【 နည်းပညာ 】 အပြိုင်အဆိုင်ထွက်လာမယ့် Asus နဲ့ Lenovo Gaming စမတ်ဖုန်းတွေ

【 နည်းပညာ 】 အပြိုင်အဆိုင်ထွက်လာမယ့် Asus နဲ့ Lenovo Gaming စမတ်ဖုန်းတွေ

ကမ္ဘာကျော် chips ထုတ်လုပ်တဲ့ကုမ္ပဏီကြီး Qualcomm ကနေ ဇူလိုင် ၈ ရက်က ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။

ထုတ်ပြန်ခဲ့တဲ့ကြေညာချက်ကတော့ အခြားမဟုတ်ပဲ ၎င်းအဆင့်မြှင့်တင်ထားတဲ့ Snapdragon 865+ chipset သစ်ကို စွမ်းဆောင်ရည်မြင့် Gaming စမတ်ဖုန်းနှစ်လုံးမှာ အသုံးပြုမောင်းနှင်ထားမယ် ဆိုပါတယ်။

ဇူလိုင်လအစောပိုင်းက Asus မှ ၎င်းရဲ့ ROG Phone 3 Gaming စမတ်ဖုန်းသစ်ကို ဇူလိုင် ၂၂ ရက်နေ့မှာ မိတ်ဆက်သွားတော့မယ်လို့ ကြေညာခဲ့ပါတယ်။ ROG Phone 3 မိတ်ဆက်ပွဲကို အွန်လိုင်းကနေသာ ကျင်းပသွားမှာဖြစ်ပြီး အိန္ဒိယနိုင်ငံမှာ မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။ Gaming စမတ်ဖုန်းသစ် မိတ်ဆက်ပွဲကို Asus India's YouTube channel ကနေ တိုက်ရိုက်ထုတ်လွှင့်ပေးသွားမှာဖြစ်ပြီး၊ Qualcomm ရဲ့ Snapdragon 865+ chipset သစ်နဲ့ မောင်းနှင်လာမယ်လို့ အတည်ပြုပေးထားပါသေးတယ်။
Asus ROG Phone 3 နဲ့ တစ်ရက်တည်း အပြိုင်မိတ်ဆက်လာမှာကတော့ Lenovo ရဲ့ Legion Gaming စမတ်ဖုန်းပါ။ Lenovo ကလည်း Laptop ကွန်ပျူတာတွေမှာ အောင်မြင်ခဲ့တဲ့ Legion အမည်ရ Gaming အမှတ်တံဆိပ်ကို စမတ်ဖုန်းစျေးကွက်ဆီကို ယူဆောင်လာခဲ့ပါပြီ။၄င်းရဲ့ ပထမဆုံး Gaming စမတ်ဖုန်းကို ဇူလိုင် ၂၂ ရက်နေ့မှာ မိတ်ဆက်တော့မယ်လို့ ကြေညာခဲ့ပြီးလည်းဖြစ်ပါတယ်။ Asus ROG Phone 3 လိုပဲ Qualcomm ရဲ့ Snapdragon 865+ chipset သစ်နဲ့ မောင်းနှင်လာမယ်လို့လည်း ဆိုထားပါတယ်။

Asus ROG Phone 3 နဲ့ Lenovo Legion တို့မှာ 144Hz refresh rate မျက်နှာပြင်တွေ ပါဝင်လာမှာဖြစ်တဲ့အတွက် ထိတွေ့အသုံးပြုရာမှာ မြန်ဆန်သွက်လက်နေမှာပါ။ Gaming စမတ်ဖုန်းတွေဖြစ်တာနဲ့အညီ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းတွေအဖြစ် မြင်တွေ့ရမှာတော့ အသေအချာပါပဲ။

လာမယ့် ဇူလိုင် ၂၂ ရက်နေ့မှာ‌တော့ Asus ရဲ့ ROG နဲ့ Lenovo ရဲ့ Legion တို့ကတော့ ထိပ်တိုက်ဆုံတွေ့တော့မှာပါ။ဘယ်အမှတ်တံဆိပ်က သုံးစွဲသူတွေကို စိတ်ကျေနပ်မှုပေးနိုင်မလဲဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Damien
( Zawgyi )
ကမာၻေက်ာ္ chips ထုတ္လုပ္တဲ့ကုမၸဏီႀကီး Qualcomm ကေန ဇူလိုင္ ၈ ရက္က ေၾကညာခ်က္တစ္ခု ထုတ္ျပန္ခဲ့ပါတယ္။

