【 နည်းပညာ 】 နိုဝင်ဘာလကုန်ပိုင်းမှသာ မိတ်ဆက်သွားနိုင်တဲ့ iPhone ထုတ်ကုန်သစ်များ

【 နည်းပညာ 】 နိုဝင်ဘာလကုန်ပိုင်းမှသာ မိတ်ဆက်သွားနိုင်တဲ့ iPhone ထုတ်ကုန်သစ်များ

Apple ချစ်သူတွေ စောင့်မျှော်နေကြတဲ့ iPhone 12 series ဟာ Covid-19 ကူးစက်ရောဂါကြောင့် ပုံမှန်မိတ်ဆက်နေကြအချိန်ထက် နှစ်လခန့်နောက်ကျပြီးမှာသာ မိတ်ဆက်သွားဖွယ်ရှိတယ်လို့ Cowen investment bank သတင်းအရ သိရပါတယ်။

အဆိုပါသတင်းအရ iPhone 12 series ကို ၂၀၂၀ ခုနှစ် နိုဝင်ဘာလ နောက်ဆုံးအပတ်မှသာ မိတ်ဆက်သွားဖွယ်ရှိတယ်လို့လည်း ယူဆရပါတယ်။

iPhone 12 series အကြောင်း သတင်းတွေအများအပြားထွက်ရှိခဲ့အပြီးမှာ နောက်ဆုံးသိရတဲ့ သတင်းတွေအရတော့ iPhone 12 series ကို မော်ဒယ်လ် ၄ မျိုးနဲ့ မြင်တွေ့ရဖွယ်ရှိပါတယ်။လတ်တလော စမတ်ဖုန်းစျေးကွက်ကြား ရေပန်းစားလာတဲ့ 5G ကွန်ယက်ကိုလည်း ထောက်ပံ့ပေးထားဖွယ်ရှိပြီး၊ မျက်နှာပြင်ပိုင်းကို OLED panel တွေ အသုံးပြုထားဖွယ်ရှိကာ ရှေ့ဘက်ကင်မရာတွေ၊ မျက်နှာသိမှတ် အာရုံခံကိရိယာတွေ ထည့်သွင်းပေးထားတဲ့ notch အကွက်ဟာလည်း ပိုမိုသေးငယ်လာဖွယ်ရှိတယ်လို့ သိရပါတယ်။မော်ဒယ်လ် ၄ မျိုးရဲ့ အရွယ်အစားတွေကလည်း တူညီဖွယ်မရှိပဲ ၅.၄ လက်မ၊ ၆.၁ လက်မနဲ့ ၆.၇ လက်မ အရွယ်အစားတွေ ဖြစ်နိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်လျက်ရှိပါတယ်။

Apple အနေနဲ့ iPhone 12 series ကို မိတ်ဆက်ရင်း A14 chipset အသစ်ကိုလဲ ထုတ်ပြသွားဖွယ်ရှိပြီး၊ မမ်မိုရီပမာဏတွေကတော့ စျေးသက်သာတဲ့ iPhone 12 မှာ 4GB နဲ့ Premium iPhone 12 မှာတော့ 6GB တို့ ပါဝင်လာနိုင်ပါတယ်။သိမ်းဆည်းနိုင်မှုကတော့ 64GB version ကို ထုတ်လုပ်သွားဖွယ်မရှိပဲ 128GB ကနေသာ အခြေခံထုတ်လုပ်သွားမှာပါ။

အတည်မပြုနိုင်သေးတဲ့ ဝမ်းသာစရာသတင်းကတော့ iPhone 12 series ဟာ iPhone 11 series ထက် ပိုမိုစျေးသက်သာလာမယ် ဆိုတာပါပဲ။ဝမ်းနည်းစရာကတော့ Apple မှ AirPods ကြိုးမဲ့နားကြပ်တွေ ပိုမိုရောင်းချရဖို့အတွက် iPhone 12 series ထုတ်ကုန်တွေမှာ ကြိုးနားကြပ်တွေ ထည့်သွင်းပေးမထားတော့ဘူးလို့ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်လျက်ရှိနေပါတယ်။

