【 နည်းပညာ 】 နည်းပညာသစ်ကို အာကာသယာဉ်ပေါ် ထည့်သွင်းသွားမယ့် SapceX

【 နည်းပညာ 】 နည်းပညာသစ်ကို အာကာသယာဉ်ပေါ် ထည့်သွင်းသွားမယ့် SapceX

တနင်္ဂနွေနေ့ မနက်ပိုင်းက NASA အတွက် အာကာသယာဉ်သစ်ကို SpaceX မှ စမ်းသပ်ပစ်လွှတ်ခဲ့ပါတယ်။

အဆိုပါ စမ်းသပ်ပစ်လွှတ်မှုမှာ နည်းပညာသစ်ကိုလည်း အာကာသယာဉ်သစ်မှာ ထည့်သွင်းပြီး စမ်းသပ်သွားခဲ့တယ်လို့လည်း သိရပါတယ်။

SpaceX စမ်းသပ်သွားတဲ့ နည်းပညာကတော့ အခြားမဟုတ်ပါဘူး။အာကာသယာဉ်ကို ဒုံးကျည်နဲ့ ပစ်ခတ်ဖျက်ဆီးခံရတဲ့အခါ လွတ်မြောက်နိုင်မယ့် နည်းပညာကို စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။အဆိုပါ စမ်းသပ်ပစ်လွှတ်မှုမှာ SpaceX မှ ၎င်းရဲ့ Falcon 9 ဒုံးကျည်နဲ့ ဖျက်ဆီးမှုကိုလည်း ထည့်သွင်းစမ်းသပ်သွားခဲ့တာ မြင်တွေ့ရပါတယ်။

စမ်းသပ်ပစ်လွှတ်ခဲ့တဲ့ အာကာသယာဉ်သစ်ကတော့ Crew Dragon capsule ဖြစ်ပြီး၊ NASA ရဲ့ Commercial Crew program အတွက် ရည်ရွယ်ထားတာလို့လည်း သိရပါတယ်။ NASA ဘက်မှ Crew Dragon အာကာသယာဉ်သစ်ကို အသုံးမပြုသေးခင် အဆိုပါအာကာသယာဉ်ပေါ် လိုက်ပါမယ့် လူတွေအတွက် အရေးပေါ်အ‌ခြေအနေမှာ ဘေးကင်းနိုင်ပါ့မလားကို သိရှိလိုတဲ့ ရည်ရွယ်ချက်နဲ့ လွတ်‌ေမြာက်နိုင်မယ့် နည်းပညာသစ်ကို စမ်းသပ်ခဲ့တာလည်း ဖြစ်ပါတယ်။

တနင်္ဂနွေနေ့မှာတော့ Crew Dragon အာကာသယာဉ်သစ်ကို ပစ်လွတ်ခဲ့ပြီး ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့ရာမှာ Crew Dragon အနေနဲ့ လွတ်မြောက်ရေး နည်းပညာသစ်ကို အသုံးချသွားခဲ့ပြီး၊ စီစဉ်ထားတဲ့အတိုင်း အတ္တလန်တစ် သမုဒ္ဒရာထဲကို ထိုးဆင်းသွားခဲ့တယ်လို့ ဆိုပါတယ်။စမ်းသပ်ပစ်ခတ်မှုအတွင်း Falcon 9 ဒုံးကျည်တစ်ခုကို ဆုံးရှုံးခဲ့ရပြီး၊ ဖျက်ဆီးခံရတဲ့ Crew Dragon အာကာသယာဉ်သစ်ကတော့ ပစ်ခတ်ခံရမှုကနေ ခွဲထွက်သွားခဲ့တာကိုလည်း မြင်တွေ့ရတယ်လို့ ဆိုပါတယ်။စမ်းသပ်မှု အောင်မြင်သွားခဲ့ပါက နောက်ထပ်စမ်းသပ်မှုမှာတော့ Crew Dragon ပေါ်မှာ လူလိုက်ပါဖွယ် ရှိတယ်လို့လည်း သိရပါတယ်။

SpaceX ဘက်ကတော့ ပစ်ခတ်ခံရတဲ့ Crew Dragon ပေါ်မှ အချက်အလက်တွေကို ရယူပြီး လိုက်ပါမယ့် လူတွေအတွက် ဘေးကင်းမယ့် နည်းလမ်းတွေကို ထပ်မံရှာဖွေ စမ်းသပ်သွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။

Damien

( Zawgyi )

