【 နည်းပညာ 】 မိတ်ဆက်ပြီးပြီးချင်း ကင်မရာအကောင်းဆုံးနေရာကို သိမ်းပိုက်သွားတဲ့ Huawei Mate 40 series

【 နည်းပညာ 】 မိတ်ဆက်ပြီးပြီးချင်း ကင်မရာအကောင်းဆုံးနေရာကို သိမ်းပိုက်သွားတဲ့ Huawei Mate 40 series

တရုတ်နည်းပညာကုမ္ပဏီကြီး Huawei မှ ယမန်နေ့ကပဲ ၎င်းရဲ့ ထုတ်ကုန်သစ်တွေကို မိတ်ဆက်သွားခဲ့ပါပြီ။

Huawei မိတ်ဆက်သွားတဲ့ ထုတ်ကုန်သစ်တွေထဲမှာ ကြိုးမဲ့နားကြပ်၊ စမတ်မျက်မှန်၊ စမတ်နာရီနဲ့ Mate 40 series လို စမတ်ဖုန်းသစ်တွေ ပါဝင်တာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။

Huawei Mate 40 series ကတော့ ကမ္ဘာ့ပထမဆုံး၊ ကမ္ဘာ့ကင်မရာအကောင်းဆုံးဆိုတဲ့ ဂုဏ်ပုဒ်တွေနဲ့ ထွက်ပေါ်လာခဲ့ပါပြီ။ 5nm SoC နဲ့ မောင်းနှင်ပေးထားတဲ့ ကမ္ဘာ့ပထမဆုံး Android စမတ်ဖုန်း ဖြစ်လာခဲ့သလို မိတ်ဆက်ပြီးပြီးချင်းပဲ DXO Mark ကင်မရာစွမ်းဆောင်ရည် အကဲဖြတ်ဝဘ်ဆိုက်မှာ ထိပ်ဆုံးနေရာကို ရယူသွားနိုင်ခဲ့တာကိုလည်း မြင်တွေ့ရပါတယ်။

Huawei Mate 40 series ဟာ Mate 40, Mate 40 Pro, Mate 40 Pro+ နဲ့ Mate 40 RS ဆိုပြီး စမတ်ဖုန်းလေးမျိုး ထွက်ရှိလာတာပါ။ 90Hz refresh rate မျက်နှာပြင်ကို အသုံးပြုထားတဲ့အတွက် ထိတွေ့အသုံးပြုရာမှာ သွက်လက်မြန်ဆန်နေမှာ အသေအချာပါပဲ။စမတ်ဖုန်းလေးမျိုးလုံးရဲ့ မျက်နှာပြင်ကို ဘေးဘောင်နှစ်ဖက် ကွေးညွတ်ထားတဲ့ပုံစံ အသုံးပြုထားပါတယ်။

Huawei Mate 40 series မှာ ကင်မရာဒီဇိုင်းကို ဆန်းသစ်ထားတာ မြင်တွေ့ရပြီး၊ အဓိက ကင်မရာကိုလည်း 50MP အထိ မြှင့်တင်အသုံးပြုပေးထားတာကို မြင်တွေ့ရပါတယ်။ထုတ်ကုန်လေးမျိုးထဲမှာ Mate 40 Pro+ က ကင်မရာစွမ်းဆောင်ရည် အကောင်းဆုံးဖြစ်ပြီး၊ 50MP အဓိက ကင်မရာ၊ မြင်ကွင်းကျယ်ရိုက်ကူးရန် 20MP ultra-wide, အနီးကပ်ဆွဲကာ ရိုက်ကူးရန် 8MP periscope telephoto, 12MP 3x telephoto နဲ့ ToF ကင်မရာ စုစုပေါင်း ကင်မရာငါးလုံးအထိ တပ်ဆင်ပေးထားတာဖြစ်ပါတယ်။

Huawei Mate 40 series နောက်ထပ်အံ့အားသင့်စရာ နည်းပညာကတော့ မြန်နှုန်းမြှင့်အားသွင်းစနစ်ပဲဖြစ်ပြီး၊ ကြိုးမဲ့ဆို 50W နဲ့ ကြိုးနဲ့အားသွင်းမယ်ဆို 66W မြန်နှုန်း ဖြစ်ပါတယ်။

Huawei Mate 40 series ထဲ ဒီဇိုင်းဆန်းသစ်တဲ့ Mate 40 RS လည်း ပါဝင်ပြီး၊ အဆိုပါစမတ်ဖုန်းကို နာမည်ကျော် ဂျာမဏီအ‌ခြေစိုက် ပြိုင်ကားကုမ္ပဏီကြီး Porsche နဲ့ ပူးပေါင်းထုတ်လုပ်ထားတာဖြစ်ပါတယ်။ Mate 40 RS ဟာ Mate 40 Pro+ နဲ့ စွမ်းဆောင်ရည်တူညီမှာဖြစ်ပြီး မြန်မာငွေ ၃၅ သိန်းခန့် ကျသင့်မယ်လို့ သိရပါတယ်။

