ရန်၊ မိမိချစ်ခင်ရသူတွေနဲ့ ပိုမိုနီးကပ်မှုရှိစေရန်အတွက် နှစ်ပတ်မှ လေးပတ်သို့ တိုးမြှင့်သတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။
 
Apple ရဲ့ (hybrid work pilot) အရ ဝန်ထမ်းများဟာ ရုံးတွင် တစ်ပတ်အတွင်း တစ်ရက် သို့မဟုတ် နှစ်ရက် အလုပ်လုပ်ရန် လိုအပ်ပြီး ကျန်သည့်ရက်များတွင် နေအိမ်မှ အလုပ်လုပ်ခွင့်ရရှိမှာ ဖြစ်ပါတယ်။ဒါပေမယ့် ရုံးတွင် အရေးကြီးသောအလုပ်များအတွက် အချိန်ပိုမိုလိုအပ်ပါက တစ်ပတ်လျှင် လေးရက် သို့မဟုတ် ငါးရက် ရုံးသို့ လာရောက်ပေးရန် ကုမ္ပဏီဘက်က ဝန်ထမ်းများကို တောင်းဆိုနိုင်မှာဖြစ်ပါတယ်။
 
Apple ကုမ္ပဏီဘက်က လာမည့်နှစ်မှာ ထုတ်လုပ်မှု ပိုမိုတိုးမြှင့်ရန်အတွက် ဝန်ထမ်းများကို ရုံးတွင် ပြန်လည်အလုပ်လုပ်ကိုင်စေလိုနေတာဖြစ်ပြီး၊ (hybrid work pilot) အစီအစဉ်ကို ဝန်ထမ်းများအတွက် စီစဉ်ကြေညာခဲ့တာဖြစ်ပါတယ်။
 
Damien
နိုဝင်ဘာ - ၂၁