【 နည်းပညာ 】 ရောင်းအားကောင်းခဲ့တဲ့ Huawei ရဲ့ ကွေးညွတ်စမတ်ဖုန်း

【 နည်းပညာ 】 ရောင်းအားကောင်းခဲ့တဲ့ Huawei ရဲ့ ကွေးညွတ်စမတ်ဖုန်း

CES 2020 နည်းပညာပြပွဲမှာ Samsung ရဲ့ CEO မှ Samsung ရဲ့ ကွေးညွတ်စမတ်ဖုန်း Galaxy Fold ဟာ ရောင်းအားကောင်းခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒီစကားအပေါ် မဟာပြိုင်ဘက် Huawei ဘက်မှလည်း ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

Huawei နဲ့ Samsung တို့ဟာ ကွေးညွတ်စမတ်ဖုန်း နည်းပညာကို အပြိုင်အဆိုင် မိတ်ဆက်ခဲ့ကြတာ ဖြစ်ပါတယ်။၎င်းတို့ ထုတ်လုပ်ခဲ့တဲ့ Mate X နဲ့ Galaxy Fold ကွေးညွတ်စမတ်ဖုန်းတွေဟာ စိတ်၀င်စားမှု များပြားလျက်ရှိပြီး ရောင်းအားကောင်းလျက်ရှိတာကို မြင်တွေ့ရပါတယ်။ Huawei ဘက်မှ ၎င်းရဲ့ ကွေးညွတ်စမတ်ဖုန်း Mate X ဟာ ရောင်းအားကောင်းလျက်ရှိပြီး တစ်လအတွင်း အလုံးရေ တစ်သိန်းခန့် ရောင်းချခဲ့ရတယ် ဆိုပါတယ်။ Mate X ကွေးညွတ်ဖုန်းဟာ ကမ္ဘာအနှံ့တောင် မဖြန့်ချီသေးပဲ တရုတ်ပြည်တွင်း ရောင်းချနေရုံနဲ့တင် ရောင်းအားကောင်းလျက် ရှိနေတာပါ။ကမ္ဘာအနှံ့ ဖြန့်ချီခဲ့ရင်တော့ ဒီထက်ပိုပြီး ရောင်းအားတက်လာဖွယ် ရှိပါတယ်။

Huawei Mate X စမတ်ဖုန်းဟာ Huawei ရဲ့ ပထမဆုံး ကွေးညွတ်စမတ်ဖုန်းဖြစ်ပြီး ဈေးနှုန်းကတော့ မြန်မာငွေ ၃၆ သိန်းခန့် ကျသင့်မှာ ဖြစ်ပါတယ်။

Damien

( Zawgyi )





Damien