【 နည်းပညာ 】 နိုင်ငံတကာအာကာသစခန်းသို့ SpaceX မှ ထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်မည်

【 နည်းပညာ 】 နိုင်ငံတကာအာကာသစခန်းသို့ SpaceX မှ ထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်မည်

ယခုလနှောင်းပိုင်းမှာ SpaceX မှ ထောက်ပံ့ရေးပစ္စည်းများနဲ့ သိပ္ပံစမ်းသပ်ရေးပစ္စည်းများကို Crew Dragon အာကာသဒုံးပျံယာဉ်နဲ့အတူ နိုင်ငံတကာအာကာသစခန်း (ISS) သို့ ပို့ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

နိုင်ငံတကာအာကာသစခန်းသို့ ပို့ဆောင်မည့် ထောက်ပံ့ရေးပစ္စည်းများထဲတွင် ဆေးဝါးများလည်း ပါဝင်မှာဖြစ်ပါတယ်။

နိုင်ငံတကာအာကာသစခန်းသို့ ယခုလနှောင်းပိုင်းတွင် ပို့ဆောင်သွားမယ့် ထောက်ပံ့ရေးပစ္စည်းများထဲမှာ (Bioprinting) လို့ အမည်ရတဲ့ သိပ္ပံကိရိယာ ပတ်တီးများ ပါဝင်မှာဖြစ်ပါတယ်။အဆိုပါပတ်တီးများကို လူနာရဲ့ ကိုယ်ပိုင်အရေပြားဆဲလ်များကို အသုံးပြုကာ ဒဏ်ရာကိုကုသခြင်းလုပ်ငန်းစဉ်ကို အရှိန်မြှင့်ရန်အတွက် အာကာသတွင်း စမ်းသပ်သွားမှာလည်းဖြစ်ပါတယ်။စမ်းသပ်မှုအတွင်း ထိရောက်မှုရှိကြောင်း သက်သေပြနိုင်ပါက အာကာသအတွင်း အရေပြားဒဏ်ရာများကို လျင်မြန်စွာ ကုသပေးနိုင်မှာဖြစ်ပြီး၊ ကမ္ဘာပေါ်ရှိ လူနာများတွင်လည်း အဆိုပါနည်းပညာနဲ့ ကုသပေးနိုင်မှာဖြစ်ပါတယ်။

ကင်ဆာဆေးများကိုလည်း အာကာသအတွင်းသို့ ပို့ဆောင်သွားမှာဖြစ်ပါတယ်။ဆေးဝါးကုမ္ပဏီ Merck ဟာ ဆေးခန်းတွင် သွေးကြောသွင်းခြင်းထက် ဆရာဝန်ရဲ့ ဆေးထိုးခြင်းမှတစ်ဆင့် ကင်ဆာကုသဆေးကို ပိုမိုတတ်နိုင်ပြီး အဆင်ပြေသောနည်းလမ်းနဲ့ ကုသနိုင်တဲ့ ပရိုတိန်းပုံဆောင်ခဲကြီးထားမှု လေ့လာခြင်းကို ဆောင်ရွက်မှာဖြစ်ပါတယ်။အာကာသယာဉ်မှူးများထံမှ သွေးနှင့် တံတွေး နမူနာများကိုလည်း လေ့လာမှာဖြစ်ပြီး၊ အာကာသယာဉ်မှူးများထံ ကူးစက်နိုင်သော အဏုဇီဝပိုးများရဲ့ အန္တရာယ်ကို ကောင်းစွာလေ့လာပြီး ထိရောက်တဲ့ တန်ပြန်တုံ့ပြန်မှုများကို လုပ်ဆောင်သွားမှာလည်းဖြစ်ပါတယ်။

အာကာသအတွင်း ဆွဲငင်အား နည်းပါးသောအခြေအနေများတွင် အပင်များကြီးထွားမှုကိုလည်း လေ့လာနိုင်ရန် အပင်များကိုလည်း ထည့်သွင်းလွှတ်တင်သွားမှာဖြစ်ပါတယ်။အပင်များကို လွှတ်တင်ခြင်းဟာ လနှင့် အင်္ဂါဂြိုဟ်တို့တွင် လူများနေထိုင်ဖို့အတွက် လူသားတို့အတွက် အသက်ကယ်ထောက်ပံ့မှုစနစ်နဲ့ အစားအစာအတွက် အထောက်အကူပေးနိုင်ဖို့ လေ့လာသွားမှာဖြစ်တယ်လို့ NASA က ပြောကြားခဲ့ပါတယ်။

အာကာသအတွင်း အဝတ်လျှော်ဖွပ်နိုင်ရန် "အာကာသအတွင်း အသုံးပြုနိုင်ရန် အပြည့်အဝပျက်စီးနိုင်‌တဲ့ ဆပ်ပြာတစ်မျိုး" ဖြစ်တဲ့ Tide Infinity အမည်ရ ဆပ်ပြာကိုလည်း ပို့ဆောင်စမ်းသပ်သွားမှာဖြစ်ပါတယ်။အာကာသယာဉ်မှူးဟာ သန့်ရှင်းသောအဝတ်များ ဝတ်ဆင်နိုင်ရန်နဲ့ အနံ့အသက်ဆိုးများကို ရှောင်ရှားနိုင်ရန်အတွက် ရည်ရွယ်ထားခြင်းလည်းဖြစ်ပါတယ်။

အာကာသအတွင်း ဆွဲငင်အားနည်းပါးသော အခြေအနေများနဲ့ အပူဒဏ်ခံနိုင်တဲ့ သတ္တုအစိတ်အပိုင်းများကို ထုတ်လုပ်ရန်အတွက် စက်ပစ္စည်းကိရိယာများကိုလည်း စမ်းသပ်သွားမှာဖြစ်ပါတယ်။

တက္ကသိုလ်ကျောင်းသားများဟာလည်း နိုင်ငံတကာအာကာသစခန်း (ISS) သို့ သိပ္ပံစမ်းသပ်မှုများ ပေးပို့ရန် အခွင့်အရေးရရှိခဲ့ပြီး၊ ကိုလံဘီယာ တက္ကသိုလ်မှ ပိုးသတ်ဆေးယဉ်ပါးမှုကို လေ့လာမည့် "microgravity" နဲ့ အိုင်ဒါဟိုတက္ကသိုလ်မှ ဘက်တီးရီးယားခံနိုင်ရည်ရှိသော ပစ္စည်းများရဲ့ အကျိုးသက်ရောက်မှုများကို ပို့ဆောင်လေ့လာသွားကြမှာဖြစ်ပါတယ်။

Damien
ဒီဇင်ဘာ - ၈