【 နည်းပညာ 】 တရုတ်နိုင်ငံက စုဆောင်းထားတဲ့ ‘လ’ နမူနာတွေကို လေ့လာဖို့ နာဆာသုတေသီတွေကို လျှောက်ထားခွင့်ပြု

【 နည်းပညာ 】 တရုတ်နိုင်ငံက စုဆောင်းထားတဲ့ ‘လ’ နမူနာတွေကို လေ့လာဖို့ နာဆာသုတေသီတွေကို လျှောက်ထားခွင့်ပြု

ဝါရှင်တန်၊ ဒီဇင်ဘာ - ၂

တရုတ်နိုင်ငံရဲ့ ‘လ’ စူးစမ်းလေ့လာရေးမစ်ရှင် Chang'e-5 က စုဆောင်းထားတဲ့ ‘လ’ နမူနာတွေကို လေ့လာသွားဖို့ နာဆာသုတေသီတွေအနေနဲ့ ခွင့်ပြုချက်လျှောက်ထားနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။

နှစ်နိုင်ငံ လုပ်ဆောင်မှုတွေကို တားမြစ်ချက်တွေကနေ ခြွင်းချက်အနေနဲ့ တရုတ်ဘက်က ၎င်းရဲ့ ကိုယ်ပိုင် ‘လ’ နမူနာတွေကို နာဆာ ရန်ပုံငွေထောက်ပံ့ထားတဲ့ သုတေသီတွေ လေ့လာနိုင်ဖို့ လျှောက်ထားခွင့်ပြုလိုက်တာဖြစ်ပါတယ်။

“တရုတ်နိုင်ငံရဲ့ Chang'e-5 ‘လ’ စူးစမ်းလေ့လာရေး မစ်ရှင်က စုဆောင်းထားတဲ့ နမူနာတွေကို ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ဖို့အတွက် သုတေသီတွေအနေနဲ့ တရုတ်အမျိုးသားအာကာသစီမံခန့်ခွဲရေးအဖွဲ့ (CNSA) သို့ လျှောက်ထားနိုင်မှာဖြစ်တယ်” လို့ နိုဝင်ဘာ ၂၉ ရက်နေ့က ပေးပို့ခဲ့တဲ့ အတွင်းအီးမေးလ်တစ်စောင်မှာ ဖော်ပြထားပါတယ်။

တရုတ်ဘက်က အခုလို အမေရိကန်အာကာသအေဂျင်စီကြီးရဲ့ သုတေသီတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုပြုလုပ်နိုင်ဖို့ လမ်းဖွင့်ပေးခြင်းဟာ နှစ်နိုင်ငံအကြား ဆက်ဆံရေးပိုမိုနွေးထွေးလာတာကို ပြဆိုနေတာလည်းဖြစ်ပါတယ်။

Chang'e-5 ‘လ’ စူးစမ်းလေ့လာရေး မစ်ရှင်ကို လွန်ခဲ့တဲ့ ၂၀၂၀ ခုနှစ်နှောင်းပိုင်းမှာ လွှတ်တင်ခဲ့တာဖြစ်ပြီး၊ ‘လ’ ပေါ်ကို ဆင်းသက်ကာ နမူနာ ၁၇၃၁ ဂရမ်ကို စုဆောင်းနိုင်ခဲ့ပါတယ်။အဆိုပါနမူနာတွေဟာ ‘လ’ ရဲ့ ဆင့်ကဲဖြစ်စဉ်၊ ဖွဲ့စည်းမှုနဲ့ အခြားအရာတွေကို သိမြင်စေခဲ့ပါတယ်။

တရုတ်နိုင်ငံဘက်က နောက်ထပ် လွှတ်တင်သွားမယ့် လ’ စူးစမ်းလေ့လာရေး မစ်ရှင်တွေမှာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတွေ ပူးပေါင်းပါဝင်နိုင်ဖို့ လမ်းဖွင့်ဖိတ်ခေါ်ထားပြီး၊ ရရှိလာတဲ့ နမူနာတွေကို နိုင်ငံတကာအသိုင်းအဝိုင်းနဲ့အတူ မျှဝေပေးသွားဖို့ စီစဉ်ထားတယ်လို့လည်း ဆိုပါတယ်။

Damien
Ref - spacenews