【 နည်းပညာ 】 အိုဟိုင်းယိုးမှာ စက်ရုံအသစ်‌တွေ တည်ဆောက်သွားမယ့် Intel

【 နည်းပညာ 】 အိုဟိုင်းယိုးမှာ စက်ရုံအသစ်‌တွေ တည်ဆောက်သွားမယ့် Intel

ကမ္ဘာကျော် chips ပြားများ ထုတ်လုပ်သော ကုမ္ပဏီကြီးဖြစ်တဲ့ Intel မှ စက်ရုံသစ်များကို တည်ဆောက်သွားမယ်လို့ တရားဝင်‌ကြေညာခဲ့ပါတယ်။

အိုဟိုင်းယိုးပြည်နယ်မှာ တည်ဆောက်သွားမယ့် စက်ရုံတွေဟာ အနည်းဆုံး အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံ ကုန်ကျမှာဖြစ်ပြီး၊ chips များ ထုတ်လုပ်မှု တိုးမြှင့်ရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု Intel က ဆိုပါတယ်။

အိုဟိုင်းယိုးပြည်နယ် မြို့တော် ကိုလမ်ဘတ်စ်အနီးမှာ တည်ဆောက်သွားမယ့် ဆိုက်အသစ်မှာ စက်ရုံနှစ်ခုပါဝင်မှာဖြစ်ပြီး၊ လူ ၃,၀၀၀ ကို တိုက်ရိုက်အလုပ်ခန့်နိုင်မှာဖြစ်ကာ ရေတိုဆောက်လုပ်ရေး အလုပ်အကိုင် ၇,၀၀၀ ခန့်နှင့် အမြဲတမ်းရာထူး သောင်းချီကို ဖန်တီးပေးနိုင်မှာဖြစ်တယ်လို့ Intel မှ သောကြာနေ့က ပြောကြားခဲ့ပါတယ်။

လွန်ခဲ့သောနှစ်က Intel ရဲ့ စီအီးအိုဖြစ်လာခဲ့သူ ပက်ထရစ် ဂဲလ်ဆင်ဂျား (Patrick Gelsinger) ဟာ အမေရိကန်နိုင်ငံရဲ့ ပြည်ပ chips ထုတ်လုပ်သူတွေအပေါ် မှီခိုအားထားနေရမှုအား လျှော့ချနိုင်ရန်နှင့် ကွန်ဂရက်လွှတ်တော်ကို စည်းရုံးရန် ကုမ္ပဏီရဲ့ ထုတ်လုပ်မှုများတွင်  ရင်းနှီးမြှုပ်နှံမှုများကို လျင်မြန်စွာတိုးမြှင့်ခဲ့တာဖြစ်ပါတယ်။

CHIPS Act ဟု အမည်ရသော အသုံးစရိတိအစီအစဉ်ကိုသာ ကွန်ဂရက်က အတည်ပြုပါက Intel ကုမ္ပဏီအနေနဲ့ အိုဟိုင်းယိုးပြည်နယ်အတွင်း စက်ရုံရှစ်ခုအထိ တိုးမြှင့်ဆောက်လုပ်သွားရန်နှင့် ဆယ်စုနှစ်တစ်ခုအတွင်း ရင်းနှီးမြှုပ်နှံသွားရန် မျှော်လင့်ကြောင်း ဂဲလ်ဆင်ဂျား က ပြောကြားခဲ့ပါတယ်။

ကိုဗစ်ကပ်ရောဂါကာလအတွင်း ကမ္ဘာတစ်ဝန်း နည်းပညာပိုင်းနဲ့ပတ်သက်တဲ့ အရေးကြီးသော အစိတ်အပိုင်းများဟာ ပြတ်လပ်မှုကြောင့် ရုန်းကန်နေရတာဖြစ်ပါတယ်။

"တရုတ်နိုင်ငံဘက်ကလည်း ကမ္ဘာ့ဈေးကွက်ကို လွှမ်းမိုးနိုင်ဖို့ တတ်နိုင်သမျှ လုပ်နေတယ်" လို့ ဂဲလ်ဆင်ဂါး က ပြောပါတယ်။

အိုဟိုင်းယိုးမှ ပထမစက်ရုံနှစ်ခုကို ယခုနှစ်မှာ စတင်တည်ဆောက်သွားမှာဖြစ်ပြီး၊ ၂၀၂၅ ခုနှစ်မှာ ထုတ်လုပ်မှုများ စတင်နိုင်ရန် မျှော်မှန်းထားကြောင်း Intel က ဆိုပါတယ်။

Intel ကုမ္ပဏီမှ တည်ဆောက်သွားမယ့် ဆိုက်ဟာ ဧက ၁,၀၀၀ ကျော်ရှိပြီး၊ အိုဟိုင်းယိုးပြည်နယ် သမိုင်းမှာ အကြီးဆုံး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုပရောဂျက်ဖြစ်လာမယ်ဟု မျှော်လင့်ရပါတယ်။

Damien
ဇန်နဝါရီ - ၂၄