【 နည်းပညာ 】 ဉာဏ်ရည်တု ဆူညံသံလျှော့ချမှုနည်းပညာ ပါဝင်လာမယ့် Google Meet

【 နည်းပညာ 】 ဉာဏ်ရည်တု ဆူညံသံလျှော့ချမှုနည်းပညာ ပါဝင်လာမယ့် Google Meet

ယခုလတ်တလော ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ် Covid-19 ရောဂါကူးစက်ပျံ့နှံ့နေမှုအတွင်း လူသားတွေဟာ မိမိတို့နေအိမ်တွေမှာသာနေထိုင်ကြပြီး Work from Home (မိမိနေအိမ်မှ အလုပ်လုပ်ခြင်း) စနစ်ကို ကျင့်သုံးနေခဲ့ကြရပါတယ်။

မိမိတို့နေအိမ်တွေမှာသာ နေထိုင်အလုပ်လုပ်ကိုင်နေကြရတဲ့အတွက် အစည်းအဝေးတွေ၊ လုပ်ငန်းတိုင်ပင်ဆွေးနွေးမှုတွေကို အွန်လိုင်းကနေသာ ဗီဒီယိုကောလ်ခေါ်ဆိုပြီး စုစည်းဆောင်ရွက်နေကြရတာလည်း ဖြစ်ပါတယ်။

Covid-19 ရောဂါကူးစက်မှုအတွင်း ဗီဒီယိုကောလ်‌ခေါ်ဆိုမှုတွေ ခေတ်စားလာရာမှာတော့ Google Meet, Facebook Messenger, Zoom တို့လို ဗီဒီယိုခေါ်ဆိုမှုဆော့ဖ်ဝဲလ်တွေကို လူသားတွေအနေနဲ့ မပြတ်အသုံးပြုလာရပြီး၊ အဆိုပါဆော့ဖ်ဝဲလ်တွေရဲ့ ကုမ္ပဏီများကလည်း ၎င်းတို့ရဲ့ဆော့ဖ်ဝဲလ်တွေကို အသုံးပြုရလွယ်ကူအဆင်ပြေစေရန်၊ လူသားများအဆက်အသွယ်မပြတ်စေရန် အဆင်မြှင့်တင်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။လူမှုကွန်ယက်ကုမ္ပဏီကြီး Facebook မှလည်း ၎င်းရဲ့ Messenger ကို လူဦးရေ ၅၀ အထိ ခေါ်ဆိုဆက်သွယ်နိုင်ရန် အဆင့်မြှင့်တင်ခဲ့သလို၊ ယခုလတ်တလော လူသုံးများလာတဲ့ Zoom မှလည်း အဆင့်မြှင့်တင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ဒါ့အပြင် ရှာဖွေ‌ရေးကုမ္ပဏီကြီး Google မှလည်း ၎င်းရဲ့ Google Meet မှာ AI noise cancellation (ဉာဏ်ရည်တု ဆူညံသံလျှော့ချမှုနည်းပညာ) ကို ထည့်သွင်းမြှင့်တင်ပေးသွားမယ်လို့ ကြေညာခဲ့ပါတယ်။

Google Meet (ယခင်အမည် Hangouts Meet) လို့ အမည်ရတဲ့ Google ရဲ့ ဗီဒီယိုဆက်သွယ်ခေါ်ဆိုဝန်ဆောင်မှုမှာ AI noise cancellation (ဉာဏ်ရည်တု ဆူညံသံလျှော့ချမှုနည်းပညာ) ကို ထည့်သွင်းမြှင့်တင်ပေးသွားမယ်လို့ လွန်ခဲ့တဲ့ဧပြီလက Serge Lachapelle ( Product Management Director of G Suite) မှ ကြေညာပေးခဲ့ပါတယ်။အဆိုပါဝန်ဆောင်မှုကို ယခုလတ်တလောတော့ အသုံးပြုနိုင်ဦးမှာမဟုတ်ပဲ လာမယ့် ဇွန်လကုန်မှသာ စတင်အသုံးပြုနိုင်ဖွယ်ရှိပါတယ်။ Google Meet မှာ ပါဝင်လာမယ့် “denoiser” နည်းပညာဟာ ကျနော်တို့ ဗီဒီယိုကောလ်ခေါ်ဆိုနေစဉ်အတွင်း ပြင်ပကဆူညံသံတွေကိုစိစစ်ကာ ဖယ်ရှားရှင်းလင်းသွားပေးမှာဖြစ်ပါတယ်။ပြင်ပဆူညံသံတွေကို သင်ကြားလေ့လာကာ ခွဲခြမ်းစိတ်ဖြာပြီး မလိုအပ်တဲ့ဆူညံသံတွေကို ဖယ်ထုတ်ဖြတ်တောက်သွားမယ့် ပုံစံဖြစ်ပါတယ်။

