【 နည်းပညာ 】 မြန်ဆန်သွက်လက်တဲ့ ထိတွေ့မျက်နှာပြင်နဲ့ Redmi K30S ကို မိတ်ဆက်ပြီ

【 နည်းပညာ 】 မြန်ဆန်သွက်လက်တဲ့ ထိတွေ့မျက်နှာပြင်နဲ့ Redmi K30S ကို မိတ်ဆက်ပြီ

Redmi ပရိတ်သတ်တွေ မျှော်လင့်နေခဲ့ကြတဲ့ Redmi K30S ကတော့ တရားဝင်ထွက်ရှိလာခဲ့ပါပြီ။

သတင်းတွေပေါက်ကြားထားတဲ့အတိုင်းပဲ ထိတွေ့အသုံးပြုရာမှာ အမြန်ဆန်ဆုံးလို့ဆိုရမယ့် 144Hz refresh rate အရည်အသွေးရှိ LCD မျက်နှာပြင်နဲ့ ပွဲထွက်လာခဲ့တာလည်းဖြစ်ပါတယ်။

Redmi K30S အကြောင်းကိုတော့ အထူးအထွေ မိတ်ဆက်ပေးစရာလိုတော့မယ် မထင်ပါဘူး။ Redmi K30S စမတ်ဖုန်းသစ်ဟာ နိုင်ငံတကာကို Xiaomi မိတ်ဆက်ခဲ့တဲ့ Mi 10T စမတ်ဖုန်းကိုပဲ အမှတ်တံဆပ်ပြောင်းလဲကာ မိတ်ဆက်လာခဲ့တာလည်းဖြစ်သလို စွမ်းဆောင်ရည်နဲ့ ပါဝင်တဲ့ပစ္စည်းတွေဟာလည်း တူညီမှာဖြစ်ပါတယ်။

Redmi K30S စမတ်ဖုန်းကို Snapdragon 865 chipset နဲ့ မောင်းနှင်ပေးထားပြီး၊ 144Hz refresh rate ပါဝင်တဲ့ ပထမဆုံး Redmi ဖုန်း ဖြစ်လာခဲ့ပါတယ်။မျက်နှာပြင်ကို LCD ကိုသာ အသုံးပြုပေးထားတဲ့အတွက် လက်ဗွေအာရုံခံကိုတော့ စမတ်ဖုန်းဘေးဘောင်ထဲမှာပဲ တပ်ဆင်ထားလာတာကို မြင်တွေ့ရပါတယ်။မျက်နှာပြင်အရွယ်အစားက ၆.၆၇ လက်မရှိပြီး စမတ်ဖုန်းနဲ့ ဂိမ်းကစားတာပဲဖြစ်ဖြစ်၊ ရုပ်ရှင်ကြည့်တာပဲဖြစ်ဖြစ် မြင်ကွင်းကျယ်အရသာကို ခံစားနိုင်မှာဖြစ်ပါတယ်။ Mi 10T နဲ့ ကွဲပြားတာက မမ်မိုရီနဲ့ သိမ်းဆည်းနိုင်မှု ပေါင်းစပ်မှုဖြစ်ပြီး၊ Redmi K30S မှာ 8/128 GB နဲ့ 8/256 GB သာ ထွက်ရှိမှာဖြစ်ပါတယ်။

ကင်မရာပိုင်းမှာ 64MP အဓိက ကင်မရာကို အသုံးပြုပေးထားတဲ့အတွက် စမတ်ဖုန်းနဲ့ ဓာတ်ပုံတွေ ဗီဒီယိုတွေ ရိုက်ကူးသူတွေကတော့ အကြိုက်တွေ့ကြဦီးမှာပါ။ဒါ့အပြင် မြင်ကွင်းကျယ်ရိုက်ကူးရန် 13MP ultra-wide ကင်မရာနှင့်အတူ သေးငယ်တဲ့ အရာဝတ္ထုတွေကို အနီးကပ်ဆွဲကာ ရိုက်ကူးရန် 5MP macro shooter ကိုလည်း အားဖြည့်တပ်ဆင်ပေးထားပါသေးတယ်။

ဘက်ထရီပမာဏကတော့ ဂိမ်းကစားသူတွေ အကြိုက်တွေ့မှာဖြစ်ပြီး 5,000mAh ဘက်ထရီပမာဏကို 33W မြန်နှုန်းမြှင့်အားသွင်းစနစ်နဲ့ ပူးပေါင်းလိုက်တဲ့အခါမှာ ဂိမ်း‌ဆော့ရင်း ဘက်ထရီအားကုန်သွားမှာကို စိတ်ပူစရာမလိုတော့ပါဘူး။

Redmi K30S မှာ ငွေ‌ရောင်နဲ့ အမည်းရောင် အရောင်နှစ်မျိုး ထွက်ရှိမှာဖြစ်ပြီး၊ တရုတ်ပြည်တွင်း နိုဝင်ဘာ ၁၁ ရက်နေ့မှာ စတင်ရောင်းချသွားဖို့ ပြင်ဆင်ထားတယ်လို့လည်း သိရပါတယ်။