Damien

( Zawgyi )

တ႐ုတ္နည္းပညာကုမၸဏီႀကီး Huawei မွ ယမန္ေန႔ကပဲ ၎ရဲ႕ ထုတ္ကုန္သစ္ေတြကို မိတ္ဆက္သြားခဲ့ပါၿပီ။

Huawei မိတ္ဆက္သြားတဲ့ ထုတ္ကုန္သစ္ေတြထဲမွာ ႀကိဳးမဲ့နားၾကပ္၊ စမတ္မ်က္မွန္၊ စမတ္နာရီနဲ႔ Mate 40 series လို စမတ္ဖုန္းသစ္ေတြ ပါဝင္တာကိုလည္း ေတြ႕ျမင္ခဲ့ရပါတယ္။

Huawei Mate 40 series ကေတာ့ ကမာၻ႔ပထမဆုံး၊ ကမာၻ႔ကင္မရာအေကာင္းဆုံးဆိုတဲ့ ဂုဏ္ပုဒ္ေတြနဲ႔ ထြက္ေပၚလာခဲ့ပါၿပီ။ 5nm SoC နဲ႔ ေမာင္းႏွင္ေပးထားတဲ့ ကမာၻ႔ပထမဆုံး Android စမတ္ဖုန္း ျဖစ္လာခဲ့သလို မိတ္ဆက္ၿပီးၿပီးခ်င္းပဲ DXO Mark ကင္မရာစြမ္းေဆာင္ရည္ အကဲျဖတ္ဝဘ္ဆိုက္မွာ ထိပ္ဆုံးေနရာကို ရယူသြားႏိုင္ခဲ့တာကိုလည္း ျမင္ေတြ႕ရပါတယ္။

Huawei Mate 40 series ဟာ Mate 40, Mate 40 Pro, Mate 40 Pro+ နဲ႔ Mate 40 RS ဆိုၿပီး စမတ္ဖုန္းေလးမ်ိဳး ထြက္ရွိလာတာပါ။ 90Hz refresh rate မ်က္ႏွာျပင္ကို အသုံးျပဳထားတဲ့အတြက္ ထိေတြ႕အသုံးျပဳရာမွာ သြက္လက္ျမန္ဆန္ေနမွာ အေသအခ်ာပါပဲ။စမတ္ဖုန္းေလးမ်ိဳးလုံးရဲ႕ မ်က္ႏွာျပင္ကို ေဘးေဘာင္ႏွစ္ဖက္ ေကြးၫြတ္ထားတဲ့ပုံစံ အသုံးျပဳထားပါတယ္။

Huawei Mate 40 series မွာ ကင္မရာဒီဇိုင္းကို ဆန္းသစ္ထားတာ ျမင္ေတြ႕ရၿပီး၊ အဓိက ကင္မရာကိုလည္း 50MP အထိ ျမႇင့္တင္အသုံးျပဳေပးထားတာကို ျမင္ေတြ႕ရပါတယ္။ထုတ္ကုန္ေလးမ်ိဳးထဲမွာ Mate 40 Pro+ က ကင္မရာစြမ္းေဆာင္ရည္ အေကာင္းဆုံးျဖစ္ၿပီး၊ 50MP အဓိက ကင္မရာ၊ ျမင္ကြင္းက်ယ္႐ိုက္ကူးရန္ 20MP ultra-wide, အနီးကပ္ဆြဲကာ ႐ိုက္ကူးရန္ 8MP periscope telephoto, 12MP 3x telephoto နဲ႔ ToF ကင္မရာ စုစုေပါင္း ကင္မရာငါးလုံးအထိ တပ္ဆင္ေပးထားတာျဖစ္ပါတယ္။

Huawei Mate 40 series ေနာက္ထပ္အံ့အားသင့္စရာ နည္းပညာကေတာ့ ျမန္ႏႈန္းျမႇင့္အားသြင္းစနစ္ပဲျဖစ္ၿပီး၊ ႀကိဳးမဲ့ဆို 50W နဲ႔ ႀကိဳးနဲ႔အားသြင္းမယ္ဆို 66W ျမန္ႏႈန္း ျဖစ္ပါတယ္။

Huawei Mate 40 series ထဲ ဒီဇိုင္းဆန္းသစ္တဲ့ Mate 40 RS လည္း ပါဝင္ၿပီး၊ အဆိုပါစမတ္ဖုန္းကို နာမည္ေက်ာ္ ဂ်ာမဏီအ‌ေျခစိုက္ ၿပိဳင္ကားကုမၸဏီႀကီး Porsche နဲ႔ ပူးေပါင္းထုတ္လုပ္ထားတာျဖစ္ပါတယ္။ Mate 40 RS ဟာ Mate 40 Pro+ နဲ႔ စြမ္းေဆာင္ရည္တူညီမွာျဖစ္ၿပီး ျမန္မာေငြ ၃၅ သိန္းခန႔္ က်သင့္မယ္လို႔ သိရပါတယ္။

Damien