Serge Lachapelle ပြသခဲ့တဲ့ စမ်းသပ်ဗီဒီယိုမှာတော့ မုန့်ထုတ်ဖောက်သံ၊ ဖောင်တိန်လွတ်ကျသံနဲ့ ‌ရေခွက်‌ရေထည့်သံတွေကို အောင်မြင်စွာဖယ်ထုတ်ပေးနိုင်ခဲ့တာ မြင်တွေ့ရပါတယ်။ဒါ့အပြင် ကလေးငယ်များ၊ အိမ်မွေးတိရိစ္ဆာန်များနဲ့ အိမ်သုံးပစ္စည်း (ဥပမာ - ဖုန်စုပ်စက်လိုမျိုး) တွေရဲ့ အသံတွေလည်း ဖယ်ထုတ်နိုင်အောင် ဆော့ဖ်ဝဲလ်မှာ ထည့်သွင်းပေးသွားမယ်လို့ Lachapelle က ဆိုပါတယ်။

AI noise cancellation (ဉာဏ်ရည်တု ဆူညံသံလျှော့ချမှုနည်းပညာ) တစ်ခုလုံးကတော့ ဆက်လက်အဆင့်မြှင့်တင် ဆောင်ရွက်နေဆဲဖြစ်ပြီး၊ လာမယ့်ဇွန်လမှသာ စတင်အသုံးပြုနိုင်မှာဖြစ်ကာ Android နဲ့ IOS နှစ်မျိုးစလုံးမှာ အသုံးပြုနိုင်မယ်လို့လည်း သိရပါတယ်။

Damien

( Zawgyi )

ယခုလတ္တေလာ ကမာၻတဝန္း ကို႐ိုနာဗိုင္းရပ္စ္ Covid-19 ေရာဂါကူးစက္ပ်ံ႕ႏွံ႔ေနမႈအတြင္း လူသားေတြဟာ မိမိတို႔ေနအိမ္ေတြမွာသာေနထိုင္ၾကၿပီး Work from Home (မိမိေနအိမ္မွ အလုပ္လုပ္ျခင္း) စနစ္ကို က်င့္သုံးေနခဲ့ၾကရပါတယ္။

မိမိတို႔ေနအိမ္ေတြမွာသာ ေနထိုင္အလုပ္လုပ္ကိုင္ေနၾကရတဲ့အတြက္ အစည္းအေဝးေတြ၊ လုပ္ငန္းတိုင္ပင္ေဆြးေႏြးမႈေတြကို အြန္လိုင္းကေနသာ ဗီဒီယိုေကာလ္ေခၚဆိုၿပီး စုစည္းေဆာင္႐ြက္ေနၾကရတာလည္း ျဖစ္ပါတယ္။

Covid-19 ေရာဂါကူးစက္မႈအတြင္း ဗီဒီယိုေကာလ္‌ေခၚဆိုမႈေတြ ေခတ္စားလာရာမွာေတာ့ Google Meet, Facebook Messenger, Zoom တို႔လို ဗီဒီယိုေခၚဆိုမႈေဆာ့ဖ္ဝဲလ္ေတြကို လူသားေတြအေနနဲ႔ မျပတ္အသုံးျပဳလာရၿပီး၊ အဆိုပါေဆာ့ဖ္ဝဲလ္ေတြရဲ႕ ကုမၸဏီမ်ားကလည္း ၎တို႔ရဲ႕ေဆာ့ဖ္ဝဲလ္ေတြကို အသုံးျပဳရလြယ္ကူအဆင္ေျပေစရန္၊ လူသားမ်ားအဆက္အသြယ္မျပတ္ေစရန္ အဆင္ျမႇင့္တင္မႈေတြ ျပဳလုပ္ခဲ့ၾကပါတယ္။လူမႈကြန္ယက္ကုမၸဏီႀကီး Facebook မွလည္း ၎ရဲ႕ Messenger ကို လူဦးေရ ၅၀ အထိ ေခၚဆိုဆက္သြယ္ႏိုင္ရန္ အဆင့္ျမႇင့္တင္ခဲ့သလို၊ ယခုလတ္တေလာ လူသုံးမ်ားလာတဲ့ Zoom မွလည္း အဆင့္ျမႇင့္တင္မႈေတြ ျပဳလုပ္ခဲ့ပါတယ္။ဒါ့အျပင္ ရွာေဖြ‌ေရးကုမၸဏီႀကီး Google မွလည္း ၎ရဲ႕ Google Meet မွာ AI noise cancellation (ဉာဏ္ရည္တု ဆူညံသံေလွ်ာ့ခ်မႈနည္းပညာ) ကို ထည့္သြင္းျမႇင့္တင္ေပးသြားမယ္လို႔ ေၾကညာခဲ့ပါတယ္။

