【 နည်းပညာ 】 ထုတ်ကုန်သစ်တွေကို ကြေညာသွားဖို့ အတည်ပြုလိုက်တဲ့ Apple

【 နည်းပညာ 】 ထုတ်ကုန်သစ်တွေကို ကြေညာသွားဖို့ အတည်ပြုလိုက်တဲ့ Apple

iPhone တွေ iPad တွေ ထုတ်လုပ်တဲ့ ကုမ္ပဏီကြီး Apple မှ လာမယ့် စက်တင်ဘာ ၁၅ ရက်နေ့မှာ ၎င်းရဲ့ ထုတ်ကုန်သစ်တွေဖြစ်တဲ့ 5G iPhone လေးမျိုးနဲ့ Apple စမတ်နာရီတွေကို မိတ်ဆက်သွားမယ်လို့ အတည်ပြုလိုက်ကြောင်း သိရှိရပါတယ်။

Apple အနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် ယခင်နှစ်တွေလို မိတ်ဆက်ပွဲကို ခမ်းခမ်းနားနားပြုလုပ်နိုင်မှာ မဟုတ်ပဲ အွန်လိုင်းကနေသာ မိတ်ဆက်ပွဲကို တိုက်ရိုက်ထုတ်လွှင့်သွားမှာလည်း ဖြစ်ပါတယ်။

စက်တင်ဘာ ၁၅ ရက်နေ့မှာ ကျင်းပမယ့် မိတ်ဆက်ပွဲဟာ Apple အတွက် အရေးအကြီးဆုံးဖြစ်လာမှာပါ။အဆိုပါအွန်လိုင်းမိတ်ဆက်ပွဲမှာ နာမည်ကျော် iPhone ထုတ်ကုန်လေးမျိုးနဲ့အတူ စမတ်နာရီတွေ ပါဝင်လာမှာဖြစ်ပါတယ်။အထူးသဖြင့် Apple ကနေ မိတ်ဆက်လာမယ့် 5G iPhone တွေကို ကမ္ဘာတဝန်း Apple ပရိတ်သတ်တွေက စိတ်ဝင်တစားစောင့်ကြည့်လျက်ရှိနေတာပါပဲ။

iPhone 12 series အမည်ရ 5G iPhone ၄ မျိုးဟာ ဒီဇိုင်းပိုင်း၊ နည်းပညာပိုင်းနဲ့ ကင်မရာပိုင်းတွေကို အထူးမြှင့်တင်ပြောင်းလဲလာမယ်လို့ သိရပြီး၊ iPad Pro ကဲ့သို့ လုံးဝန်းတဲ့ အနားသတ်ဒီဇိုင်းကို အသုံးပြုထားမယ်လို့ ဆိုပါတယ်။ Apple ရဲ့ ကိုယ်ပိုင် Chipset သစ်နဲ့ မောင်းနှင်ထားဖွယ်ရှိပြီး၊ 5G ကွန်ယက်နဲ့ ပွဲထွက်လာမှာကတော့ Apple ချစ်သူတွေ အကြိုက်တွေ့ဦးမှာ အသေအချာပါပဲ။

စက်တင်ဘာ ၁၅ ရက်နေ့ ကျင်းပမယ့် မိတ်ဆက်ပွဲမှာ 5G iPhone, Apple Watches, iPad Air အသစ်နဲ့ ကိုယ်ပိုင် processors အသုံးပြုထားမယ့် Macbook တွေကို မိတ်ဆက်လာဖွယ်ရှိတယ်လို့ သိရပါတယ်။

Damien
( Zawgyi )
iPhone ေတြ iPad ေတြ ထုတ္လုပ္တဲ့ ကုမၸဏီႀကီး Apple မွ လာမယ့္ စက္တင္ဘာ ၁၅ ရက္ေန႔မွာ ၎ရဲ႕ ထုတ္ကုန္သစ္ေတြျဖစ္တဲ့ 5G iPhone ေလးမ်ိဳးနဲ႔ Apple စမတ္နာရီေတြကို မိတ္ဆက္သြားမယ္လို႔ အတည္ျပဳလိုက္ေၾကာင္း သိရွိရပါတယ္။

Apple အေနနဲ႔ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈေၾကာင့္ ယခင္ႏွစ္ေတြလို မိတ္ဆက္ပြဲကို ခမ္းခမ္းနားနားျပဳလုပ္ႏိုင္မွာ မဟုတ္ပဲ အြန္လိုင္းကေနသာ မိတ္ဆက္ပြဲကို တိုက္႐ိုက္ထုတ္လႊင့္သြားမွာလည္း ျဖစ္ပါတယ္။

စက္တင္ဘာ ၁၅ ရက္ေန႔မွာ က်င္းပမယ့္ မိတ္ဆက္ပြဲဟာ Apple အတြက္ အေရးအႀကီးဆုံးျဖစ္လာမွာပါ။အဆိုပါအြန္လိုင္းမိတ္ဆက္ပြဲမွာ နာမည္ေက်ာ္ iPhone ထုတ္ကုန္ေလးမ်ိဳးနဲ႔အတူ စမတ္နာရီေတြ ပါဝင္လာမွာျဖစ္ပါတယ္။အထူးသျဖင့္ Apple ကေန မိတ္ဆက္လာမယ့္ 5G iPhone ေတြကို ကမာၻတဝန္း Apple ပရိတ္သတ္ေတြက စိတ္ဝင္တစားေစာင့္ၾကည့္လ်က္ရွိေနတာပါပဲ။

iPhone 12 series အမည္ရ 5G iPhone ၄ မ်ိဳးဟာ ဒီဇိုင္းပိုင္း၊ နည္းပညာပိုင္းနဲ႔ ကင္မရာပိုင္းေတြကို အထူးျမႇင့္တင္ေျပာင္းလဲလာမယ္လို႔ သိရၿပီး၊ iPad Pro ကဲ့သို႔ လုံးဝန္းတဲ့ အနားသတ္ဒီဇိုင္းကို အသုံးျပဳထားမယ္လို႔ ဆိုပါတယ္။ Apple ရဲ႕ ကိုယ္ပိုင္ Chipset သစ္နဲ႔ ေမာင္းႏွင္ထားဖြယ္ရွိၿပီး၊ 5G ကြန္ယက္နဲ႔ ပြဲထြက္လာမွာကေတာ့ Apple ခ်စ္သူေတြ အႀကိဳက္ေတြ႕ဦးမွာ အေသအခ်ာပါပဲ။

စက္တင္ဘာ ၁၅ ရက္ေန႔ က်င္းပမယ့္ မိတ္ဆက္ပြဲမွာ 5G iPhone, Apple Watches, iPad Air အသစ္နဲ႔ ကိုယ္ပိုင္ processors အသုံးျပဳထားမယ့္ Macbook ေတြကို မိတ္ဆက္လာဖြယ္ရွိတယ္လို႔ သိရပါတယ္။

Damien