【 နည်းပညာ 】 လေလှိုင်းထဲကနေ စမတ်ဖုန်းကိုအားသွင်းပေးမယ့် Xiaomi Mi Air Charge

【 နည်းပညာ 】 လေလှိုင်းထဲကနေ စမတ်ဖုန်းကိုအားသွင်းပေးမယ့် Xiaomi Mi Air Charge

တရုတ်နည်းပညာကုမ္ပဏီကြီး Xiaomi ကတော့ ထူးထူးဆန်းဆန်း နည်းပညာတစ်ခုကို မိတ်ဆက်ပြလိုက်ပြန်ပါပြီ။

 
လေထဲက စမတ်ဖုန်းကို အားသွင်းပေးနိုင်မယ်လို့ဆိုတဲ့ Mi Air Charge နည်းပညာကို မိတ်ဆက်လိုက်တာလည်းဖြစ်ပါတယ်။
 
Mi Air Charge နည်းပညာမှာ Charging Pad ကို အခန်းထဲနဲ့ မိမိအလိုရှိရာနေရာမှာ ထားလိုက်တာနဲ့ အဆိုပါ Charging Pad အနီးတဝိုက်မှာ စမတ်ဖုန်းကို အားသွင်းနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ Remote Charging နည်းပညာလည်းဖြစ်ပြီး၊ 5W မြန်နှုန်းနဲ့ အားသွင်းပေးမှာဖြစ်တယ်လို့လည်း သိရပါတယ်။ Mi Air Charge ‌နည်းပညာနဲ့ လေလှိုင်းထဲကနေ စမတ်ဖုန်းကို အားသွင်းချင်တယ်ဆိုရင် လိုအပ်‌ချက်လေးတွေတော့ရှိပြီး၊ မိမိတို့ရဲ့ စမတ်ဖုန်းမှာ Beacon Antenna နဲ့ Antenna Array ပါဝင်ရမယ်လို့ ဆိုထားပါတယ်။စမတ်ဖုန်းတွေအပြင် ကြိုးမဲ့အားသွင်းစနစ်နည်းပညာ ပါဝင်တဲ့ စမတ်နာရီ၊ စမတ်လက်ပတ်နဲ့ အခြားသော စမတ်ပစ္စည်းတွေကိုလည်း အားသွင်းနိုင်မယ်လို့ သိရပါတယ်။
 
Xiaomi ကုမ္ပဏီအနေနဲ့ Mi Air Charge နည်းပညာကို ပိုမိုတည်ငြိမ်အောင် ဆောင်ရွက်နေဆဲလို့သာ ယုံကြည်ရပြီး မည်သည့်အချိန်ကာလမှာ ဈေးကွက်ထဲရောက်ရှိလာမလဲဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရဖွယ်ရှိနေပါတယ်။
 
Damien
 
( Zawgyi )
 
တ႐ုတ္နည္းပညာကုမၸဏီႀကီး Xiaomi ကေတာ့ ထူးထူးဆန္းဆန္း နည္းပညာတစ္ခုကို မိတ္ဆက္ျပလိုက္ျပန္ပါၿပီ။
 
ေလထဲက စမတ္ဖုန္းကို အားသြင္းေပးနိုင္မယ္လို႔ဆိုတဲ့ Mi Air Charge နည္းပညာကို မိတ္ဆက္လိုက္တာလည္းျဖစ္ပါတယ္။
 
Mi Air Charge နည္းပညာမွာ Charging Pad ကို အခန္းထဲနဲ႕ မိမိအလိုရွိရာေနရာမွာ ထားလိုက္တာနဲ႕ အဆိုပါ Charging Pad အနီးတဝိုက္မွာ စမတ္ဖုန္းကို အားသြင္းနိုင္မွာျဖစ္တယ္လို႔ သိရပါတယ္။ Remote Charging နည္းပညာလည္းျဖစ္ၿပီး၊ 5W ျမန္ႏႈန္းနဲ႕ အားသြင္းေပးမွာျဖစ္တယ္လို႔လည္း သိရပါတယ္။ Mi Air Charge ‌နည္းပညာနဲ႕ ေလလွိုင္းထဲကေန စမတ္ဖုန္းကို အားသြင္းခ်င္တယ္ဆိုရင္ လိုအပ္‌ခ်က္ေလးေတြေတာ့ရွိၿပီး၊ မိမိတို႔ရဲ႕ စမတ္ဖုန္းမွာ Beacon Antenna နဲ႕ Antenna Array ပါဝင္ရမယ္လို႔ ဆိုထားပါတယ္။စမတ္ဖုန္းေတြအျပင္ ႀကိဳးမဲ့အားသြင္းစနစ္နည္းပညာ ပါဝင္တဲ့ စမတ္နာရီ၊ စမတ္လက္ပတ္နဲ႕ အျခားေသာ စမတ္ပစၥည္းေတြကိုလည္း အားသြင္းနိုင္မယ္လို႔ သိရပါတယ္။
 
Xiaomi ကုမၸဏီအေနနဲ႕ Mi Air Charge နည္းပညာကို ပိုမိုတည္ၿငိမ္ေအာင္ ေဆာင္႐ြက္ေနဆဲလို႔သာ ယုံၾကည္ရၿပီး မည္သည့္အခ်ိန္ကာလမွာ ေဈးကြက္ထဲေရာက္ရွိလာမလဲဆိုတာကေတာ့ ဆက္လက္ေစာင့္ၾကည့္ရဖြယ္ရွိေနပါတယ္။
 
Damien