【 နည်းပညာ 】 တိုက်ခိုက်ခံလိုက်ရတဲ့ ကမ္ဘာကျော် PUBG Mobile ဂိမ်း

【 နည်းပညာ 】 တိုက်ခိုက်ခံလိုက်ရတဲ့ ကမ္ဘာကျော် PUBG Mobile ဂိမ်း

PUBG ဂိမ်းအတွက် ၂၀၂၀ ခုနှစ်ဟာ ကံမကောင်းဘူးလို့ ဆိုရမှာပါ။
 
စက်တင်ဘာလ အစောပိုင်းမှာပဲ အိန္ဒိယနိုင်ငံက ပိတ်ပင်ခဲ့ပြီး‌၊ Apple Store နဲ့ Google Play Store တွေကနေပါ ဖယ်ရှားခံခဲ့ရပါတယ်။
 
ယခုနောက်ဆုံးအဖြစ်အပျက်မှာ PUBG Mobile ဂိမ်းဟာ DDos တိုက်ခိုက်ခံခဲ့ရတယ်လို့ PUBG Mobile team က ဆိုပါတယ်။တိုက်ခိုက်ခံရတဲ့ အကျိုးဆက်ကတော့ အချို့သောကစားသူတွေ ဂိမ်းကနေ ထွက်‌သွားတာမျိုးတွေ ကြုံခဲ့ရတာပါ။ PUBG Mobile team မှ တိုက်ခိုက်ခံရမှုကို သိသိခြင်းပဲ အမြန်‌ဆုံးဖြေရှင်းနိုင်ရန် ကြိုးစားနေတယ်လို့ ဆိုပါတယ်။ဒါ့အပြင် ဂိမ်းကိုလှည့်စားကစားတာတွေကို တားဆီးပေးမယ့် anti-cheat patch အသစ်လည်း မကြာခင်ထွက်ရှိလာတော့မယ်လို့ သိရပါတယ်။
 
တိုက်ခိုက်ခံရမှုအကြောင်းကို PUBG Mobile team မှ ဂိမ်းဆော့သူတွေထံ မျှဝေခဲ့ရာမှာ "လောလောဆယ် ကျနော်တို့ DDos တိုက်ခိုက်ခံနေရပြီး အချို့သောကစားသူ‌များ ဂိမ်းကနေထွက်သွားတာမျိုးတွေ ကြုံနေရတယ်လို့ သိရှိရပါတယ်။ကျနော်တို့ သိသိခြင်းပဲ ပြဿနာကိုဖြေရှင်းဖို့ လုပ်ဆောင်နေပါပြီ။ပြည်တွင်းအင်တာနက်ဝန်ဆောင်မှုတွေနဲ့လည်း ချိတ်ဆက်လုပ်ဆောင်လျက်ရှိပါတယ်။မကြာခင်မှာပဲ ပုံမှန်အတိုင်းကစားသွားနိုင်တော့မယ်လို့" ပြောကြားခဲ့ပါတယ်။
 
PUBG ဂိမ်းဟာ ကမ္ဘာတဝန်း အလွန်လူကြိုက်များတဲ့ တိုက်ခိုက်ရေးဂိမ်းဖြစ်ပြီး၊ မြန်မာပြည်တွင်းမှာလည်း ဆော့ကစားသူများတဲ့ နာမည်ကြီးဂိမ်းလည်း ဖြစ်ပါတယ်။
 
Damien
 
( Zawgyi )
 
PUBG ဂိမ္းအတြက္ ၂၀၂၀ ခုႏွစ္ဟာ ကံမေကာင္းဘူးလို႔ ဆိုရမွာပါ။
 
စက္တင္ဘာလ အေစာပိုင္းမွာပဲ အိႏၵိယႏိုင္ငံက ပိတ္ပင္ခဲ့ၿပီး‌၊ Apple Store နဲ႔ Google Play Store ေတြကေနပါ ဖယ္ရွားခံခဲ့ရပါတယ္။
 
ယခုေနာက္ဆုံးအျဖစ္အပ်က္မွာ PUBG Mobile ဂိမ္းဟာ DDos တိုက္ခိုက္ခံခဲ့ရတယ္လို႔ PUBG Mobile team က ဆိုပါတယ္။တိုက္ခိုက္ခံရတဲ့ အက်ိဳးဆက္ကေတာ့ အခ်ိဳ႕ေသာကစားသူေတြ ဂိမ္းကေန ထြက္‌သြားတာမ်ိဳးေတြ ႀကဳံခဲ့ရတာပါ။ PUBG Mobile team မွ တိုက္ခိုက္ခံရမႈကို သိသိျခင္းပဲ အျမန္‌ဆုံးေျဖရွင္းႏိုင္ရန္ ႀကိဳးစားေနတယ္လို႔ ဆိုပါတယ္။ဒါ့အျပင္ ဂိမ္းကိုလွည့္စားကစားတာေတြကို တားဆီးေပးမယ့္ anti-cheat patch အသစ္လည္း မၾကာခင္ထြက္ရွိလာေတာ့မယ္လို႔ သိရပါတယ္။
 
တိုက္ခိုက္ခံရမႈအေၾကာင္းကို PUBG Mobile team မွ ဂိမ္းေဆာ့သူေတြထံ မွ်ေဝခဲ့ရာမွာ "ေလာေလာဆယ္ က်ေနာ္တို႔ DDos တိုက္ခိုက္ခံေနရၿပီး အခ်ိဳ႕ေသာကစားသူ‌မ်ား ဂိမ္းကေနထြက္သြားတာမ်ိဳးေတြ ႀကဳံေနရတယ္လို႔ သိရွိရပါတယ္။က်ေနာ္တို႔ သိသိျခင္းပဲ ျပႆနာကိုေျဖရွင္းဖို႔ လုပ္ေဆာင္ေနပါၿပီ။ျပည္တြင္းအင္တာနက္ဝန္ေဆာင္မႈေတြနဲ႔လည္း ခ်ိတ္ဆက္လုပ္ေဆာင္လ်က္ရွိပါတယ္။မၾကာခင္မွာပဲ ပုံမွန္အတိုင္းကစားသြားႏိုင္ေတာ့မယ္လို႔" ေျပာၾကားခဲ့ပါတယ္။
 
PUBG ဂိမ္းဟာ ကမာၻတဝန္း အလြန္လူႀကိဳက္မ်ားတဲ့ တိုက္ခိုက္ေရးဂိမ္းျဖစ္ၿပီး၊ ျမန္မာျပည္တြင္းမွာလည္း ေဆာ့ကစားသူမ်ားတဲ့ နာမည္ႀကီးဂိမ္းလည္း ျဖစ္ပါတယ္။
 
Damien