【 နည်းပညာ 】 နက္ခတ္တဗေဒပညာရှင်တွေ တွေ့ရှိခဲ့တဲ့ တွင်းနက်ကြီးနှစ်ခု ပေါင်းစည်းမှု

【 နည်းပညာ 】 နက္ခတ္တဗေဒပညာရှင်တွေ တွေ့ရှိခဲ့တဲ့ တွင်းနက်ကြီးနှစ်ခု ပေါင်းစည်းမှု

နက္ခတ္တဗေဒပညာရှင်တွေဟာ အာကာသထဲ ကြီးမားသော တွင်းနက်ကြီးနှစ်ခုရဲ့ အကြီးအကျယ်ပေါင်းစည်းပွတ်တိုက်မှုကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

လွန်ခဲ့သော နှစ်ပေါင်း ၇ ဘီလီယံလောက်က ဖြစ်ပျက်ခဲ့တဲ့ အာကာသတွင်း ဖရိုဖရဲပေါင်းစည်းမှုဖြစ်စဉ်တွေရဲ့ လက္ခဏာတွေကို မျက်မြင်တွေ့ရှိရခြင်းဖြစ်နိုင်တယ်လို့လည်း နက္ခတ္တဗေဒပညာရှင်တွေက ဆိုပါတယ်။

ပေါင်းစည်းပွတ်တိုက်မှုဖြစ်ပွားခဲ့တဲ့ တွင်းနက်ကြီးနှစ်ခုရဲ့ အရွယ်အစားဟာ ကြီးမားလှပြီး တွင်းနက်ကြီးတစ်ခုဟာ နေထက် ၆၆ ဆ ပိုမိုကြီးမားပြီး၊ နောက်တွင်းနက်ကြီးတစ်ခုကတော့ နေထက်တောင် ၈၅ ဆ ပိုမိုကြီးမားတယ်လို့ သိရပါတယ်။၄င်းတွင်းနက်ကြီးနှစ်ခုဟာ နီးကပ်စွာချည်းကပ်လာပြီး တစ်စက္ကန့်လျှင် တစ်ကြိမ် လျင်မြန်စွာလည်ပတ်ကာ ပွတ်တိုက်ပေါင်းစည်းပြီး အာကာသတွင်း စွမ်းအင်လှိုင်းတွေ လှိုင်းထဖြာထွက်သွားတယ်လို့ သိရပါတယ်။အကြီးအကျယ်ပေါင်းစည်းပွတ်တိုက်မှု ဖြစ်ပွားပြီးနောက်မှာ အလွန်ကြီးမားတဲ့ တွင်းနက်ကြီးတစ်ခုအဖြစ် ပေါ်ထွက်လာပြီး နေထက် ၁၄၂ ဆ တောင် ကြီးမားသွားတယ် ဆိုပါတယ်။

ကြီးမားသော တွင်းနက်ကြီးနှစ်ခုရဲ့ အကြီးအကျယ်ပေါင်းစည်းပွတ်တိုက်မှုကို တွေ့ရှိရခြင်းဟာ နက္ခတ္တဗေဒပညာရှင်တွေအတွက် အကြီးမားဆုံးတွေ့ရှိမှုဖြစ်ပြီး၊ နောက်ထပ်ဖြစ်ပေါ်လာမယ့် အာကာသတွင်း ထိတွေ့ပွတ်တိုက်မှုတွေကို လေ့လာရှာဖွေရာမှာ များစွာအထောက်အကူဖြစ်စေမယ်လို့ နက္ခတ္တဗေဒပညာရှင်တွေက ယုံကြည်လျက်ရှိနေပါတယ်။

Damien

( Zawgyi )

နကၡတၱေဗဒပညာရွင္ေတြဟာ အာကာသထဲ ႀကီးမားေသာ တြင္းနက္ႀကီးႏွစ္ခုရဲ႕ အႀကီးအက်ယ္ေပါင္းစည္းပြတ္တိုက္မႈကို ေတြ႕ရွိခဲ့တယ္လို႔ ဆိုပါတယ္။

လြန္ခဲ့ေသာ ႏွစ္ေပါင္း ၇ ဘီလီယံေလာက္က ျဖစ္ပ်က္ခဲ့တဲ့ အာကာသတြင္း ဖ႐ိုဖရဲေပါင္းစည္းမႈျဖစ္စဥ္ေတြရဲ႕ လကၡဏာေတြကို မ်က္ျမင္ေတြ႕ရွိရျခင္းျဖစ္ႏိုင္တယ္လို႔လည္း နကၡတၱေဗဒပညာရွင္ေတြက ဆိုပါတယ္။

ေပါင္းစည္းပြတ္တိုက္မႈျဖစ္ပြားခဲ့တဲ့ တြင္းနက္ႀကီးႏွစ္ခုရဲ႕ အ႐ြယ္အစားဟာ ႀကီးမားလွၿပီး တြင္းနက္ႀကီးတစ္ခုဟာ ေနထက္ ၆၆ ဆ ပိုမိုႀကီးမားၿပီး၊ ေနာက္တြင္းနက္ႀကီးတစ္ခုကေတာ့ ေနထက္ေတာင္ ၈၅ ဆ ပိုမိုႀကီးမားတယ္လို႔ သိရပါတယ္။၄င္းတြင္းနက္ႀကီးႏွစ္ခုဟာ နီးကပ္စြာခ်ည္းကပ္လာၿပီး တစ္စကၠန႔္လွ်င္ တစ္ႀကိမ္ လ်င္ျမန္စြာလည္ပတ္ကာ ပြတ္တိုက္ေပါင္းစည္းၿပီး အာကာသတြင္း စြမ္းအင္လႈိင္းေတြ လႈိင္းထျဖာထြက္သြားတယ္လို႔ သိရပါတယ္။အႀကီးအက်ယ္ေပါင္းစည္းပြတ္တိုက္မႈ ျဖစ္ပြားၿပီးေနာက္မွာ အလြန္ႀကီးမားတဲ့ တြင္းနက္ႀကီးတစ္ခုအျဖစ္ ေပၚထြက္လာၿပီး ေနထက္ ၁၄၂ ဆ ေတာင္ ႀကီးမားသြားတယ္ ဆိုပါတယ္။

ႀကီးမားေသာ တြင္းနက္ႀကီးႏွစ္ခုရဲ႕ အႀကီးအက်ယ္ေပါင္းစည္းပြတ္တိုက္မႈကို ေတြ႕ရွိရျခင္းဟာ နကၡတၱေဗဒပညာရွင္ေတြအတြက္ အႀကီးမားဆုံးေတြ႕ရွိမႈျဖစ္ၿပီး၊ ေနာက္ထပ္ျဖစ္ေပၚလာမယ့္ အာကာသတြင္း ထိေတြ႕ပြတ္တိုက္မႈေတြကို ေလ့လာရွာေဖြရာမွာ မ်ားစြာအေထာက္အကူျဖစ္ေစမယ္လို႔ နကၡတၱေဗဒပညာရွင္ေတြက ယုံၾကည္လ်က္ရွိေနပါတယ္။

Damien