【 နည်းပညာ 】 Apple မှ တရုတ်နိုင်ငံသို့ ထုတ်ကုန်ပစ္စည်း တင်ပို့မှုများ ကိုဗစ်လော့ခ်ဒေါင်းကြောင့် ပိုမိုကြန့်ကြာဖွယ်ရှိ

【 နည်းပညာ 】 Apple မှ တရုတ်နိုင်ငံသို့ ထုတ်ကုန်ပစ္စည်း တင်ပို့မှုများ ကိုဗစ်လော့ခ်ဒေါင်းကြောင့် ပိုမိုကြန့်ကြာဖွယ်ရှိ

Apple ကုမ္ပဏီမှ မကြာသေးမီက မိတ်ဆက်ခဲ့တဲ့ Mac Studio desktop ကွန်ပျူတာကို မှာယူသူများဟာ တရုတ်နိုင်ငံ စန်းကျန့်တွင် ကိုဗစ် ၁၉ နဲ့ပတ်သက်တဲ့ လော့ခ်ဒေါင်းချမှုကြောင့် တင်ပို့မယ့် ရက်စွဲကို ဂရုတစိုက်စောင့်ကြည့်သင့်ပြီး မျှော်လင့်ထားသည်ထက် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရဖွယ်ရှိနိုင်သည်ဟု Apple ဘက်က ကြေငြာထားပါတယ်။

တနင်္ဂနွေနေ့ မတ်လ ၁၃ ရက် ကြေညာချက်အရ စန်းကျန့်မြို့ကို လော့ခ်ဒေါင်းချခြင်းသည် မြို့သို့ တင်သွင်းမှုများနဲ့ မြို့အတွင်းရှိ ကုန်ထုတ်လုပ်မှုစက်ရုံများကို အနည်းဆုံ တစ်ပတ်ကြာပိတ်ထားရန် တွန်းအားပေးဖွယ်ရှိတယ်လို့ သိရပါတယ်။

Apple ရဲ့ မိတ်ဖက်ကုမ္ပဏီ Foxconn ကတော့ စန်းကျန့်ရှိ iPhone များ ထုတ်လုပ်ရာ sites အများအပြားကို ယာယီပိတ်ထားလိုက်ပြီဖြစ်ကြောင်း ကြေညာထားခဲ့ပြီးဖြစ်ပါတယ်။

ပြီးခဲ့သော မတ်လ ၈ ရက်နေ့မှာ Apple ကုမ္ပဏီမှ Mac Studio ကွန်ပျူတာ ထုတ်ကုန်သစ်ကို မိတ်ဆက်ခဲ့ပါတယ်။အဆိုပါကွန်ပျူတာကို M1 Max နဲ့ ပိုမိုအားကောင်းတဲ့ M1 Ultra တို့နဲ့ မောင်းနှင်ထားတာဖြစ်ပါတယ်။

စန်းကျန့်မြို့ လော့ခ်ဒေါင်းမပြုလုပ်မီကပင် Mac Studio ပို့ဆောင်မှုများဟာ နောက်ကျ‌ပြီးဖြစ်နေပါတယ်။လက်ရှိမှာ အခြေခံ Mac Studio M1 Max ကို ပို့ဆောင်ချိန် သုံးပတ်မှ လေးပတ်ကြား ပြသထားပြီး၊ M1 Ultra ကတော့ ခြောက်ပတ်မှ ခုနစ်ပတ်ကြား စောင့်ဆိုင်းရဖွယ်ရှိတယ်လို့ Apple Insider မှ ဖော်ပြထားပါတယ်။

စန်းကျန့်မြို့ရှိ ကိုဗစ်ဖြစ်ပွားမှုဟာ နေရာများစွာနဲ့ နှိုင်းယှဉ်ပါက နည်းပါးနေသေးသော်လည်း၊ တရုတ်နိုင်ငံရဲ့ Zero-Covid (ကို‌ဗစ် သုည) မူဝါဒကြောင့် တင်းကျပ်စွာ လော့ခ်ဒေါင်းချ ကိုင်တွယ်လျက်ရှိနေတာဖြစ်ပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာသော ထောက်ပံ့ရေးကွင်းဆက် ပြဿနာများဟာ နည်းပညာကဏ္ဍကို သက်ရောက်လျက်ရှိနေပြီဖြစ်ပါတယ်။

တရုတ်နိုင်ငံမှ စန်းကျန့်မြို့ကဲ့သို့ အရေးကြီး အချက်အချာကျသော နေရာအား လော့ခ်ဒေါင်းချလိုက်ခြင်းဟာ လာမည့်ရက်သတ္တပတ်များအတွင်း ပြဿနာများ ပိုမိုဖြစ်ပေါ်လာဖွယ်ရှိနေပါတယ်။

Damien
Ref - digitaltrends
မတ် - ၁၄