【 နည်းပညာ 】 လူသားဆန်တဲ့ စက်ရုပ်တွေကို ဖန်တီးသွားဖို့ တရုတ်ကြိုးပမ်းလျက်ရှိ

【 နည်းပညာ 】 လူသားဆန်တဲ့ စက်ရုပ်တွေကို ဖန်တီးသွားဖို့ တရုတ်ကြိုးပမ်းလျက်ရှိ

ပေကျင်း၊ နိုဝင်ဘာ - ၄

တရုတ်နိုင်ငံက လူသားဆန်တဲ့ စက်ရုပ်တွေကို ဖန်တီးသွားဖို့ ကြိုးပမ်းလျက်ရှိပါတယ်။

လူသားဆန်တဲ့ စက်ရုပ်တွေကို မကြာတော့မယ့် နှစ်အနည်းငယ်အတွင်း ၂၀၂၅ ခုနှစ်မှာ မိတ်ဆက်ပြသသွားဖို့ တရုတ်က ကြိုးပမ်းနေတာဖြစ်ပါတယ်။

တရုတ်နိုင်ငံက ဖန်တီးဖို့ ကြိုးပမ်းနေတဲ့ လူသားဆန်တဲ့ စက်ရုပ်တွေဟာ လူသားတစ်ယောက်ရဲ့ လှုပ်ရှားပြုမူ နေထိုင်ပုံတွေကို အခြေခံကာ ဒီဇိုင်းဆွဲထားမှာဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ်မှာ လူသားဆန်တဲ့ စက်ရုပ်တွေရဲ့ ရှေ့ပြေးပုံစံတွေကို မိတ်ဆက်ပြသသွားဖို့ တရုတ်က ရည်ရွယ်ထားတာဖြစ်သလို၊ နောက်ထပ် ၂ နှစ်အကြာ ၂၀၂၇ ခုနှစ်မှာတော့ တွေးခေါ်နိုင်စွမ်းနဲ့ သင်ယူနိုင်စွမ်းတွေကို လုပ်ဆောင်နိုင်တဲ့အထိ အဆင့်မြှင့်တင်သွားဖို့ မျှော်လင့်ထားတာလည်းဖြစ်ပါတယ်။

တရုတ်နိုင်ငံ စက်မှုနဲ့ သတင်းအချက်အလက်နည်းပညာ ဝန်ကြီးဌာနကတော့ ရည်ရွယ်ချက်ကြီးမားတဲ့ နည်းပညာရည်မှန်းချက်တွေ အောင်မြင်စေဖို့အတွက် စက်မှုလုပ်ငန်းဆိုင်ရာ စံချိန်စံညွှန်းအသစ်များ ချမှတ်ပြီး၊ စွမ်းရည်တွေကို မြှင့်တင်ကာ နည်းပညာလုပ်ငန်းတွေမှာ ကုမ္ပဏီအသစ်တွေကို ပံ့ပိုးပေးသွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စက်ရုပ်များဆိုင်ရာ နည်းပညာဖန်တီးမှုတွေမှာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားဖို့ တရုတ်နိုင်ငံဘက်က ကြိုးပမ်းသွားမှာဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

လက်ရှိ ကမ္ဘာ့အကြီးဆုံး အီလက်ထရွန်နစ်ပစ္စည်းတွေ ထုတ်လုပ်တဲ့ နိုင်ငံဖြစ်တဲ့အပြင်၊ နည်းပညာဆိုင်ရာ ကဏ္ဍအသီးသီးမှာလည်း ခေတ်ရှေ့ပြေးနေပြီဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ လူသားဆန်တဲ့ စက်ရုပ်တွေကို ဖန်တီးသွားဖို့ ရည်ရွယ်ချက်ဟာ မဝေးတော့တဲ့ နှစ်အနည်းငယ်အတွင်း ကမ္ဘာကြီးအတွက် နည်းပညာသစ်တစ်ခု ထိတွေ့ခွင့်ရဖို့ အခွင့်အရေးရှိလာတော့မှာဖြစ်ပါတယ်။

Damien
Ref - verdict