【 နည်းပညာ 】 စွဲမက်ဖွယ် အသွင်အပြင်နဲ့ Realme Flagship

【 နည်းပညာ 】 စွဲမက်ဖွယ် အသွင်အပြင်နဲ့ Realme Flagship

Realme ပရိတ်သတ်တွေ မျှော်လင့်စောင့်စားနေခဲ့ရတဲ့ Realme X2 series ကတော့ ထွက်ပေါ်လာခဲ့ပါပြီ။

Realme X2 series မှာတော့ Realme X2 နဲ့ Flagship အဆင့်ရှိ Realme X2 Pro ဆိုပြီး နှစ်မျိုးထွက်ရှိလာတာလည်း ဖြစ်ပါတယ်။

Realme ရဲ့ စွမ်းဆောင်ရည်မြင့် Flagship စမတ်ဖုန်း ဖြစ်လာခဲ့တဲ့ Realme X2 Pro ဟာ ၆.၅ လက်မ အရွယ်အစားရှိတဲ့ "Fluid" Super AMOLED, FHD+ 90HZ အရည်အသွေးရှိ မျက်နှာပြင် တပ်ဆင်ပေးထားပြီး၊ UD လက်‌ဗွေအာရုံခံကိရိယာကို မျက်နှာပြင် အောက်ခြေမှာ ထည့်သွင်းပေးထားတာ ဖြစ်ပါတယ်။ Full Speed Flagship လို့ Realme ကြေညာခဲ့တဲ့အတိုင်းပဲ နောက်ဆုံးထွက် Snapdragon 855+ chipset နဲ့ မောင်းနှင်ပေးထားပြီး၊ မမ်မိုရီပမာဏကတော့ 6/8/12 GB တွေကို ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။သိမ်းဆည်းနိုင်မှုပမာဏကတော့ 64/128/256 GB တွေကို ရွေးချယ်နိုင်မှာပါ။ Realme X2 Pro ရဲ့ နောက်ဘက် အဓိက ကင်မရာကို 64MP Samsung GW1 sensor တပ်ဆင်ပေးထားပြီး၊ 13MP Telephoto, 8MP Ultrawide နဲ့ 2MP Depth sensor တို့ကိုလည်း အားဖြည့်ထည့်သွင်းပေးထားပါသေးတယ်။ရှေ့ဘက် 16MP selfie ကင်မရာကိုတော့ notch အကွက်အတွင်းမှာ တပ်ဆင်ပေးထားပါတယ်။ဘက်ထရီပမာဏအနေနဲ့ 4,000mAh ထည့်သွင်း‌ပေးထားပြီး၊ 50W SuperVOOC မြန်နှုန်းမြှင့် အားသွင်းစနစ်ကို ထောက်ပံ့ပေးထားပါသေးတယ်။

Realme X2 Pro ရဲ့ ဈေးနှုန်းတွေကတော့ 6/64 GB ကို မြန်မာငွေ ၆၇၀,၀၀၀ ခန့်၊ 8/128 GB model ကိုတော့ မြန်မာငွေ ၇၆၀,၀၀၀ ခန့်နဲ့ "Beast version" ဖြစ်တဲ့ 12/256 GB ကတော့ မြန်မာငွေ ၈၄၀,၀၀၀ ခန့် ကျသင့်မှာ ဖြစ်ပါတယ်။

Realme X2 ကတော့ ‌ဈေးနှုန်းသင့်တင့်တဲ့ အလယ်လတ်တန်းစား စမတ်ဖုန်းပဲဖြစ်ပြီး ၆.၄ လက်မရှိတဲ့ Super AMOLED FHD+ မျက်နှာပြင်ကို တပ်ဆင်ပေးထားတာပါ။ Snapdragon 730 chipset နဲ့ မောင်းနှင်ပေးထားပြီး၊ (64MP+8MP+2MP+2MP) ကင်မရာလေးလုံး ထည့်သွင်းပေးထားတာ ဖြစ်ပါတယ်။ 4,000mAh ဘက်ထရီကို 30W မြန်နှုန်းမြှင့် အားသွင်းစနစ်နဲ့ အားသွင်းနိုင်မှာလည်း ဖြစ်ပါတယ်။ဈေးနှုန်းအနေနဲ့ 8/128 GB model ကို မြန်မာငွေ ၅၁၀,၀၀၀ ခန့် ကျသင့်မယ်လို့လည်း သိရပါတယ်။

Damien

( Zawgyi )

