【 နည်းပညာ 】 Apple မှ 5G iPhone တွေကို မိတ်ဆက်ပြီ

【 နည်းပညာ 】 Apple မှ 5G iPhone တွေကို မိတ်ဆက်ပြီ

ယမန်နေ့ညကပဲ iPhone, iPad တွေ ထုတ်လုပ်တဲ့ Apple ကုမ္ပဏီမှ ထုတ်ကုန်သစ်တွေကို မိတ်ဆက်သွားခဲ့ပါတယ်။

အဆိုပါထုတ်ကုန်သစ်မိတ်ဆက်ပွဲမှာ iPhone ချစ်သူတွေ မျှော်လင့်စောင့်စားနေကြတဲ့ 5G ကွန်ယက်နဲ့ iPhone ထုတ်ကုန်သစ် ၄ မျိုးကို မိတ်ဆက်သွားခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

နောက်ဆုံးတော့ အကြောင်းအမျိုးမျိုးကြောင့် ထွက်ရှိဖို့ အနည်းငယ်ကြန့်ကြာနေတဲ့ iPhone 12 series ကတော့ ထွက်ရှိလာခဲ့ပါပြီ။ iPhone 12 series ဟာ iPhone 12 mini, iPhone 12, iPhone 12 Pro နဲ့ iPhone 12 Pro Max ဆိုပြီး ထုတ်ကုန် ၄ မျိုးအနေနဲ့ မိတ်ဆက်လာခဲ့တာလည်းဖြစ်ပါတယ်။ iPhone ထုတ်ကုန်သစ် ၄ မျိုးဟာ အရွယ်အစားတွေလည်း ကွာခြားမှာဖြစ်ပြီး၊ iPhone 12 mini က ၅.၄ လက်မ၊ iPhone 12 နဲ့ iPhone 12 Pro တို့က ၆.၁ လက်မနဲ့ iPhone 12 Pro Max ကတော့ ၆.၇ လက်မနဲ့ ထွက်ရှိလာခဲ့တာပါ။ iPhone ထုတ်ကုန်သစ် အားလုံးမှာ 5G ကွန်ယက် ထောက်ပံ့ပေးထားပြီး၊ Apple ရဲ့ A14 Bionic Chip နဲ့ မောင်းနှင်ပေးထားမှာဖြစ်ပါတယ်။

iPhone 12 series ရဲ့ ဒီဇိုင်းပိုင်းကို ကြည့်မယ်ဆိုရင် ကိုယ်ထည်တည်ဆောက်ပုံဟာ ယခင် လူကြိုက်များခဲ့တဲ့ iPhone 5 ကို ပြန်အမှတ်ရစရာဖြစ်ခဲ့ပြီး၊ Ceramic Shield အမည်ရ မှန်ကို အသုံးပြုပေးထားတဲ့အတွက် ပြုတ်ကျတာတွေ၊ ထိခိုက်မိတာတွေအတွက် ခံနိုင်ရည်ပိုကောင်းလာမယ် ဆိုပါတယ်။ဒါ့အပြင် 5G ကွန်ယက် အသုံးမပြုလိုပဲ ဘက်ထရီအားခံနိုင်ရန်အတွက် Smart Data Mode ဆိုတဲ့ နည်းပညာကိုလည်း iPhone 12 series မှာ ထည့်သွင်းပေးထားပါသေးတယ်။စိတ်မကောင်းစရာကတော့ သတင်းတွေထွက်ပေါ်ထားတဲ့အတိုင်းပဲ iPhone 12 series ဘူးထဲမှာ နားကြပ်နဲ့၊ အားသွင်းတုံး မပါဝင်လာတော့ပဲ အားသွင်းကြိုးပဲ ပါဝင်လာတော့မှာဖြစ်ပါတယ်။

 

