【 နည်းပညာ 】 သမုဒ္ဒရာများ ပူနွေးလာတာနဲ့အမျှ အန္တာတိကရေခဲပြင် အရည်ပျော်မှု အရှိန်မြင့်တက်လာ

【 နည်းပညာ 】 သမုဒ္ဒရာများ ပူနွေးလာတာနဲ့အမျှ အန္တာတိကရေခဲပြင် အရည်ပျော်မှု အရှိန်မြင့်တက်လာ

ဝါရှင်တန်၊ ဒီဇင်ဘာ - ၃
 
သမုဒ္ဒရာ ရေပြင်တွေ ပူနွေးလာမှုကြောင့် အန္တာတိကတိုက်အတွင်းက ရေခဲပြင်တစ်ခုဟာ မျှော်လင့်ထားတာထက် နှစ်ဆခန့် အရှိန်ပိုမြင့်ပြီး အရည်ပျော်လျက်ရှိတယ်လို့ သိပ္ပံပညာရှင်တွေ ဆိုပါတယ်။
 
Cadman လို့ အမည်ပေးထားတဲ့ ရေခဲပြင်ဟာ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ် နိုဝင်ဘာလကနေ ၂၀၂၁ ခုနှစ်အတွင်း ငါးမိုင်ခန့် အရည်ပျော်သွားခဲ့တယ်လို့ သုတေသနပြုချက်တွေအရ သိရပါတယ်။
 
လိဒ်စ်တက္ကသိုလ်မှ ရေခဲပြင်များဆိုင်ရာ ကျွမ်းကျင်ပညာရှင် ဘင်ဂျမင် ဝဲလ်လစ် ဦးဆောင်တဲ့ သိပ္ပံပညာရှင်အဖွဲ့ဟာ Cadman ရေခဲပြင်ကြီးကို ဂြိုဟ်တုတွေ အသုံးပြုပြီး ခြေရာခံစောင့်ကြည့်ခဲ့တာဖြစ်ပါတယ်။
 
လေ့လာစောင့်ကြည့်မှုအတွင်း Cadman ရေခဲပြင်ကြီးရဲ့ အနားစွန်းတွေဟာ သမုဒ္ဒရာ ရေပြင် ပူနွေးမှုကြောင့် ပါးလွှာပြီး အရည်ပျော်ကာ ပြိုကျခဲ့တာဖြစ်ပါတယ်။ ၁၃ လအတွင်းမှာပဲ ခန့်မှန်းထားတာက အရှိန်နှစ်ဆလောက်မြှင့်တင်ပြီး အရည်ပျော်နေတာဖြစ်တယ်လို့ လေ့လာမှုက ဆိုပါတယ်။
 
လူသားတွေရဲ့ အဆင်အခြင်မဲ့ လုပ်ရပ်တွေဟာ ကမ္ဘာကြီးရဲ့ ဂေဟစနစ်ကို ပြိုကျပျက်စီးစေခဲ့တာဖြစ်ပြီး၊ ဆိုးရွားတဲ့ အကျိုးဆက်တွေအနေနဲ့ ရာသီဥတု ဖောက်လွှဲဖောက်ပြန်မှုတွေကို ဖြစ်ပေါ်လာစေခဲ့ပါတယ်။
 
ရေခဲပြင်တွေ အများဆုံးတည်ရှိတဲ့ အန္တာတိကတိုက်မှာလည်း ရေခဲပြင်ဆုံးရှုံးမှုတွေဟာ ဆက်လက်မြင့်တက်လျက်ရှိနေပြီး၊ ၂၀၀၇ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အတွင်း ရေခဲပြင် ဆုံးရှုံးမှုဟာ ၁၉၉၂ ခုနှစ်ကနေ ၁၉၉၇ ခုနှစ်အထိ ရေခဲပြင် ဆုံးရှုံးမှုနဲ့ နှိုင်းယှဉ်ပါက ဆုံးရှုံးမှု ၄၀၀ ရာခိုင်နှုန်း ပိုများလာတယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။
 
Damien
Ref - upi