【 နည်းပညာ 】 Adobe ကုမ္ပဏီမှ ဝန်ထမ်းများကို ‌ကိုဗစ်ကာကွယ်ဆေးထိုးရန် ညွှန်ကြား

【 နည်းပညာ 】 Adobe ကုမ္ပဏီမှ ဝန်ထမ်းများကို ‌ကိုဗစ်ကာကွယ်ဆေးထိုးရန် ညွှန်ကြား

ကမ္ဘာကျော် ဆော့ဖ်ဝဲလ်ကုမ္ပဏီကြီးဖြစ်တဲ့ Adobe Inc. မှ ၎င်းရဲ့ အမေရိကန်နိုင်ငံသား ဝန်ထမ်းများကို ကိုဗစ်ကာကွယ်ဆေးထိုးရန် ညွှန်ကြားလိုက်ပါတယ်။
 
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ ဒီဇင်ဘာလအတွင်း ဝန်ထမ်းများအားလုံး ကိုဗစ်ကာကွယ်‌ဆေးထိုးပြီးရန် အမိန့်ကို အမေရိကန်ကုမ္ပဏီများက လိုက်နာရန် ကြိုးပမ်းမှုလည်းဖြစ်တယ်လို့ သိရပါတယ်။
 
အမေရိကန်အစိုးရဟာ ဝန်ထမ်းဦးရေ ၁၀၀ နှင့် အထက်ရှိသော စီးပွားရေးလုပ်ငန်းများအနေနဲ့ ဝန်ထမ်းများကို အနည်းဆုံး တစ်ပတ်လျှင် တစ်ကြိမ်စမ်းသပ်ရန် အမိန့်ထုတ်ပြန်ထားပါတယ်။မကြာတော့မယ့် အချိန်မှာလည်း နောက်ထပ် ကိုဗစ်ဆိုင်ရာ လမ်းညွှန်ချက်တွေကို အိမ်ဖြူတော်က ထပ်မံထုတ်ပြန်ပေးသွားမယ်လို့ ဆိုပါတယ်။
 
Photoshop နဲ့ Illustrator တို့လို ကမ္ဘာကျော် ဆော့ဖ်ဝဲလ်‌တွေကို ထုတ်လုပ်ခဲ့တဲ့ Adobe ကုမ္ပဏီကတော့ လွန်ခဲ့‌သော သောကြာနေ့က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး၊ ၎င်းရဲ့ အမေရိကန်ဝန်ထမ်း ၉၄ ရာခိုင်နှုန်းကို မကြာမီ ကိုဗစ်ကာကွယ်ဆေး အပြည့်အဝထိုးပေးနိုင်မည်လို့ ဖော်ပြထားပါတယ်။ဒါ့အပြင် ကာကွယ်ဆေးမထိုးရသေးသော ဝန်ထမ်းများအတွက်လည်း နေရာထိုင်ခင်း တောင်းဆိုမှုများကို ထည့်သွင်းစဉ်းစားပေးမယ်လို့လည်း ဆိုခဲ့ပါတယ်။
 
Adobe ကုမ္ပဏီကဲ့သို့ အခြားသော နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ ကွန်ပျူတာနဲ့ လက်ပ်တော့ကွန်ပျူတာတွေ ထုတ်လုပ်သူ IBM ကုမ္ပဏီမှလည်း ၎င်းရဲ့ ဝန်ထမ်းများကို ကာကွယ်ဆေးထိုးရန် ညွှန်ကြားခဲ့ပါတယ်။
 
Damien
အောက်တိုဘာ - ၂၄