【 နည်းပညာ 】 နာဆာရဲ့ အာကာသအဝေးကြည့်မှန်ပြောင်း လွှတ်တင်မှု ဆက်လက်ရွှေ့ဆိုင်း

【 နည်းပညာ 】 နာဆာရဲ့ အာကာသအဝေးကြည့်မှန်ပြောင်း လွှတ်တင်မှု ဆက်လက်ရွှေ့ဆိုင်း

လာမည့် ရက်သတ္တပတ်အတွင်း လွှတ်တင်ရန် စီစဉ်ထားတဲ့ နာဆာရဲ့ အာကာသအဝေးကြည့်မှန်ပြောင်းဟာ ဒုံးပျံဆက်သွယ်ချိတ်ဆက်မှု ပြဿနာများကြောင့် နှောင့်နှေးနိုင်တယ်လို့ သိရပါတယ်။

James Webb လို့ အမည်ပေးထားတဲ့ အာကာသအဝေးကြည့်မှန်ပြောင်းကို အာကာသအတွင်းသို့ ဒီဇင်ဘာ ၂၄ ရက်ထက်စောပြီး လွှတ်တင်နိုင်ဖွယ်မရှိကြောင်းလည်း နာဆာမှ ဆိုပါတယ်။

နာဆာဘက်မှ ‌အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ တန်ဖိုးရှိ အာကာသအဝေးကြည့်မှန်ပြောင်းရဲ့ နှောင့်နှေးမှုကို အင်္ဂါနေ့မှာ ကြေညာခဲ့ပြီး၊ နောက်ထပ်အချက်အလက်များကိုလည်း ယခုသီတင်းပတ်နှောင်းပိုင်းတွင် ဖော်ပြပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

James Webb အာကာသအဝေးကြည့်မှန်ပြောင်းကို French Guinea ရှိ ဥရောပအာကာသအေဂျင်စီရဲ့ အာကာသစခန်းမှ လွှတ်တင်သွားဖို့ စီစဉ်ထားပြီး ဆက်သွယ်ရေးပြဿနာများကြောင့် ဒီဇင်ဘာ ၂၂ နေ့အထိ လွှတ်တင်မှုကို ဆိုင်းငံ့ထားလျက်ရှိပါတယ်။

ယခုလွှတ်တင်မယ့် James Webb အာကာသအဝေးကြည့်မှန်ပြောင်းဟာ Hubble အာကာသအဝေးကြည့်မှန်ပြောင်းနောက် အစားထိုးမယ့် အာကာသအဝေးကြည့်မှန်ပြောင်းအဖြစ် သတ်မှတ်ခံထားရပြီး လွှတ်တင်ရန် နှစ်များစွာနောက်ကျခဲ့ပြီးဖြစ်ပါတယ်။

လွန်ခဲ့သော နိုဝင်ဘာလတုန်းကလည်း James Webb အာကာသအဝေးကြည့်မှန်ပြောင်းဟာ မတော်တဆမှုဖြစ်ပွားပြီးနောက် ထိခိုက်မှုရှိ၊ မရှိကို ပြန်လည်စစ်ဆေးခဲ့ရပါသေးတယ်။

Damien
ဒီဇင်ဘာ - ၁၅