【 နည်းပညာ 】 ဖြုတ်နိုင် တပ်နိုင်တဲ့ ကင်မရာဒီဇိုင်းနဲ့ vivo Concept Phone

【 နည်းပညာ 】 ဖြုတ်နိုင် တပ်နိုင်တဲ့ ကင်မရာဒီဇိုင်းနဲ့ vivo Concept Phone

စမတ်ဖုန်းလောကမှာ ခေတ်စားနေတဲ့ တိုးတွက်လာတဲ့ ကင်မရာဒီဇိုင်း (Pop-up selfie camera) ကို vivo က စတင်ခဲ့တာပါ။

vivo မှ Nex အမည်ရ စမတ်ဖုန်းနဲ့အတူ တိုးတွက်လာတဲ့ ကင်မရာဒီဇိုင်းကို မိတ်ဆက်ခဲ့တာဖြစ်ပြီး၊ ယခုလည်း vivo မှ ကင်မရာနည်းပညာသစ်ကို ထပ်မံမိတ်ဆက်ပေးလိုက်ပြီလို့ သိရပါတယ်။

vivo ကုမ္ပဏီကတော့ ဆန်းသစ်‌တဲ့နည်းပညာတွေကို စမတ်ဖုန်းလောကဆီ အမြဲယူဆောင်လာပေးနေတယ်လို့ ဆိုရမှာပါ။ Nex စမတ်ဖုန်းနဲ့အတူ တိုးထွက်လာတဲ့ ကင်မရာဒီဇိုင်း၊ Nex 3 စမတ်ဖုန်းနဲ့အတူ Waterfall display လို့ အမည်ရတဲ့ ဘေးဘောင်မှာ ခလုတ်တွေမပါဝင်တဲ့ ကွေးညွတ်မျက်နှာပြင် ဒီဇိုင်းတွေကို ပထမဆုံး မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ယခုလည်း ဖြုတ်နိုင် တပ်နိုင်တဲ့ ကင်မရာဒီဇိုင်းနဲ့အတူ ကမ္ဘာကို ထပ်မံကိုင်လှုပ်လိုက်ပြန်ပါပြီ။

vivo Concept Phone မှ ပါဝင်မယ့် ကင်မရာဟာ တိုးထွက်လာတဲ့ ကင်မရာပါပဲ။ဒါပေမယ့် အလွယ်တကူ ဖြုတ်နိုင်၊ တပ်နိုင်မယ်လို့ ဆိုပါတယ်။ကင်မရာကို ဖြုတ်ထားမယ်ဆိုရင်လည်း ကင်မရာနဲ့ စမတ်ဖုန်းဟာ ကြိုးမဲ့ Wireless ချိတ်ဆက်နေမှာဖြစ်ပြီး၊ ကင်မရာကို ပြန်တပ်လိုက်ရင်လည်း ရှေ့ဘက် ကင်မရာ၊ နောက်ဘက် ကင်မရာတွေအဖြစ် အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

ယခု vivo မှ မိတ်ဆက်လိုက်တဲ့ စမတ်ဖုန်းဟာ Concept Phone သာ ဖြစ်ပြီး၊ ဈေးကွက်ထဲကို ရောက်ရှိလာဖွယ်တော့ မရှိသေးဘူး။ဒါပေမယ့် အပြိုင်အဆိုင်များတဲ့ စမတ်ဖုန်းလောကမှာ နည်းပညာတွေကို အပြိုင်အဆိုင် မပြတ်ဆန်းသစ်နေကြတဲ့အတွက် ဆက်လက်စောင့်ကြည့်ရမှာတော့ ဖြစ်ပါတယ်။

Damien

( Zawgyi )

စမတ္ဖုန္းေလာကမွာ ေခတ္စားေနတဲ့ တိုးတြက္လာတဲ့ ကင္မရာဒီဇိုင္း (Pop-up selfie camera) ကို vivo က စတင္ခဲ့တာပါ။

vivo မွ Nex အမည္ရ စမတ္ဖုန္းနဲ႔အတူ တိုးတြက္လာတဲ့ ကင္မရာဒီဇိုင္းကို မိတ္ဆက္ခဲ့တာျဖစ္ၿပီး၊ ယခုလည္း vivo မွ ကင္မရာနည္းပညာသစ္ကို ထပ္မံမိတ္ဆက္ေပးလိုက္ၿပီလို႔ သိရပါတယ္။

vivo ကုမၸဏီကေတာ့ ဆန္းသစ္‌တဲ့နည္းပညာေတြကို စမတ္ဖုန္းေလာကဆီ အၿမဲယူေဆာင္လာေပးေနတယ္လို႔ ဆိုရမွာပါ။ Nex စမတ္ဖုန္းနဲ႔အတူ တိုးထြက္လာတဲ့ ကင္မရာဒီဇိုင္း၊ Nex 3 စမတ္ဖုန္းနဲ႔အတူ Waterfall display လို႔ အမည္ရတဲ့ ေဘးေဘာင္မွာ ခလုတ္ေတြမပါဝင္တဲ့ ေကြးၫြတ္မ်က္ႏွာျပင္ ဒီဇိုင္းေတြကို ပထမဆုံး မိတ္ဆက္ေပးခဲ့တာျဖစ္ပါတယ္။ယခုလည္း ျဖဳတ္ႏိုင္ တပ္ႏိုင္တဲ့ ကင္မရာဒီဇိုင္းနဲ႔အတူ ကမာၻကို ထပ္မံကိုင္လႈပ္လိုက္ျပန္ပါၿပီ။

vivo Concept Phone မွ ပါဝင္မယ့္ ကင္မရာဟာ တိုးထြက္လာတဲ့ ကင္မရာပါပဲ။ဒါေပမယ့္ အလြယ္တကူ ျဖဳတ္ႏိုင္၊ တပ္ႏိုင္မယ္လို႔ ဆိုပါတယ္။ကင္မရာကို ျဖဳတ္ထားမယ္ဆိုရင္လည္း ကင္မရာနဲ႔ စမတ္ဖုန္းဟာ ႀကိဳးမဲ့ Wireless ခ်ိတ္ဆက္ေနမွာျဖစ္ၿပီး၊ ကင္မရာကို ျပန္တပ္လိုက္ရင္လည္း ေရွ႕ဘက္ ကင္မရာ၊ ေနာက္ဘက္ ကင္မရာေတြအျဖစ္ အသုံးျပဳႏိုင္မယ္လို႔ သိရပါတယ္။

ယခု vivo မွ မိတ္ဆက္လိုက္တဲ့ စမတ္ဖုန္းဟာ Concept Phone သာ ျဖစ္ၿပီး၊ ေဈးကြက္ထဲကို ေရာက္ရွိလာဖြယ္ေတာ့ မရွိေသးဘူး။ဒါေပမယ့္ အၿပိဳင္အဆိုင္မ်ားတဲ့ စမတ္ဖုန္းေလာကမွာ နည္းပညာေတြကို အၿပိဳင္အဆိုင္ မျပတ္ဆန္းသစ္ေနၾကတဲ့အတြက္ ဆက္လက္ေစာင့္ၾကည့္ရမွာေတာ့ ျဖစ္ပါတယ္။

Damien