Realme ပရိတ္သတ္ေတြ ေမွ်ာ္လင့္ေစာင့္စားေနခဲ့ရတဲ့ Realme X2 series ကေတာ့ ထြက္ေပၚလာခဲ့ပါၿပီ။

Realme X2 series မွာေတာ့ Realme X2 နဲ႔ Flagship အဆင့္ရွိ Realme X2 Pro ဆိုၿပီး ႏွစ္မ်ိဳးထြက္ရွိလာတာလည္း ျဖစ္ပါတယ္။

Realme ရဲ႕ စြမ္းေဆာင္ရည္ျမင့္ Flagship စမတ္ဖုန္း ျဖစ္လာခဲ့တဲ့ Realme X2 Pro ဟာ ၆.၅ လက္မ အ႐ြယ္အစားရွိတဲ့ "Fluid" Super AMOLED, FHD+ 90HZ အရည္အေသြးရွိ မ်က္ႏွာျပင္ တပ္ဆင္ေပးထားၿပီး၊ UD လက္‌ေဗြအာ႐ုံခံကိရိယာကို မ်က္ႏွာျပင္ ေအာက္ေျခမွာ ထည့္သြင္းေပးထားတာ ျဖစ္ပါတယ္။ Full Speed Flagship လို႔ Realme ေၾကညာခဲ့တဲ့အတိုင္းပဲ ေနာက္ဆုံးထြက္ Snapdragon 855+ chipset နဲ႔ ေမာင္းႏွင္ေပးထားၿပီး၊ မမ္မိုရီပမာဏကေတာ့ 6/8/12 GB ေတြကို ေ႐ြးခ်ယ္ႏိုင္မွာ ျဖစ္ပါတယ္။သိမ္းဆည္းႏိုင္မႈပမာဏကေတာ့ 64/128/256 GB ေတြကို ေ႐ြးခ်ယ္ႏိုင္မွာပါ။ Realme X2 Pro ရဲ႕ ေနာက္ဘက္ အဓိက ကင္မရာကို 64MP Samsung GW1 sensor တပ္ဆင္ေပးထားၿပီး၊ 13MP Telephoto, 8MP Ultrawide နဲ႔ 2MP Depth sensor တို႔ကိုလည္း အားျဖည့္ထည့္သြင္းေပးထားပါေသးတယ္။ေရွ႕ဘက္ 16MP selfie ကင္မရာကိုေတာ့ notch အကြက္အတြင္းမွာ တပ္ဆင္ေပးထားပါတယ္။ဘက္ထရီပမာဏအေနနဲ႔ 4,000mAh ထည့္သြင္း‌ေပးထားၿပီး၊ 50W SuperVOOC ျမန္ႏႈန္းျမႇင့္ အားသြင္းစနစ္ကို ေထာက္ပံ့ေပးထားပါေသးတယ္။

Realme X2 Pro ရဲ႕ ေဈးႏႈန္းေတြကေတာ့ 6/64 GB ကို ျမန္မာေငြ ၆၇၀,၀၀၀ ခန႔္၊ 8/128 GB model ကိုေတာ့ ျမန္မာေငြ ၇၆၀,၀၀၀ ခန႔္နဲ႔ "Beast version" ျဖစ္တဲ့ 12/256 GB ကေတာ့ ျမန္မာေငြ ၈၄၀,၀၀၀ ခန႔္ က်သင့္မွာ ျဖစ္ပါတယ္။

Realme X2 ကေတာ့ ‌ေဈးႏႈန္းသင့္တင့္တဲ့ အလယ္လတ္တန္းစား စမတ္ဖုန္းပဲျဖစ္ၿပီး ၆.၄ လက္မရွိတဲ့ Super AMOLED FHD+ မ်က္ႏွာျပင္ကို တပ္ဆင္ေပးထားတာပါ။ Snapdragon 730 chipset နဲ႔ ေမာင္းႏွင္ေပးထားၿပီး၊ (64MP+8MP+2MP+2MP) ကင္မရာေလးလုံး ထည့္သြင္းေပးထားတာ ျဖစ္ပါတယ္။ 4,000mAh ဘက္ထရီကို 30W ျမန္ႏႈန္းျမႇင့္ အားသြင္းစနစ္နဲ႔ အားသြင္းႏိုင္မွာလည္း ျဖစ္ပါတယ္။ေဈးႏႈန္းအေနနဲ႔ 8/128 GB model ကို ျမန္မာေငြ ၅၁၀,၀၀၀ ခန႔္ က်သင့္မယ္လို႔လည္း သိရပါတယ္။

Damien