【 နည်းပညာ 】 ၂၀၂၁ ခုနှစ် နှစ်စပိုင်းမှာ မြင်တွေ့ရဖွယ်ရှိတဲ့ Samsung Galaxy S21

【 နည်းပညာ 】 ၂၀၂၁ ခုနှစ် နှစ်စပိုင်းမှာ မြင်တွေ့ရဖွယ်ရှိတဲ့ Samsung Galaxy S21

Samsung အနေနဲ့ Galaxy S20 series နဲ့ Galaxy Note 20 series တို့ကို ကမ္ဘာတဝန်း ရောင်းချထားတာတောင် မကြာသေးပါဘူး။

 
ယခုတော့ နောက်ထပ် S series စမတ်ဖုန်းသစ်ဖြစ်လာမယ့် Galaxy S21 သတင်းတွေကတော့ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။
 
Samsung Galaxy S21 ရဲ့ သတင်းတွေဟာ တရုတ်နိုင်ငံမှာ မှတ်ပုံ‌တင်ရာကနေ ထွက်ပေါ်လာတာဖြစ်ပြီး၊ 3C အဖွဲ့အစည်းမှာ မော်ဒယ်လ်နံပါတ် SM-G9910 နဲ့ မှတ်ပုံတင်ထားတာဖြစ်ပါတယ်။ Samsung Galaxy S20 ရဲ့ မော်ဒယ်လ်နံပါတ်ဟာ SM-G981X ဖြစ်တဲ့အတွက် ယခု မှတ်ပုံတင်ထားတဲ့ စမတ်ဖုန်းဟာ Galaxy S21 ဆိုတာ သေချာသလောက်ရှိနေပါပြီ။
 
အသစ်ထပ်မံထွက်ရှိမယ့် Galaxy S21 series မှာ ရှေ့ဘက် ကင်မရာကို မျက်နှာပြင်အောက်မှာ မြှုပ်နှံတပ်ဆင်လာမလားကတော့ စောင့်ကြည့်ရမယ့်ပုံပါပဲ။မျက်နှာပြင်အောက် ကင်မရာမြှုပ်နှံတပ်တင်ထားတဲ့ ကမ္ဘာ့ပထမဆုံးစမတ်ဖုန်းကို ZTE ကုမ္ပဏီမှ မိတ်ဆက်ခဲ့အပြီးမှာ ရေပန်းစားလာမယ့် အဆိုပါကင်မရာနည်းပညာကို Samsung ဘက်ကလည်း ကြိုးပမ်းလာဖွယ်ရှိနေပါတယ်။
 
Samsung ဘက်က ၎င်းရဲ့ S series စမတ်ဖုန်းကို ဖေဖော်ဝါရီလမှာ မိတ်ဆက်လေ့ရှိပြီး၊ မတ်လမှာ ရောင်းချလေ့ရှိပါတယ်။လတ်တလော ထွက်ပေါ်လာတဲ့ သတင်းတွေအရ တစ်လစောပြီးကြေညာမယ်ဆိုတဲ့အတွက် ဇန်နဝါရီလမှာ မိတ်ဆက်ပြီး ဖေ‌ဖော်ဝါရီလမှ ရောင်းချလာမလားကတော့ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။
 
Damien
 
( Zawgyi )
 
Samsung အေနနဲ႔ Galaxy S20 series နဲ႔ Galaxy Note 20 series တို႔ကို ကမာၻတဝန္း ေရာင္းခ်ထားတာေတာင္ မၾကာေသးပါဘူး။
 
ယခုေတာ့ ေနာက္ထပ္ S series စမတ္ဖုန္းသစ္ျဖစ္လာမယ့္ Galaxy S21 သတင္းေတြကေတာ့ က်ယ္က်ယ္ေလာင္ေလာင္ ထြက္ေပၚလာခဲ့ၿပီ ျဖစ္ပါတယ္။
 
Samsung Galaxy S21 ရဲ႕ သတင္းေတြဟာ တ႐ုတ္ႏိုင္ငံမွာ မွတ္ပုံ‌တင္ရာကေန ထြက္ေပၚလာတာျဖစ္ၿပီး၊ 3C အဖြဲ႕အစည္းမွာ ေမာ္ဒယ္လ္နံပါတ္ SM-G9910 နဲ႔ မွတ္ပုံတင္ထားတာျဖစ္ပါတယ္။ Samsung Galaxy S20 ရဲ႕ ေမာ္ဒယ္လ္နံပါတ္ဟာ SM-G981X ျဖစ္တဲ့အတြက္ ယခု မွတ္ပုံတင္ထားတဲ့ စမတ္ဖုန္းဟာ Galaxy S21 ဆိုတာ ေသခ်ာသေလာက္ရွိေနပါၿပီ။
 
အသစ္ထပ္မံထြက္ရွိမယ့္ Galaxy S21 series မွာ ေရွ႕ဘက္ ကင္မရာကို မ်က္ႏွာျပင္ေအာက္မွာ ျမႇဳပ္ႏွံတပ္ဆင္လာမလားကေတာ့ ေစာင့္ၾကည့္ရမယ့္ပုံပါပဲ။မ်က္ႏွာျပင္ေအာက္ ကင္မရာျမႇဳပ္ႏွံတပ္တင္ထားတဲ့ ကမာၻ႔ပထမဆုံးစမတ္ဖုန္းကို ZTE ကုမၸဏီမွ မိတ္ဆက္ခဲ့အၿပီးမွာ ေရပန္းစားလာမယ့္ အဆိုပါကင္မရာနည္းပညာကို Samsung ဘက္ကလည္း ႀကိဳးပမ္းလာဖြယ္ရွိေနပါတယ္။
 
Samsung ဘက္က ၎ရဲ႕ S series စမတ္ဖုန္းကို ေဖေဖာ္ဝါရီလမွာ မိတ္ဆက္ေလ့ရွိၿပီး၊ မတ္လမွာ ေရာင္းခ်ေလ့ရွိပါတယ္။လတ္တေလာ ထြက္ေပၚလာတဲ့ သတင္းေတြအရ တစ္လေစာၿပီးေၾကညာမယ္ဆိုတဲ့အတြက္ ဇန္နဝါရီလမွာ မိတ္ဆက္ၿပီး ေဖ‌ေဖာ္ဝါရီလမွ ေရာင္းခ်လာမလားကေတာ့ ဆက္လက္ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။
 
Damien