ကင်မရာပိုင်းမှာတော့ ညဘက် ဓာတ်ပုံရိုက်ကူးရာမှာ ပိုမိုကောင်းမွန်လာမှာဖြစ်ပြီး၊ ရှေ့ဘက် ကင်မရာနဲ့မှာ Night Mode ရိုက်ကူးနိုင်မှာပါ။ဒါ့အပြင် မြင်ကွင်းကျယ်ရိုက်ကူးမှု၊ အနီးဆွဲကပ်ရိုက်ကူးမှုတွေကိုလည်း ပိုမိုအဆင်မြှင့်တင်လာခဲ့တာကို မြင်တွေ့ရပါတယ်။ဗီဒီယိုရိုက်ကူးရာမှာ HDR Video တွေကို ရိုက်ကူးနိုင်မှာဖြစ်ပြီး၊ Dolby Vision HDR Video ကို ရိုက်ကူးနိုင်မယ့် ကမ္ဘာ့ပထမဆုံးစတ်ဖုန်း ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

iPhone 12 နဲ့ iPhone 12 Pro တို့ကိုတော့ အောက်တိုဘာ ၂၃ ရက်မှာ စတင်ဝယ်ယူနိုင်မှာဖြစ်ပြီး၊ iPhone 12 mini နဲ့ iPhone 12 Pro Max တို့ကတော့ နိုဝင်ဘာ ၁၃ ရက်နေ့မှသာ စတင်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

Apple ရဲ့ ထုတ်ကုန်သစ် မိတ်ဆက်ပွဲမှာ iPhone 12 series အပြင် HomePod Mini အမည်ရ စမတ်စပီကာကိုလည်း မိတ်ဆက်သွားခဲ့ပြီး၊ HomePod Mini ကနေ အသံမက်ဆေ့တွေကို Apple ထုတ်ကုန်တွေဆီ ပေးပို့နိုင်မယ်လို့ သိရပါတယ်။ဒါ့အပြင် HomePod Mini ရဲ့ Siri ဟာ အသံတွေကို ခွဲခြားမှတ်ယူနိုင်စွမ်းရှိပြီး၊ iPhone တွေနဲ့ ချိတ်ဆက်အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ HomePod Mini ကိုတော့ နိုဝင်ဘာ ၁၆ ရက်နေ့မှာ စတင်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

Damien

( Zawgyi )

ယမန္ေန႔ညကပဲ iPhone, iPad ေတြ ထုတ္လုပ္တဲ့ Apple ကုမၸဏီမွ ထုတ္ကုန္သစ္ေတြကို မိတ္ဆက္သြားခဲ့ပါတယ္။

အဆိုပါထုတ္ကုန္သစ္မိတ္ဆက္ပြဲမွာ iPhone ခ်စ္သူေတြ ေမွ်ာ္လင့္ေစာင့္စားေနၾကတဲ့ 5G ကြန္ယက္နဲ႔ iPhone ထုတ္ကုန္သစ္ ၄ မ်ိဳးကို မိတ္ဆက္သြားခဲ့တာကိုလည္း ျမင္ေတြ႕ခဲ့ရပါတယ္။

ေနာက္ဆုံးေတာ့ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ထြက္ရွိဖို႔ အနည္းငယ္ၾကန႔္ၾကာေနတဲ့ iPhone 12 series ကေတာ့ ထြက္ရွိလာခဲ့ပါၿပီ။ iPhone 12 series ဟာ iPhone 12 mini, iPhone 12, iPhone 12 Pro နဲ႔ iPhone 12 Pro Max ဆိုၿပီး ထုတ္ကုန္ ၄ မ်ိဳးအေနနဲ႔ မိတ္ဆက္လာခဲ့တာလည္းျဖစ္ပါတယ္။ iPhone ထုတ္ကုန္သစ္ ၄ မ်ိဳးဟာ အ႐ြယ္အစားေတြလည္း ကြာျခားမွာျဖစ္ၿပီး၊ iPhone 12 mini က ၅.၄ လက္မ၊ iPhone 12 နဲ႔ iPhone 12 Pro တို႔က ၆.၁ လက္မနဲ႔ iPhone 12 Pro Max ကေတာ့ ၆.၇ လက္မနဲ႔ ထြက္ရွိလာခဲ့တာပါ။ iPhone ထုတ္ကုန္သစ္ အားလုံးမွာ 5G ကြန္ယက္ ေထာက္ပံ့ေပးထားၿပီး၊ Apple ရဲ႕ A14 Bionic Chip နဲ႔ ေမာင္းႏွင္ေပးထားမွာျဖစ္ပါတယ္။

