【 နည်းပညာ 】 အာကာသစခန်းအနီး အပျက်အဆီးအစိတ်အပိုင်းများကို နာဆာ စိုးရိမ်

【 နည်းပညာ 】 အာကာသစခန်းအနီး အပျက်အဆီးအစိတ်အပိုင်းများကို နာဆာ စိုးရိမ်

နာဆာအဖွဲ့မှ နိုင်ငံတကာအာကာသစခန်း (ISS) သို့ ဦးတည်သွားနေတဲ့ အာကာသအပျက်အဆီးအပိုင်းအစများရဲ့ ဖြစ်နိုင်ချေ အလားအလာများကို အကဲဖြတ်လျကိရှိပါတယ်။

နိုင်ငံတကာအာကာသစခန်းသို့ ဦးတည်သွားနေတဲ့ အပျက်အဆီးအပိုင်းအစတွေဟာ ဒုံးပျံယာဉ်ဟောင်း အပိုင်းအစများဖြစ်ပြီး ယနေ့တွင် နိုင်ငံတကာအာကာသစခန်းအနီးသို့ ရောက်ရှိနိုင်ကြောင်း အာကာသအေဂျင်စီမှ ပြောကြားခဲ့ပါတယ်။

အာကာသစခန်းတွင် တာဝန်ထမ်းဆောင်နေတဲ့ အမှုထမ်း ၇ ဦးမှာ မည်သည့်အန္တရာယ်မှ မကျရောက်နိုင်ဟု ယူဆရသော်လည်း အာကာသစခန်းအတွက် အန္တရာယ်ရှိသည်ဟု ယူဆရပါက နာဆာနဲ့ ၎င်းရဲ့ နိုင်ငံတကာလုပ်ဖော်ကိုင်ဖက်များက ဂြိုဟ်ပတ်လမ်းကြောင်းကို ယာယီချိန်ညှိရန်အတွက် အပျက်အဆီးများကို ရှောင်ရှားရန် လေ့ကျင့်မှုပြလုပ်မှာဖြစ်ကြောင်း နာဆာမှ ပြောကြားပါတယ်။

အာကာသအပျက်အဆီးအစိတ်အပိုင်းများဟာ ယနေ့ သောကြာနေ့မှာပဲ နိုင်ငံတကာအာကာသစခန်းအနီး ချည်းကပ်လာမှာဖြစ်ပြီး၊ လေ့ကျင့်မှုကို အပျက်အဆီးအစိတ်အပိုင်းများ နီးကပ်မလာမီ အချိန် ၂ နာခွဲခန့်စောပြီး လုပ်ဆောင်မှာဖြစ်ပါတယ်။

ယခုဖြစ်ရပ်ဟာ အာကာသတွင်း အပျက်အဆီးအစိတ်အပိုင်းများရဲ့ ပြဿနာကြီးထွားလာမှုကို မီးမောင်းထိုးပြလျက်‌ရှိနေပြီး၊ "Object 39915" ဟု အမည်ပေးထားတဲ့ အပျက်အဆီးအစိတ်အပိုင်းများဟာ ၁၉၉၄ ခုနှစ်တွင် အမေရိကန်မှ ပစ်လွှတ်ခဲ့သည် Pegasus ဒုံးပျံဟောင်းမှ ပေါ်ပေါက်လာတာဖြစ်ပြီး၊ ၎င်းဒုံးပျံယာဉ်ဟာ ပစ်လွှတ်ပြီး ၂ နှစ်အကြာမှာ အထက်အဆင့် ကွဲသွားခဲ့တာဖြစ်ပါတယ်။

ကမ္ဘာအနီးမှာရှိတဲ့ အာကာသအပျက်အဆီးများဟာ နိုင်ငံတကာအာကာသစခန်းကို အဆက်မပြတ် ခြိမ်းခြောက်လျက်ရှိနေပါတယ်။

လွန်ခဲ့သော ရက်သတ္တပတ်အနည်းငယ်ကလည်း တိမ်တိုက်သစ်တစ်ခုကို ရုတ်တရက်တွေ့ရှိမှုကြောင့် အာကာသစခန်းမှ အာကာသယာဉ်မှူးများကို ဆိုက်ကပ်ထားသော အာကာသယာဉ်တွင် ခိုလှုံရန် အမိန့်ပေးခဲ့ရပါသေးတယ်။

အာကာသထဲမှ အချို့သော အပျက်အဆီးအပိုင်းအစများဟာ ရုရှားရဲ့ ဒုံးကျည်စမ်းသပ်မှုကြောင့်လည်း ပေါ်ပေါက်ခဲ့တာဖြစ်ပြီး၊ ပေါက်ကွဲမှုကြောင့် အာကာသတွင်းမှာ အပျက်အဆီးအပိုင်းအစပေါင်း ၁,၅၀၀ ခန့် ဖြစ်ပေါ်ခဲ့ရတယ်လို့ သိရပါတယ်။

ကံကောင်းစွာနဲ့ပဲ နိုင်ငံတကာအာကာသစခန်းဟာ အဆိုပါဖြစ်ရပ်မှ ထိခိုက်မှုမရှိခဲ့ဘဲ အာကာသစခန်းနဲ့ ဝန်ထမ်းတွေမှာ အန္တရာယ်ရှိနေတယ်လို့ နိုင်ငံတကာမှ ရုရှားကို ဝေဖန်ပြစ်တင်ခဲ့ပါတယ်။

ကုမ္ပဏီအများအပြားဟာ အာကာတွင်း အပျက်အဆီးအပိုင်းအစများကို ရှင်းလင်းရန် နည်းလမ်းများ တီထွင်နေကြပေမယ့်လည်း လက်ရှိအချိန်မှာတော့ အကောင်အထည်ပေါ်လာခြင်းမရှိသေးပါဘူး။

Damien
ဒီဇင်ဘာ - ၃