【 နည်းပညာ 】 အင်္ဂါဂြိုဟ်ရဲ့ ပုံရိပ်သစ်များကို တရုတ်မှ ထုတ်ဖော်ပြသ

【 နည်းပညာ 】 အင်္ဂါဂြိုဟ်ရဲ့ ပုံရိပ်သစ်များကို တရုတ်မှ ထုတ်ဖော်ပြသ

တရုတ်အမျိုးသားအာကာသစီမံခန့်ခွဲရေးအဖွဲ့ (CNSA) မှ ၎င်းတို့ရဲ့ Tianwen-1 ဂြိုဟ်တုမှ ဂြိုဟ်ပတ်လမ်းကြောင်းကနေ ရိုက်ကူးထားတဲ့ အင်္ဂါဂြိုဟ်ရဲ့ ပုံရိပ်သစ်ကို ဖော်ပြလိုက်ကြောင်း သိရပါတယ်။
 
Tianwen-1 ဂြိုဟ်တုရဲ့ အဓိကလုပ်ဆောင်မှုဟာ အာကာသတွင်းနှင့် အင်္ဂါဂြိုဟ်မှ ထူးဆန်းသော အချက်ပြမှုများကို ပြန်လည်ပေးပို့ရန် ဖြစ်သည့်အတွက် အင်္ဂါဂြိုဟ်ရဲ့ ဂြိုဟ်ပတ်လမ်းကြောင်းအတွင်း ဆက်လက်လည်ပတ်နေမှာဖြစ်ပါတယ်။
 
Tianwen-1 ဂြိုဟ်တုဟာ အင်္ဂါဂြိုဟ်ပေါ်မှာရှိတဲ့ Zhurong အာကာသယာဉ်ရဲ့ အချက်ပြမှုများကို တရုတ်အမျိုးသားအာကာသစီမံခန့်ခွဲရေးအဖွဲ့ (CNSA) သို့ ပေးပို့ပေးသွားမှာဖြစ်ပါတယ်။လက်ရှိအချိန်မှာ Zhurong အာကာသယာဉ်ဟာ အင်္ဂါဂြိုဟ်ရဲ့ မျက်နှာပြင်ပေါ်မှာ တည်ရှိနေပြီး၊ အမျိုးမျိုးသော မစ်ရှင်များရဲ့ လုပ်ငန်းတာဝန်များကို ထမ်းဆောင်လျက်ရှိနေတာဖြစ်ပါတယ်။အင်္ဂါဂြိုဟ်ရဲ့ မြေမျက်နှာသွင်ပြင်၊ ဘူမိဗေဒဆိုင်ရာ ဝိသေသလက္ခဏာများနဲ့ မြေဆီလွှာ၊ ရေခဲများ၊ လေထုဆိုင်ရာနဲ့ အနီးပတ်ဝန်းကျင် ရုပ်ပိုင်းဆိုင်ရာနယ်ပယ်များကို စစ်ဆေးသုတေသနပြုသွားမှာဖြစ်ပါတယ်။
 
Tianwen-1 ဂြိုဟ်တုမှ မြေပြင်ထိန်းချုပ်မှုသို့ အင်္ဂါဂြိုဟ်ရဲ့ ပုံရိပ် ၄ ခုကို ပို့ဆောင်ပေးခဲ့တာဖြစ်ပြီး၊ အဆိုပါ ပုံရိပ် ၄ ခုထဲမှ တစ်ပုံဟာ အင်္ဂါဂြိုဟ်ရဲ့ မျက်နှာပြင်မှာရှိတဲ့ Zhurong အာကာသယာဉ်က ရိုက်ကူးပေးထားတာဖြစ်ပါတယ်။
 
Tianwen-1 မစ်ရှင်ကို ၂၀၂၀ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့မှာ လွှတ်တင်ခဲ့တာဖြစ်ပြီး၊ ခုနစ်လအကြာမှာတော့ အင်္ဂါဂြိုဟ်ရဲ့ ဂြိုဟ်ပတ်လမ်းကြောင်းအတွင်း ရောက်ရှိခဲ့တာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် မေလမှာတော့ Zhurong အာကာသယာဉ်ဟာ အင်္ဂါဂြိုဟ်ရဲ့ မျက်နှာပြင်ပေါ်သို့ စတင်ခြေချခဲ့တာဖြစ်ပါတယ်။
 
Damien
ဇန်နဝါရီ - ၂