တနဂၤေႏြေန႔ မနက္ပိုင္းက NASA အတြ က္အာကာသယာဥ္သစ္ကို SpaceX မွ စမ္းသပ္ပစ္လႊတ္ခဲ့ပါတယ္။

အဆိုပါ စမ္းသပ္ပစ္လႊတ္မႈမွာ နည္းပညာသစ္ကိုလည္း အာကာသယာဥ္သစ္မွာ ထည့္သြင္းၿပီး စမ္းသပ္သြားခဲ့တယ္လို႔လည္း သိရပါတယ္။

SpaceX စမ္းသပ္သြားတဲ့ နည္းပညာကေတာ့ အျခားမဟုတ္ပါဘူး။အာကာသယာဥ္ကို ဒုံးက်ည္နဲ႔ ပစ္ခတ္ဖ်က္ဆီးခံရတဲ့အခါ လြတ္ေျမာက္ႏိုင္မယ့္ နည္းပညာကို စမ္းသပ္ခဲ့တာ ျဖစ္ပါတယ္။အဆိုပါ စမ္းသပ္ပစ္လႊတ္မႈမွာ SpaceX မွ ၎ရဲ႕ Falcon 9 ဒုံးက်ည္နဲ႔ ဖ်က္ဆီးမႈကိုလည္း ထည့္သြင္းစမ္းသပ္သြားခဲ့တာ ျမင္ေတြ႕ရပါတယ္။

စမ္းသပ္ပစ္လႊတ္ခဲ့တဲ့ အာကာသယာဥ္သစ္ကေတာ့ Crew Dragon capsule ျဖစ္ၿပီး၊ NASA ရဲ႕ Commercial Crew program အတြက္ ရည္႐ြယ္ထားတာလို႔လည္း သိရပါတယ္။ NASA ဘက္မွ Crew Dragon အာကာသယာဥ္သစ္ကို အသုံးမျပဳေသးခင္ အဆိုပါအာကာသယာဥ္ေပၚ လိုက္ပါမယ့္ လူေတြအတြက္ အေရးေပၚအ‌ေျခအေနမွာ ေဘးကင္းႏိုင္ပါ့မလားကို သိရွိလိုတဲ့ ရည္႐ြယ္ခ်က္နဲ႔ လြတ္‌ေျမာက္ႏိုင္မယ့္ နည္းပညာသစ္ကို စမ္းသပ္ခဲ့တာလည္း ျဖစ္ပါတယ္။

တနဂၤေႏြေန႔မွာေတာ့ Crew Dragon အာကာသယာဥ္သစ္ကို ပစ္လြတ္ခဲ့ၿပီး ဒုံးက်ည္နဲ႔ ပစ္ခတ္ခဲ့ရာမွာ Crew Dragon အေနနဲ႔ လြတ္ေျမာက္ေရး နည္းပညာသစ္ကို အသုံးခ်သြားခဲ့ၿပီး၊ စီစဥ္ထားတဲ့အတိုင္း အတၱလန္တစ္ သမုဒၵရာထဲကို ထိုးဆင္းသြားခဲ့တယ္လို႔ ဆိုပါတယ္။စမ္းသပ္ပစ္ခတ္မႈအတြင္း Falcon 9 ဒုံးက်ည္တစ္ခုကို ဆုံးရႈံးခဲ့ရၿပီး၊ ဖ်က္ဆီးခံရတဲ့ Crew Dragon အာကာသယာဥ္သစ္ကေတာ့ ပစ္ခတ္ခံရမႈကေန ခြဲထြက္သြားခဲ့တာကိုလည္း ျမင္ေတြ႕ရတယ္လို႔ ဆိုပါတယ္။စမ္းသပ္မႈ ေအာင္ျမင္သြားခဲ့ပါက ေနာက္ထပ္စမ္းသပ္မႈမွာေတာ့ Crew Dragon ေပၚမွာ လူလိုက္ပါဖြယ္ ရွိတယ္လို႔လည္း သိရပါတယ္။

SpaceX ဘက္ကေတာ့ ပစ္ခတ္ခံရတဲ့ Crew Dragon ေပၚမွ အခ်က္အလက္ေတြကို ရယူၿပီး လိုက္ပါမယ့္ လူေတြအတြက္ ေဘးကင္းမယ့္ နည္းလမ္းေတြကို ထပ္မံရွာေဖြ စမ္းသပ္သြားမယ္လို႔လည္း ေျပာၾကားခဲ့ပါတယ္။

Damien