Google Meet (ယခင္အမည္ Hangouts Meet) လို႔ အမည္ရတဲ့ Google ရဲ႕ ဗီဒီယိုဆက္သြယ္ေခၚဆိုဝန္ေဆာင္မႈမွာ AI noise cancellation (ဉာဏ္ရည္တု ဆူညံသံေလွ်ာ့ခ်မႈနည္းပညာ) ကို ထည့္သြင္းျမႇင့္တင္ေပးသြားမယ္လို႔ လြန္ခဲ့တဲ့ဧၿပီလက Serge Lachapelle ( Product Management Director of G Suite) မွ ေၾကညာေပးခဲ့ပါတယ္။အဆိုပါဝန္ေဆာင္မႈကို ယခုလတ္တေလာေတာ့ အသုံးျပဳႏိုင္ဦးမွာမဟုတ္ပဲ လာမယ့္ ဇြန္လကုန္မွသာ စတင္အသုံးျပဳႏိုင္ဖြယ္ရွိပါတယ္။ Google Meet မွာ ပါဝင္လာမယ့္ “denoiser” နည္းပညာဟာ က်ေနာ္တို႔ ဗီဒီယိုေကာလ္ေခၚဆိုေနစဥ္အတြင္း ျပင္ပကဆူညံသံေတြကိုစိစစ္ကာ ဖယ္ရွားရွင္းလင္းသြားေပးမွာျဖစ္ပါတယ္။ျပင္ပဆူညံသံေတြကို သင္ၾကားေလ့လာကာ ခြဲျခမ္းစိတ္ျဖာၿပီး မလိုအပ္တဲ့ဆူညံသံေတြကို ဖယ္ထုတ္ျဖတ္ေတာက္သြားမယ့္ ပုံစံျဖစ္ပါတယ္။

Serge Lachapelle ျပသခဲ့တဲ့ စမ္းသပ္ဗီဒီယိုမွာေတာ့ မုန႔္ထုတ္ေဖာက္သံ၊ ေဖာင္တိန္လြတ္က်သံနဲ႔ ‌ေရခြက္‌ေရထည့္သံေတြကို ေအာင္ျမင္စြာဖယ္ထုတ္ေပးႏိုင္ခဲ့တာ ျမင္ေတြ႕ရပါတယ္။ဒါ့အျပင္ ကေလးငယ္မ်ား၊ အိမ္ေမြးတိရိစာၦန္မ်ားနဲ႔ အိမ္သုံးပစၥည္း (ဥပမာ - ဖုန္စုပ္စက္လိုမ်ိဳး) ေတြရဲ႕ အသံေတြလည္း ဖယ္ထုတ္ႏိုင္ေအာင္ ေဆာ့ဖ္ဝဲလ္မွာ ထည့္သြင္းေပးသြားမယ္လို႔ Lachapelle က ဆိုပါတယ္။

AI noise cancellation (ဉာဏ္ရည္တု ဆူညံသံေလွ်ာ့ခ်မႈနည္းပညာ) တစ္ခုလုံးကေတာ့ ဆက္လက္အဆင့္ျမႇင့္တင္ ေဆာင္႐ြက္ေနဆဲျဖစ္ၿပီး၊ လာမယ့္ဇြန္လမွသာ စတင္အသုံးျပဳႏိုင္မွာျဖစ္ကာ Android နဲ႔ IOS ႏွစ္မ်ိဳးစလုံးမွာ အသုံးျပဳႏိုင္မယ္လို႔လည္း သိရပါတယ္။

Damien