Damien
( Zawgyi )
Apple ခ်စ္သူေတြ ေစာင့္ေမွ်ာ္ေနၾကတဲ့ iPhone 12 series ဟာ Covid-19 ကူးစက္ေရာဂါေၾကာင့္ ပုံမွန္မိတ္ဆက္ေနၾကအခ်ိန္ထက္ ႏွစ္လခန္႔ေနာက္က်ၿပီးမွာသာ မိတ္ဆက္သြားဖြယ္ရွိတယ္လို႔ Cowen investment bank သတင္းအရ သိရပါတယ္။

အဆိုပါသတင္းအရ iPhone 12 series ကို ၂၀၂၀ ခုႏွစ္ ႏိုဝင္ဘာလ ေနာက္ဆုံးအပတ္မွသာ မိတ္ဆက္သြားဖြယ္ရွိတယ္လို႔လည္း ယူဆရပါတယ္။

iPhone 12 series အေၾကာင္း သတင္းေတြအမ်ားအျပားထြက္ရွိခဲ့အၿပီးမွာ ေနာက္ဆုံးသိရတဲ့ သတင္းေတြအရေတာ့ iPhone 12 series ကို ေမာ္ဒယ္လ္ ၄ မ်ိဳးနဲ႔ ျမင္ေတြ႕ရဖြယ္ရွိပါတယ္။လတ္တေလာ စမတ္ဖုန္းေစ်းကြက္ၾကား ေရပန္းစားလာတဲ့ 5G ကြန္ယက္ကိုလည္း ေထာက္ပံ့ေပးထားဖြယ္ရွိၿပီး၊ မ်က္ႏွာျပင္ပိုင္းကို OLED panel ေတြ အသုံးျပဳထားဖြယ္ရွိကာ ေရွ႕ဘက္ကင္မရာေတြ၊ မ်က္ႏွာသိမွတ္ အာ႐ုံခံကိရိယာေတြ ထည့္သြင္းေပးထားတဲ့ notch အကြက္ဟာလည္း ပိုမိုေသးငယ္လာဖြယ္ရွိတယ္လို႔ သိရပါတယ္။ေမာ္ဒယ္လ္ ၄ မ်ိဳးရဲ႕ အ႐ြယ္အစားေတြကလည္း တူညီဖြယ္မရွိပဲ ၅.၄ လက္မ၊ ၆.၁ လက္မနဲ႔ ၆.၇ လက္မ အ႐ြယ္အစားေတြ ျဖစ္ႏိုင္တယ္လို႔ သတင္းေတြ ထြက္ေပၚလ်က္ရွိပါတယ္။

Apple အေနနဲ႔ iPhone 12 series ကို မိတ္ဆက္ရင္း A14 chipset အသစ္ကိုလဲ ထုတ္ျပသြားဖြယ္ရွိၿပီး၊ မမ္မိုရီပမာဏေတြကေတာ့ ေစ်းသက္သာတဲ့ iPhone 12 မွာ 4GB နဲ႔ Premium iPhone 12 မွာေတာ့ 6GB တို႔ ပါဝင္လာႏိုင္ပါတယ္။သိမ္းဆည္းႏိုင္မႈကေတာ့ 64GB version ကို ထုတ္လုပ္သြားဖြယ္မရွိပဲ 128GB ကေနသာ အေျခခံထုတ္လုပ္သြားမွာပါ။

အတည္မျပဳႏိုင္ေသးတဲ့ ဝမ္းသာစရာသတင္းကေတာ့ iPhone 12 series ဟာ iPhone 11 series ထက္ ပိုမိုေစ်းသက္သာလာမယ္ ဆိုတာပါပဲ။ဝမ္းနည္းစရာကေတာ့ Apple မွ AirPods ႀကိဳးမဲ့နားၾကပ္ေတြ ပိုမိုေရာင္းခ်ရဖို႔အတြက္ iPhone 12 series ထုတ္ကုန္ေတြမွာ ႀကိဳးနားၾကပ္ေတြ ထည့္သြင္းေပးမထားေတာ့ဘူးလို႔ဆိုတဲ့ သတင္းေတြလည္း ထြက္ေပၚလ်က္ရွိေနပါတယ္။

Damien