【 နည်းပညာ 】 လက်ပ်တော့ ကွန်ပျူတာသစ်ကို Xiaomi ထပ်မံမိတ်ဆက်

【 နည်းပညာ 】 လက်ပ်တော့ ကွန်ပျူတာသစ်ကို Xiaomi ထပ်မံမိတ်ဆက်

တရုတ်နည်းပညာကုမ္ပဏီကြီး Xiaomi ကတော့ လက်ပ်တော့ ကွန်ပျူတာသစ်ကို ထပ်မံမိတ်ဆက်လိုက်တယ်လို့ သိရပါတယ်။
 
Mi Notebook 14 လို့ အမည်ရတဲ့ လက်ပ်တော့ ကွန်ပျူတာသစ်ကို မိတ်ဆက်လိုက်တာဖြစ်ပြီး၊ ယခင် Mi Notebook တွေနဲ့ မတူပဲ နေအိမ်မှ အလုပ်လုပ်ရန်နဲ့ ပညာသင်ယူမှုတွေအတွက် ကင်မရာပါဝင်လာတာကို မြင်တွေ့ရပါတယ်။
 
Xiaomi ရဲ့ Mi Notebook 14 ဟာ ပေါ့ပေါ့ပါးပါး သယ်ယူအသုံးပြုရန်အတွက် ဒီဇိုင်းဆွဲထားတဲ့ပုံစံပါပဲ။အရမ်းမထူလွန်းမပါးလွန်း ကိုယ်ထည်နဲ့ ၁၄ လက်မ အရွယ်အစားရှိ မျက်နှာပြင်တို့ကြောင့် လုပ်ငန်းဆောင်တာတွေ ရောက်လေရာအရပ်မှာ အဆင်ပြေပြေ လုပ်ဆောင်နိုင်မှာပါ။
 
၎င်းလက်ပ်တော့ ကွန်ပျူတာရဲ့ အမည်အပြည့်အစုံကတော့ Mi Notebook 14 (IC) ဖြစ်ပြီး၊ ဗားရှင်းသုံးမျိုး ထွက်ရှိလာတာကိုလည်း မြင်တွေ့ရပါတယ်။ဈေးအသက်သာဆုံးဗားရှင်းကတော့ မမ်မိုရီ 8GB, သိမ်း‌ဆည်းနိုင်မှု 256GB နဲ့ Intel UHD Graphics 620 တို့ ပါဝင်ပါတယ်။ Intel Core i5 10th Gen CPU နဲ့ မောင်းနှင်ထားတာဖြစ်ပါတယ်။ 
 
‌ဈေးအနည်းငယ်ကြီးမြင့်တဲ့ ဗားရှင်းမှာတော့ သိမ်းဆည်းနိုင်မှု 512GB အထိ ပါဝင်လာပြီး၊ ‌‌ဈေးအကြီးဆုံးဗားရှင်းကတော့။သိမ်းဆည်းနိုင်မှု 512GB နှင့်အတူ Nvidia Geforce MX250 ဂရပ်ဖစ်ကဒ်ကို ထည့်သွင်းပေးထားပါတယ်။ 
 
Mi Notebook 14 ရဲ့ အလေးချိန်ကတော့ ၁.၅ ကီလိုဂရမ်ရှိပြီး၊ အထူကတော့ ၁၈ မီလီမီတာရှိပါတယ်။မျက်နှာပြင် ၁၄ လက်မအရွယ် 1080p resolution ဖြစ်ပြီး၊ USB သုံးပေါက်နဲ့ HDMI ၁ ပေါက်တို့ ထည့်သွင်းပါဝင်ပါသေးတယ်။
 
Mi Notebook 14 (IC) ကိုတော့ Xiaomi မှ အွန်လိုင်းကနေ စတင်ရောင်းချနေပြီလို့ သိရှိရပါတယ်။
 
Damien
 
( Zawgyi )
 
တ႐ုတ္နည္းပညာကုမၸဏီႀကီး Xiaomi ကေတာ့ လက္ပ္ေတာ့ ကြန္ပ်ဴတာသစ္ကို ထပ္မံမိတ္ဆက္လိုက္တယ္လို႔ သိရပါတယ္။
 
Mi Notebook 14 လို႔ အမည္ရတဲ့ လက္ပ္ေတာ့ ကြန္ပ်ဴတာသစ္ကို မိတ္ဆက္လိုက္တာျဖစ္ၿပီး၊ ယခင္ Mi Notebook ေတြနဲ႔ မတူပဲ ေနအိမ္မွ အလုပ္လုပ္ရန္နဲ႔ ပညာသင္ယူမႈေတြအတြက္ ကင္မရာပါဝင္လာတာကို ျမင္ေတြ႕ရပါတယ္။
 
Xiaomi ရဲ႕ Mi Notebook 14 ဟာ ေပါ့ေပါ့ပါးပါး သယ္ယူအသုံးျပဳရန္အတြက္ ဒီဇိုင္းဆြဲထားတဲ့ပုံစံပါပဲ။အရမ္းမထူလြန္းမပါးလြန္း ကိုယ္ထည္နဲ႔ ၁၄ လက္မ အ႐ြယ္အစားရွိ မ်က္ႏွာျပင္တို႔ေၾကာင့္ လုပ္ငန္းေဆာင္တာေတြ ေရာက္ေလရာအရပ္မွာ အဆင္ေျပေျပ လုပ္ေဆာင္ႏိုင္မွာပါ။
 
၎လက္ပ္ေတာ့ ကြန္ပ်ဴတာရဲ႕ အမည္အျပည့္အစုံကေတာ့ Mi Notebook 14 (IC) ျဖစ္ၿပီး၊ ဗားရွင္းသုံးမ်ိဳး ထြက္ရွိလာတာကိုလည္း ျမင္ေတြ႕ရပါတယ္။ေဈးအသက္သာဆုံးဗားရွင္းကေတာ့ မမ္မိုရီ 8GB, သိမ္း‌ဆည္းႏိုင္မႈ 256GB နဲ႔ Intel UHD Graphics 620 တို႔ ပါဝင္ပါတယ္။ Intel Core i5 10th Gen CPU နဲ႔ ေမာင္းႏွင္ထားတာျဖစ္ပါတယ္။ 
 
‌ေဈးအနည္းငယ္ႀကီးျမင့္တဲ့ ဗားရွင္းမွာေတာ့ သိမ္းဆည္းႏိုင္မႈ 512GB အထိ ပါဝင္လာၿပီး၊ ‌‌ေဈးအႀကီးဆုံးဗားရွင္းကေတာ့။သိမ္းဆည္းႏိုင္မႈ 512GB ႏွင့္အတူ Nvidia Geforce MX250 ဂရပ္ဖစ္ကဒ္ကို ထည့္သြင္းေပးထားပါတယ္။ 
 
Mi Notebook 14 ရဲ႕ အေလးခ်ိန္ကေတာ့ ၁.၅ ကီလိုဂရမ္ရွိၿပီး၊ အထူကေတာ့ ၁၈ မီလီမီတာရွိပါတယ္။မ်က္ႏွာျပင္ ၁၄ လက္မအ႐ြယ္ 1080p resolution ျဖစ္ၿပီး၊ USB သုံးေပါက္နဲ႔ HDMI ၁ ေပါက္တို႔ ထည့္သြင္းပါဝင္ပါေသးတယ္။
 
Mi Notebook 14 (IC) ကိုေတာ့ Xiaomi မွ အြန္လိုင္းကေန စတင္ေရာင္းခ်ေနၿပီလို႔ သိရွိရပါတယ္။
 
Damien