iPhone 12 series ရဲ႕ ဒီဇိုင္းပိုင္းကို ၾကည့္မယ္ဆိုရင္ ကိုယ္ထည္တည္ေဆာက္ပုံဟာ ယခင္ လူႀကိဳက္မ်ားခဲ့တဲ့ iPhone 5 ကို ျပန္အမွတ္ရစရာျဖစ္ခဲ့ၿပီး၊ Ceramic Shield အမည္ရ မွန္ကို အသုံးျပဳေပးထားတဲ့အတြက္ ျပဳတ္က်တာေတြ၊ ထိခိုက္မိတာေတြအတြက္ ခံႏိုင္ရည္ပိုေကာင္းလာမယ္ ဆိုပါတယ္။ဒါ့အျပင္ 5G ကြန္ယက္ အသုံးမျပဳလိုပဲ ဘက္ထရီအားခံႏိုင္ရန္အတြက္ Smart Data Mode ဆိုတဲ့ နည္းပညာကိုလည္း iPhone 12 series မွာ ထည့္သြင္းေပးထားပါေသးတယ္။စိတ္မေကာင္းစရာကေတာ့ သတင္းေတြထြက္ေပၚထားတဲ့အတိုင္းပဲ iPhone 12 series ဘူးထဲမွာ နားၾကပ္နဲ႔၊ အားသြင္းတုံး မပါဝင္လာေတာ့ပဲ အားသြင္းႀကိဳးပဲ ပါဝင္လာေတာ့မွာျဖစ္ပါတယ္။

ကင္မရာပိုင္းမွာေတာ့ ညဘက္ ဓာတ္ပုံ႐ိုက္ကူးရာမွာ ပိုမိုေကာင္းမြန္လာမွာျဖစ္ၿပီး၊ ေရွ႕ဘက္ ကင္မရာနဲ႔မွာ Night Mode ႐ိုက္ကူးႏိုင္မွာပါ။ဒါ့အျပင္ ျမင္ကြင္းက်ယ္႐ိုက္ကူးမႈ၊ အနီးဆြဲကပ္႐ိုက္ကူးမႈေတြကိုလည္း ပိုမိုအဆင္ျမႇင့္တင္လာခဲ့တာကို ျမင္ေတြ႕ရပါတယ္။ဗီဒီယို႐ိုက္ကူးရာမွာ HDR Video ေတြကို ႐ိုက္ကူးႏိုင္မွာျဖစ္ၿပီး၊ Dolby Vision HDR Video ကို ႐ိုက္ကူးႏိုင္မယ့္ ကမာၻ႔ပထမဆုံးစတ္ဖုန္း ျဖစ္လာခဲ့ၿပီျဖစ္ပါတယ္။

iPhone 12 နဲ႔ iPhone 12 Pro တို႔ကိုေတာ့ ေအာက္တိုဘာ ၂၃ ရက္မွာ စတင္ဝယ္ယူႏိုင္မွာျဖစ္ၿပီး၊ iPhone 12 mini နဲ႔ iPhone 12 Pro Max တို႔ကေတာ့ ႏိုဝင္ဘာ ၁၃ ရက္ေန႔မွသာ စတင္ဝယ္ယူႏိုင္မွာျဖစ္ပါတယ္။

Apple ရဲ႕ ထုတ္ကုန္သစ္ မိတ္ဆက္ပြဲမွာ iPhone 12 series အျပင္ HomePod Mini အမည္ရ စမတ္စပီကာကိုလည္း မိတ္ဆက္သြားခဲ့ၿပီး၊ HomePod Mini ကေန အသံမက္ေဆ့ေတြကို Apple ထုတ္ကုန္ေတြဆီ ေပးပို႔ႏိုင္မယ္လို႔ သိရပါတယ္။ဒါ့အျပင္ HomePod Mini ရဲ႕ Siri ဟာ အသံေတြကို ခြဲျခားမွတ္ယူႏိုင္စြမ္းရွိၿပီး၊ iPhone ေတြနဲ႔ ခ်ိတ္ဆက္အသုံးျပဳႏိုင္မယ္လို႔ သိရပါတယ္။ HomePod Mini ကိုေတာ့ ႏိုဝင္ဘာ ၁၆ ရက္ေန႔မွာ စတင္ဝယ္ယူႏိုင္မွာျဖစ္ပါတယ္။

Damien