【 နည်းပညာ 】 ပြင်သစ်မှ နည်းပညာကုမ္ပဏီကြီးနှစ်ခုကို ဒဏ်ရိုက်

【 နည်းပညာ 】 ပြင်သစ်မှ နည်းပညာကုမ္ပဏီကြီးနှစ်ခုကို ဒဏ်ရိုက်

ပြင်သစ်နိုင်ငံရဲ့ စည်းကမ်းထန်းသိမ်းရေးအဖွဲ့များက ကမ္ဘာကျော် နည်းပညာကုမ္ပဏီကြီးနှစ်ခုဖြစ်တဲ့ Google နဲ့ Facebook တို့ကို ပြင်သစ်ရဲ့ အချက်အလက်များကာကွယ်မှုအက်ဥပဒေအား လိုက်နာရန်ပျက်ကွက်မှုနဲ့ ဒဏ်ကြေးငွေ စုစုပေါင်း ယူရို သန်း ၂၁၀ ဒဏ်ရိုက်ခဲ့ပါတယ်။

Google နှင့် Facebook တို့တွင် အင်တာနက်အသုံးပြုသူများအ‌နေနဲ့ ကွတ်ကီး အချက်အလက်ဒေတာများကို လက်ခံရန်ထက် ငြင်းပယ်ရန် ပိုမိုခက်ခဲစေတဲ့ လုပ်ငန်းစဉ်ဟာ လွတ်လပ်မှုကို ထိခိုက်စေတဲ့အတွက် ဒဏ်ကြေးငွေ ချမှတ်ခြင်းဖြစ်တယ်လို့ ပြင်သစ်နိုင်ငံရဲ့ ကွန်ပျူတာနဲ့ လွတ်လပ်မှုဆိုင်ရာ အမျိုးသားကော်မရှင်က ပြောကြားခဲ့ပါတယ်။

ကွန်ပျူတာနဲ့ လွတ်လပ်မှုဆိုင်ရာ အမျိုးသားကော်မရှင်ရဲ့ အဆိုအရ "Google နဲ့ Facebook တို့ဟာ ကွတ်ကီးအချက်အလက်များကို လက်ခံနိုင်စေရန် ခလုတ်တစ်ချက်နှိပ်ရုံသာ လိုအပ်သော်လည်း အလွယ်တကူ ငြင်းဆန်ဖို့တော့ ခက်ခဲစေပါတယ်။အင်တာနက်အသုံးပြုသူများအနေနဲ့ ကွက်ကီး အချက်အလက်များကို ငြင်းပယ်ရန်အတွက်လည်း လွယ်ကူမယ့် နည်းလမ်းများစွာ လိုအပ်ပါတယ်" လို့ သိရပါတယ်။

အချက်အလက်ဒေတာများကို လက်ခံရန်ထက် ငြင်းပယ်မှုပိုမိုခက်ခဲခြင်းဟာ ပြင်သစ်ဒေတာကာကွယ်ရေးအက်ဥပဒေ ပုဒ်မ ၈၂ ကို ချိုးဖောက်ခြင်းဖြစ်ပြီး၊ Google အတွက် ယူရို သန်း ၁၅၀ နဲ့ Facebook အတွက် ယူရို သန်း ၆၀ ပေးဆောင်ရမည်ဟု ပြင်သစ် အေဂျင်စီဘက်က ကြေညာခဲ့ပါတယ်။ဒါ့အပြင် ပြင်သစ်နိုင်ငံတွင်း အင်တာနက်အသုံးပြုသူများအတွက် ရိုးရှင်းစွာ အချက်အလက်ဒေတာများ ငြင်းပယ်သည့် နည်းလမ်းကို ကျင့်သုံးရန် Google နဲ့ Facebook တို့ကို အမိန့်ပေးခဲ့ပါတယ်။

ကုမ္ပဏီနှစ်ခုလုံးနဲ့ပတ်သက်ပြီး တိုင်ကြားစာများစွာကို အင်တာနက်အသုံးပြုသူများထံမှ လက်ခံရရှိထားကြောင်းလည်း ကွန်ပျူတာနဲ့ လွတ်လပ်မှုဆိုင်ရာ အမျိုးသားကော်မရှင်မှ ပြောကြားခဲ့ပါသေးတယ်။

Damien
ဇန်နဝါရီ - ၇