【 နည်းပညာ 】 ၇၁ ဒေါ်လာတန် Mouse Pad ကို ကြေညာလိုက်တဲ့ Razer

【 နည်းပညာ 】 ၇၁ ဒေါ်လာတန် Mouse Pad ကို ကြေညာလိုက်တဲ့ Razer

ဂိမ်းကစားသူတွေအတွက် ဆက်စပ်ပစ္စည်းတွေထုတ်လုပ်တဲ့ ကုမ္ပဏီကြီး Razer မှ ကျွမ်းကျင်အဆင့် ဂိမ်းကစားသူတွေအတွက် Mouse Pad တစ်ခုကို ကြေညာလိုက်တယ်လို့ သိရပါတယ်။

အဆိုပါ ကွန်ပျူတာ Mouse တင်ရွှေ့အသုံးပြုရတဲ့ အသုံးအဆောင်ပစ္စည်းကို Razer Acari Gaming Mouse Pad လို့ အမည်ပေးထားကြောင်း Razer မှ ဆိုပါတယ်။

Razer ကုမ္ပဏီဘက်မှ Acari Gaming Mouse Pad ကို Mouse တင် အသုံးပြုရာမှာ မြန်နှုန်းပိုင်းနဲ့ အထိအတွေ့ညက်ညောမှု အပိုင်းတွေကို ဂရုစိုက်ထားတယ်လို့ ဆိုပါတယ်။သာမန် ကျနော်တို့အသုံးပြုနေကြ Mouse Pad တွေထက် အရွယ်အစားမှာ ပိုကြီးမားတဲ့အတွက် ပိုမိုလွတ်လပ်စွာ လှုပ်ရှားဂိမ်းကစားနိုင်မှာလည်းဖြစ်ပါတယ်။သာမန် Mouse Pad တွေထက် ထူးကဲသာလွန်တဲ့ ချောမွေ့မှုနဲ့ ထိတွေ့လှုပ်ရှားမြန်ဆန်မှုတွေကို ခံစားရမယ်လို့လည်း Razer မှ ဆိုထားပါသေးတယ်။

Razer Acari Gaming Mouse Pad ကို အလွှာလေးခုနဲ့ ဖန်တီးထုတ်လုပ်ထားပြီး  အလယ်မှာ ပိုလီကာဗွန်နိုက်နဲ့ ရော်ဘာဘုလုံးလေးတွေ ပါဝင်မှာပါ။ Mouse Pad ရဲ့ မျက်နှာပြင်ကို လိုင်းစင်းလေးတွေနဲ့ ပြုလုပ်ပေးထားတာကလည်း ဒီဇိုင်းလှပပြီး၊ Mouse ကို ကိုယ်သွားလိုရာပစ်မှတ်ကို တိတိကျကျအသုံးပြုနိုင်မှာဖြစ်ပါတယ်။ Mouse Pad ရဲ့ အရွယ်အစားဟာ ၄၂၀x၃၂၀ မီလီမီတာရှိပြီး၊ အထူကတော့ ၁.၇၅ မီလီမီတာရှိမယ်လို့ သိရပါတယ်။

Razer Acari Gaming Mouse Pad ကို ၇၁ ဒေါ်လာ သတ်မှတ်ထားပြီး မြန်မာငွေနဲ့ဆိုရင်တော့ တစ်သိန်းဝန်းကျင်ခန့် ကျသင့်မှာဖြစ်ပါတယ်။နေ့စဉ်အသုံးပြုနေကြ Mouse Pad တစ်ခုအနေနဲ့ဆိုရင်တော့ အလွန်တရာစျေးကြီးနေပေမယ့် ကျွမ်းကျင်အဆင့် ဂိမ်းသမားတွေကတော့ Razer Mouse Pad ကို အကြိုက်တွေ့မှာ အသေအချာပဲဖြစ်ပါတယ်။

Damien
( Zawgyi )
ဂိမ္းကစားသူေတြအတြက္ ဆက္စပ္ပစၥည္းေတြထုတ္လုပ္တဲ့ ကုမၸဏီႀကီး Razer မွ ကြၽမ္းက်င္အဆင့္ ဂိမ္းကစားသူေတြအတြက္ Mouse Pad တစ္ခုကို ေၾကညာလိုက္တယ္လို႔ သိရပါတယ္။

အဆိုပါ ကြန္ပ်ဴတာ Mouse တင္ေ႐ႊ႕အသုံးျပဳရတဲ့ အသုံးအေဆာင္ပစၥည္းကို Razer Acari Gaming Mouse Pad လို႔ အမည္ေပးထားေၾကာင္း Razer မွ ဆိုပါတယ္။

Razer ကုမၸဏီဘက္မွ Acari Gaming Mouse Pad ကို Mouse တင္ အသုံးျပဳရာမွာ ျမန္ႏႈန္းပိုင္းနဲ႔ အထိအေတြ႕ညက္ေညာမႈ အပိုင္းေတြကို ဂ႐ုစိုက္ထားတယ္လို႔ ဆိုပါတယ္။သာမန္ က်ေနာ္တို႔အသုံးျပဳေနၾက Mouse Pad ေတြထက္ အ႐ြယ္အစားမွာ ပိုႀကီးမားတဲ့အတြက္ ပိုမိုလြတ္လပ္စြာ လႈပ္ရွားဂိမ္းကစားႏိုင္မွာလည္းျဖစ္ပါတယ္။သာမန္ Mouse Pad ေတြထက္ ထူးကဲသာလြန္တဲ့ ေခ်ာေမြ႕မႈနဲ႔ ထိေတြ႕လႈပ္ရွားျမန္ဆန္မႈေတြကို ခံစားရမယ္လို႔လည္း Razer မွ ဆိုထားပါေသးတယ္။

Razer Acari Gaming Mouse Pad ကို အလႊာေလးခုနဲ႔ ဖန္တီးထုတ္လုပ္ထားၿပီး  အလယ္မွာ ပိုလီကာဗြန္ႏိုက္နဲ႔ ေရာ္ဘာဘုလုံးေလးေတြ ပါဝင္မွာပါ။ Mouse Pad ရဲ႕ မ်က္ႏွာျပင္ကို လိုင္းစင္းေလးေတြနဲ႔ ျပဳလုပ္ေပးထားတာကလည္း ဒီဇိုင္းလွပၿပီး၊ Mouse ကို ကိုယ္သြားလိုရာပစ္မွတ္ကို တိတိက်က်အသုံးျပဳႏိုင္မွာျဖစ္ပါတယ္။ Mouse Pad ရဲ႕ အ႐ြယ္အစားဟာ ၄၂၀x၃၂၀ မီလီမီတာရွိၿပီး၊ အထူကေတာ့ ၁.၇၅ မီလီမီတာရွိမယ္လို႔ သိရပါတယ္။

Razer Acari Gaming Mouse Pad ကို ၇၁ ေဒၚလာ သတ္မွတ္ထားၿပီး ျမန္မာေငြနဲ႔ဆိုရင္ေတာ့ တစ္သိန္းဝန္းက်င္ခန္႔ က်သင့္မွာျဖစ္ပါတယ္။ေန႔စဥ္အသုံးျပဳေနၾက Mouse Pad တစ္ခုအေနနဲ႔ဆိုရင္ေတာ့ အလြန္တရာေစ်းႀကီးေနေပမယ့္ ကြၽမ္းက်င္အဆင့္ ဂိမ္းသမားေတြကေတာ့ Razer Mouse Pad ကို အႀကိဳက္ေတြ႕မွာ အေသအခ်ာပဲျဖစ္ပါတယ္။

Damien