ထုတ္ျပန္ခဲ့တဲ့ေၾကညာခ်က္ကေတာ့ အျခားမဟုတ္ပဲ ၎အဆင့္ျမႇင့္တင္ထားတဲ့ Snapdragon 865+ chipset သစ္ကို စြမ္းေဆာင္ရည္ျမင့္ Gaming စမတ္ဖုန္းႏွစ္လုံးမွာ အသုံးျပဳေမာင္းႏွင္ထားမယ္ ဆိုပါတယ္။

ဇူလိုင္လအေစာပိုင္းက Asus မွ ၎ရဲ႕ ROG Phone 3 Gaming စမတ္ဖုန္းသစ္ကို ဇူလိုင္ ၂၂ ရက္ေန႔မွာ မိတ္ဆက္သြားေတာ့မယ္လို႔ ေၾကညာခဲ့ပါတယ္။ ROG Phone 3 မိတ္ဆက္ပြဲကို အြန္လိုင္းကေနသာ က်င္းပသြားမွာျဖစ္ၿပီး အိႏၵိယႏိုင္ငံမွာ မိတ္ဆက္ေပးသြားမွာျဖစ္ပါတယ္။ Gaming စမတ္ဖုန္းသစ္ မိတ္ဆက္ပြဲကို Asus India's YouTube channel ကေန တိုက္႐ိုက္ထုတ္လႊင့္ေပးသြားမွာျဖစ္ၿပီး၊ Qualcomm ရဲ႕ Snapdragon 865+ chipset သစ္နဲ႔ ေမာင္းႏွင္လာမယ္လို႔ အတည္ျပဳေပးထားပါေသးတယ္။

Asus ROG Phone 3 နဲ႔ တစ္ရက္တည္း အၿပိဳင္မိတ္ဆက္လာမွာကေတာ့ Lenovo ရဲ႕ Legion Gaming စမတ္ဖုန္းပါ။ Lenovo ကလည္း Laptop ကြန္ပ်ဴတာေတြမွာ ေအာင္ျမင္ခဲ့တဲ့ Legion အမည္ရ Gaming အမွတ္တံဆိပ္ကို စမတ္ဖုန္းေစ်းကြက္ဆီကို ယူေဆာင္လာခဲ့ပါၿပီ။၄င္းရဲ႕ ပထမဆုံး Gaming စမတ္ဖုန္းကို ဇူလိုင္ ၂၂ ရက္ေန႔မွာ မိတ္ဆက္ေတာ့မယ္လို႔ ေၾကညာခဲ့ၿပီးလည္းျဖစ္ပါတယ္။ Asus ROG Phone 3 လိုပဲ Qualcomm ရဲ႕ Snapdragon 865+ chipset သစ္နဲ႔ ေမာင္းႏွင္လာမယ္လို႔လည္း ဆိုထားပါတယ္။

Asus ROG Phone 3 နဲ႔ Lenovo Legion တို႔မွာ 144Hz refresh rate မ်က္ႏွာျပင္ေတြ ပါဝင္လာမွာျဖစ္တဲ့အတြက္ ထိေတြ႕အသုံးျပဳရာမွာ ျမန္ဆန္သြက္လက္ေနမွာပါ။ Gaming စမတ္ဖုန္းေတြျဖစ္တာနဲ႔အညီ စြမ္းေဆာင္ရည္ျမင့္ စမတ္ဖုန္းေတြအျဖစ္ ျမင္ေတြ႕ရမွာေတာ့ အေသအခ်ာပါပဲ။

လာမယ့္ ဇူလိုင္ ၂၂ ရက္ေန႔မွာ‌ေတာ့ Asus ရဲ႕ ROG နဲ႔ Lenovo ရဲ႕ Legion တို႔ကေတာ့ ထိပ္တိုက္ဆုံေတြ႕ေတာ့မွာပါ။ဘယ္အမွတ္တံဆိပ္က သုံးစြဲသူေတြကို စိတ္ေက်နပ္မႈေပးႏိုင္မလဲဆိုတာကေတာ့ ဆက္လက္ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။

Damien