【 နည်းပညာ 】 ရုရှားသို့ တင်ပို့ရောင်းချမှု ဂျပန် Sony ကုမ္ပဏီရပ်ဆိုင်း

【 နည်းပညာ 】 ရုရှားသို့ တင်ပို့ရောင်းချမှု ဂျပန် Sony ကုမ္ပဏီရပ်ဆိုင်း

ယူကရိန်းနိုင်ငံသို့ ကျူးကျော်ပြီးနောက် ရုရှားနိုင်ငံမှ ၎င်းရဲ့ ထုတ်ကုန်များနဲ့ ဝန်ဆောင်မှုများကို ရုပ်သိမ်းကြောင်း နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Sony မှ ကြေညာခဲ့ပါတယ်။

ရုရှားဒေသများမှာ Gran Turismo 7 ရောင်းချမှုကို ရပ်ဆိုင်းရန် Sony မှ ဆုံးဖြတ်ပြီးနောက် မကြာမီမှာပဲ အဆိုပါလှုပ်ရှားမှု ပေါ်ထွက်လာခြင်းဖြစ်ပါတယ်။

"Sony Interactive Entertainment သည် ယူကရိန်းတွင် ငြိမ်းချမ်းရေးအတွက် တောင်းဆိုရာမှာ ကမ္ဘာ့အသိုင်းအဝိုင်းနဲ့ ပူးပေါင်းလိုက်ပါသည်" ဟု ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ဆော့ဖ်ဝဲလ်နဲ့ ဟာ့ဒ်ဝဲလ်များ တင်ပို့ရောင်းချမှု၊ Gran Turismo 7 မိတ်ဆက်ရောင်းချခြင်းနဲ့ ရုရှားနိုင်ငံရှိ Playstation Store ရဲ့ လုပ်ငန်းဆောင်ရွက်မှုအားလုံးကို Sony ကုမ္ပဏီဘက်က ရပ်ဆိုင်းလိုက်ခြင်းဖြစ်ပါတယ်။

ထို့အပြင် Sony ကုမ္ပဏီဘက်က စစ်ဘေးဒုက္ခသည်များကို ကူညီရန်အတွက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် နိုင်ငံတကာ NGO ဖြစ်သည့် Save the Children တို့ထံ ဒေါ်လာ ၂ သန်း လှူဒါန်းခြင်းဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပံ့ပိုးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အခြားနေရာများဖြစ်သည့် ရုရှားနှင့် ဘီလာရုစ်တွင်လည်း Sony မှ ဝယ်ယူရန် လုပ်ဆောင်နေသည့် Bungie မှ Destiny 2 အရောင်းကို ရပ်ဆိုင်းထားကြောင်း ကြေညာခဲ့ပါတယ်။အဆိုပါနေရာများရှိ Destiny 2 ကို ဝယ်ယူထားသူများမှာ ဆက်လက်ကစားနိုင်မည်ဖြစ်ပြီး၊ အခမဲ့ဂိမ်းကို ဒေါင်းလုဒ်ရယူနိုင်မှာဖြစ်သော်လည်း အကြောင်းအရာအသစ် သို့မဟုတ် Silver ကိုမူ ဝယ်ယူနိုင်မှာမဟုတ်တော့ပါဘူး။ Bungie ကုမ္ပဏီဘက်မှ ယူကရိန်းပြည်သူများကို ထောက်ခံကြောင်း ပြသရန်အတွက် ကစားသမားများအား အဝါရောင်၊ အပြာရောင် သင်္ကေတကို မိတ်ဆက်လျက်ရှိပါတယ်။

ရုရှားနိုင်ငံမှ ထုတ်ကုန်များနဲ့ ဝန်ဆောင်မှုများကို ရပ်တန့်လျက်ရှိသည့် ကုမ္ပဏီများစာရင်းဟာ တိုးလာလျက်ရှိနေပါတယ်။

နည်းပညာကုမ္ပဏီကြီးများဖြစ်ကြတဲ့ Microsoft, Activision Blizzard, Epic Games, Netflix, Mastercard, Visa, PayPal, EA, Amazon, CD Projekt Red, Ubisoft, Apple နဲ့ Take-Two တို့ဟာလည်း ရုရှားအပေါ် အရေးယူမှုများ ပြလုပ်ခဲ့ပါတယ်။ဒါ့အပြင် Nintendo ဘက်ကလည်း ၎င်းရဲ့ ငွေပေးချေမှုကို ရုရှားရဲ့ ရူဘယ်အသုံးပြုခြင်းအား ဆိုင်းငံ့ထားလျက်ရှိပါတယ်။

အင်တာနက် ဝန်ဆောင်မှုပေးသော Cogent သည် ရုရှားအခြေစိုက် သုံးစွဲသူများအား ၎င်း၏ ဝန်ဆောင်မှုကို ရပ်ဆိုင်းထားသည်ကိုလည်း မြင်တွေ့ခဲ့ရပြီး အခြားသော အင်တာနက် ဝန်ဆောင်မှုပေးသူ Lumen Technologies က ရုရှားတွင် ၎င်း၏ လုပ်ငန်းဆောင်ရွက်မှုများကို ရပ်တန့်လိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

Damien
Ref - techspot
မတ် - ၁၁