【 နည်းပညာ 】 အမေရိကန် နိုင်ငံခြားရေးဝန်ထမ်းများရဲ့ iPhone များကို Spyware က ပစ်မှတ်ထားလာ

【 နည်းပညာ 】 အမေရိကန် နိုင်ငံခြားရေးဝန်ထမ်းများရဲ့ iPhone များကို Spyware က ပစ်မှတ်ထားလာ

အစ္စရေးရဲ့ NSO Group မှ အမေရိကန် နိုင်ငံခြားရေးဌာနမှ ဝန်ထမ်းများရဲ့ မိုဘိုင်းလ်ဖုန်းများကို ဖောက်ထွင်းတိုက်ခိုက်ရန် Spyware ကို အသုံးပြုခဲ့ကြောင်း ယင်းတိုက်ခိုက်မှုနဲ့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။

ဟက်ကာများဟာ ယူဂန်ဒါ အခြေစိုက် အရာရှိများနဲ့ အရှေ့အာဖရိကနိုင်ငံနှင့်ပတ်သက်သည့် ပြဿနာများကို အာရုံစိုက် ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး၊ သတင်းအချက်အလက်များကို လူသိရှင်ကြား ထုတ်ပြန်ခြင်းမရှိသေးကြောင်း အမည်မဖော်လိုသူများထံက သိရပါတယ်။ဖောက်ထွင်းတိုက်ခိုက်ခံရမှုမှာ သားကောင်ဖြစ်ခဲ့ရသူတွေကို iPhone ထုတ်လုပ်သော ကုမ္ပဏီကြီးဖြစ်တဲ့ Apple Inc က အကြောင်းကြားထားတယ်လို့ သိရပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာနမှ အနည်းဆုံး ဝန်ထမ်း ၉ ဦးထက်မနည်းဟာ ၎င်းတို့ရဲ့ iPhone များ ဖောက်ထွင်းခံခဲ့ရကြောင်း ရိုက်တာသတင်းဌာနမှ ဖော်ပြမှုအရ သိရပါတယ်။ရိုက်တာသတင်းဌာနသို့ အမည်မသိသူများက အစီရင်ခံတင်ပြခဲ့တာဖြစ်ပါတယ်။

နိုင်ငံခြားရေးဌာနအနေနဲ့ ၎င်းရဲ့ သတင်းအချက်အလက်များကို ကာကွယ်ရန်နှင့် ကမ္ဘာတစ်ဝှမ်းရှိ အခြားကြီးမားသောအဖွဲ့အစည်းများကဲ့သို့ ၎င်းရဲ့ လုံခြုံရေးကို စဉ်ဆက်မပြတ် အဆင့်မြှင့်တင်ရန် (Update လုပ်ရန်) တာဝန်ရှိတယ်လို့ အရာရှိတစ်ဦးမှ ပြောကြားခဲ့ပေမယ့်လည်း နိုင်ငံခြားရေးဌာနဘက်က ချက်ချင်းမှတ်ချက်ပေးတာမျိုး မရှိခဲ့ပါဘူး။

ကြေငြာချက်တစ်ခုအရတော့ NSO Group ဘက်က Spyware ကို တိုက်ခိုက်မှုတွင် အသုံးပြုခဲ့ကြောင်း ညွှန်ပြတဲ့ အချက်အလက် တစ်စုံတစ်ရာ မရှိသေးကြောင်း သိရပါတယ်။

နိုဝင်ဘာလမှာ အမေရိကန်က NSO Group ကို အမေရိကန်ကုမ္ပဏီများထံမှ တင်ပို့မှု လက်ခံခြင်းမပြုရမည့် တားမြစ်စာရင်းတွင် ထည့်သွင်းခဲ့ပါတယ်။လတ်တလော ဖောက်ထွင်းခံရတဲ့ iPhone ထုတ်လုပ်သူ Apple Inc မှလည်း ၎င်းရဲ့ ထုတ်ကုန်များနဲ့ ဝန်ဆောင်မှုများကို အသုံးပြုခြင်းမှ တားမြစ်ရန် ကြိုးပမ်းခဲ့ကာ NSO Group ကို တရားစွဲဆိုခဲ့ပါတယ်။

မကြာသေးမီ ရက်သတ္တပတ်များအတွင်းကတော့ နိုင်ငံခြားရေးဌာနမှ ဟက်ကာများရဲ့ ခြိမ်းခြောက်မှုကြောင့် စကားဝှက်များကို အက္ခရာ ၁၂ လုံးမှ ၁၆ လုံးအထိ အဆင့်မြှင့်တင်ရန် (Update လုပ်ရန်) လိုအပ်သည့် ဝန်ထမ်းများထံသို့ အီးမေးလ်တစ်စောင် ပေးပို့ခဲ့ပါတယ်။

Damien
ဒီဇင်ဘာ - ၆