Damien

( Zawgyi )

Redmi ပရိတ္သတ္ေတြ ေမွ်ာ္လင့္ေနခဲ့ၾကတဲ့ Redmi K30S ကေတာ့ တရားဝင္ထြက္ရွိလာခဲ့ပါၿပီ။

သတင္းေတြေပါက္ၾကားထားတဲ့အတိုင္းပဲ ထိေတြ႕အသုံးျပဳရာမွာ အျမန္ဆန္ဆုံးလို႔ဆိုရမယ့္ 144Hz refresh rate အရည္အေသြးရွိ LCD မ်က္ႏွာျပင္နဲ႔ ပြဲထြက္လာခဲ့တာလည္းျဖစ္ပါတယ္။

Redmi K30S အေၾကာင္းကိုေတာ့ အထူးအေထြ မိတ္ဆက္ေပးစရာလိုေတာ့မယ္ မထင္ပါဘူး။ Redmi K30S စမတ္ဖုန္းသစ္ဟာ ႏိုင္ငံတကာကို Xiaomi မိတ္ဆက္ခဲ့တဲ့ Mi 10T စမတ္ဖုန္းကိုပဲ အမွတ္တံဆပ္ေျပာင္းလဲကာ မိတ္ဆက္လာခဲ့တာလည္းျဖစ္သလို စြမ္းေဆာင္ရည္နဲ႔ ပါဝင္တဲ့ပစၥည္းေတြဟာလည္း တူညီမွာျဖစ္ပါတယ္။

Redmi K30S စမတ္ဖုန္းကို Snapdragon 865 chipset နဲ႔ ေမာင္းႏွင္ေပးထားၿပီး၊ 144Hz refresh rate ပါဝင္တဲ့ ပထမဆုံး Redmi ဖုန္း ျဖစ္လာခဲ့ပါတယ္။မ်က္ႏွာျပင္ကို LCD ကိုသာ အသုံးျပဳေပးထားတဲ့အတြက္ လက္ေဗြအာ႐ုံခံကိုေတာ့ စမတ္ဖုန္းေဘးေဘာင္ထဲမွာပဲ တပ္ဆင္ထားလာတာကို ျမင္ေတြ႕ရပါတယ္။မ်က္ႏွာျပင္အ႐ြယ္အစားက ၆.၆၇ လက္မရွိၿပီး စမတ္ဖုန္းနဲ႔ ဂိမ္းကစားတာပဲျဖစ္ျဖစ္၊ ႐ုပ္ရွင္ၾကည့္တာပဲျဖစ္ျဖစ္ ျမင္ကြင္းက်ယ္အရသာကို ခံစားႏိုင္မွာျဖစ္ပါတယ္။ Mi 10T နဲ႔ ကြဲျပားတာက မမ္မိုရီနဲ႔ သိမ္းဆည္းႏိုင္မႈ ေပါင္းစပ္မႈျဖစ္ၿပီး၊ Redmi K30S မွာ 8/128 GB နဲ႔ 8/256 GB သာ ထြက္ရွိမွာျဖစ္ပါတယ္။

ကင္မရာပိုင္းမွာ 64MP အဓိက ကင္မရာကို အသုံးျပဳေပးထားတဲ့အတြက္ စမတ္ဖုန္းနဲ႔ ဓာတ္ပုံေတြ ဗီဒီယိုေတြ ႐ိုက္ကူးသူေတြကေတာ့ အႀကိဳက္ေတြ႕ၾကဦီးမွာပါ။ဒါ့အျပင္ ျမင္ကြင္းက်ယ္႐ိုက္ကူးရန္ 13MP ultra-wide ကင္မရာႏွင့္အတူ ေသးငယ္တဲ့ အရာဝတၳဳေတြကို အနီးကပ္ဆြဲကာ ႐ိုက္ကူးရန္ 5MP macro shooter ကိုလည္း အားျဖည့္တပ္ဆင္ေပးထားပါေသးတယ္။

ဘက္ထရီပမာဏကေတာ့ ဂိမ္းကစားသူေတြ အႀကိဳက္ေတြ႕မွာျဖစ္ၿပီး 5,000mAh ဘက္ထရီပမာဏကို 33W ျမန္ႏႈန္းျမႇင့္အားသြင္းစနစ္နဲ႔ ပူးေပါင္းလိုက္တဲ့အခါမွာ ဂိမ္း‌ေဆာ့ရင္း ဘက္ထရီအားကုန္သြားမွာကို စိတ္ပူစရာမလိုေတာ့ပါဘူး။

Redmi K30S မွာ ေငြ‌ေရာင္နဲ႔ အမည္းေရာင္ အေရာင္ႏွစ္မ်ိဳး ထြက္ရွိမွာျဖစ္ၿပီး၊ တ႐ုတ္ျပည္တြင္း ႏိုဝင္ဘာ ၁၁ ရက္ေန႔မွာ စတင္ေရာင္းခ်သြားဖို႔ ျပင္ဆင္ထားတယ္လို႔လည္း သိရပါတယ္။

Damien