【 နည်းပညာ 】 အမေရိကန်က အရောင်းစတိုးတွေကို ထပ်မံပိတ်ထားလိုက်တဲ့ Apple

【 နည်းပညာ 】 အမေရိကန်က အရောင်းစတိုးတွေကို ထပ်မံပိတ်ထားလိုက်တဲ့ Apple

အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ပိုမိုမြင့်မားလာတဲ့အတွက် နည်းပညာကုမ္ပဏီကြီး Apple ကတော့ အမေရိကန်က အရောင်းစတိုးတွေကို ထပ်မံပိတ်ထားလိုက်ပြီလို့ သိရပါတယ်။

iPhone ထုတ်လုပ်တဲ့ကုမ္ပဏီကြီး Apple မှ အမေရိကန်ရှိ အရောင်းစတိုး ၇၇ ဆိုင်၊ အ‌မေရိကန်နိုင်ငံတဝန်း ဆိုင်ပေါင်း ၂၅ ရာခိုင်နှုန်းခန့်ကို ပိတ်သိမ်းလိုက်လိုက်တယ်လို့ ဗုဒ္ဓဟူးနေ့ ကြေညာခဲ့တာလည်း ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်လှိုင်း ရိုက်ခတ်မှုပြင်းထန်နိုင်တဲ့ ပြည်နယ်တွေ အလာဘာမား၊ ကယ်လီဖိုးနီးယား၊ အိုင်ဒါဟို၊ လူဝီစီယားနား၊ နီဗားဒါးနဲ့ အိုကလာဟိုးမား ပြည်နယ်တွေရှိ စတိုးတွေကို ပိတ်သိမ်းလိုက်တာလည်း ဖြစ်ပါတယ်။ဒါ့အပြင် အရီဇိုးနား၊ ဖလော်ရုက်ဒါ၊ မစ္စစပီ၊ တောင်နှင့် မြောက် ကယ်ရိုလိုင်းနား၊ တက္ကဆက်နဲ့ အူတာ ပြည်နယ်တွေက စတိုးတွေကိုတော့ ကြိုတင်ပိတ်သိမ်းခဲ့ပြီးလည်း ဖြစ်တယ်လို့ Apple မှ ကြေညာခဲ့ပါတယ်။

Apple အနေနဲ့ အမေရိကန်နိုင်ငံတဝန်း အရောင်းစတိုးပေါင်း ၂၇၁ ဆိုင်ကို ဖွင့်လှစ်ထားတာဖြစ်ပြီး၊ မေလတုန်းကတော့ ပြန်လည်ဖွင့်မှုအစီအစဉ်နဲ့ လုပ်ငန်းတွေကို ပြန်လည်စတင်ခဲ့တာပါ။ဒါပေမယ့် လက်ရှိအချိန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ပြန်လည်မြင့်တက်လာခဲ့တာကြောင့် စတိုးတွေကို ပြန်လည်ပိတ်သိမ်းခဲ့ရတာလည်းဖြစ်တယ်လို့ သိရပါတယ်။

Damien

( Zawgyi )

အေမရိကန္ႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈ ပိုမိုျမင့္မားလာတဲ့အတြက္ နည္းပညာကုမၸဏီႀကီး Apple ကေတာ့ အေမရိကန္က အေရာင္းစတိုးေတြကို ထပ္မံပိတ္ထားလိုက္ၿပီလို႔ သိရပါတယ္။

iPhone ထုတ္လုပ္တဲ့ကုမၸဏီႀကီး Apple မွ အေမရိကန္ရွိ အေရာင္းစတိုး ၇၇ ဆိုင္၊ အ‌ေမရိကန္ႏိုင္ငံတဝန္း ဆိုင္ေပါင္း ၂၅ ရာခိုင္ႏႈန္းခန႔္ကို ပိတ္သိမ္းလိုက္လိုက္တယ္လို႔ ဗုဒၶဟူးေန႔ ေၾကညာခဲ့တာလည္း ျဖစ္ပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္လႈိင္း ႐ိုက္ခတ္မႈျပင္းထန္ႏိုင္တဲ့ ျပည္နယ္ေတြ အလာဘာမား၊ ကယ္လီဖိုးနီးယား၊ အိုင္ဒါဟို၊ လူဝီစီယားနား၊ နီဗားဒါးနဲ႔ အိုကလာဟိုးမား ျပည္နယ္ေတြရွိ စတိုးေတြကို ပိတ္သိမ္းလိုက္တာလည္း ျဖစ္ပါတယ္။ဒါ့အျပင္ အရီဇိုးနား၊ ဖေလာ္႐ုက္ဒါ၊ မစၥစပီ၊ ေတာင္ႏွင့္ ေျမာက္ ကယ္႐ိုလိုင္းနား၊ တကၠဆက္နဲ႔ အူတာ ျပည္နယ္ေတြက စတိုးေတြကိုေတာ့ ႀကိဳတင္ပိတ္သိမ္းခဲ့ၿပီးလည္း ျဖစ္တယ္လို႔ Apple မွ ေၾကညာခဲ့ပါတယ္။

Apple အေနနဲ႔ အေမရိကန္ႏိုင္ငံတဝန္း အေရာင္းစတိုးေပါင္း ၂၇၁ ဆိုင္ကို ဖြင့္လွစ္ထားတာျဖစ္ၿပီး၊ ေမလတုန္းကေတာ့ ျပန္လည္ဖြင့္မႈအစီအစဥ္နဲ႔ လုပ္ငန္းေတြကို ျပန္လည္စတင္ခဲ့တာပါ။ဒါေပမယ့္ လက္ရွိအခ်ိန္မွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈ ျပန္လည္ျမင့္တက္လာခဲ့တာေၾကာင့္ စတိုးေတြကို ျပန္လည္ပိတ္သိမ္းခဲ့ရတာလည္းျဖစ္တယ္လို႔ သိရပါတယ္။

Damien