【 နည်းပညာ 】 စမတ်ဖုန်းထုတ်ကုန်သစ်ကို မတော်တဆဖော်ပြမိလိုက်တဲ့ Google

【 နည်းပညာ 】 စမတ်ဖုန်းထုတ်ကုန်သစ်ကို မတော်တဆဖော်ပြမိလိုက်တဲ့ Google

Google မှ တန်ဖိုးသင့်စမတ်ဖုန်းသစ်ကို ထုတ်လုပ်သွားတော့မယ်လို့ သတင်းတွေထွက်ပေါ်နေခဲ့တာ အချိန်ကြာမြင့်ခဲ့ပါပြီ။

Pixel 4a လို့ အမည်ရတဲ့ တန်ဖိုးသင့်စမတ်ဖုန်းရဲ့ ဒီဇိုင်းပုံစံနဲ့ပတ်သက်ပြီး ခန့်မှန်းသတင်းပေါင်းများစွာ ထွက်ပေါ်ခဲ့အပြီးမှာတော့ နောက်ဆုံးမှာတော့ အတည်ပြုလိုက်နိုင်ပြီ ဖြစ်ပါတယ်။

Google Pixel 4a ရဲ့ ဒီဇိုင်းပုံစံကို အတည်ပြုပေးခဲ့တာကတော့ အခြားမဟုတ်ပါဘူး၊ Google ကုမ္ပဏီကိုယ်တိုင်ပဲဖြစ်ပါတယ်။ Google အနေနဲ့ ကနေဒါစတိုးမှာ အဆိုပါ Pixel 4a စမတ်ဖုန်းပုံကို မတော်တဆ မှားယွင်းတင်မိခဲ့တာကနေ ကမ္ဘာကိုကြေညာလိုက်သလိုဖြစ်ခဲ့တာပါ။
ကနေဒါစတိုးမှာ Nest WiFi ထုတ်ကုန်ကို ကြေညာထားပေမယ့် တကယ်တမ်းတင်မိခဲ့တဲ့ပုံဟာ မိတ်ဆက်ထားခြင်းမရှိသေးတဲ့ Pixel 4a စမတ်ဖုန်းပုံဖြစ်နေခဲ့တာ ဖြစ်ပါတယ်။

Google မတော်တဆ ကြေညာခဲ့မိတဲ့ Pixel 4a ဟာ မျက်နှာပြင်ကိုအပေါက်ဖောက်ကာ ကင်မရာထည့်သွင်းထားတဲ့ မျက်နှာပြင်ပုံစံ punch-hole display ကို တပ်ဆင်ထားပြီး၊ စမတ်ဖုန်းရဲ့ နောက်ကျောဘက်မှာတော့ ကင်မရာတစ်လုံးနဲ့ လက်ဗွေဖတ်ကိရိယာကို ထည့်သွင်းထားတာ မြင်တွေ့ရပါတယ်။ဒါ့အပြင် စမတ်ဖုန်းရဲ့ မျက်နှာပြင်မှာ မေ ၁၂ ရက်စွဲစာသားကို မြင်တွေ့ရပြီး၊ Google  အနေနဲ့ ၄င်းရဲ့ I/O conference မှာ ကြေညာသွားဖို့ စီစဉ်ထားဖွယ်ရှိကြောင်း ယူဆရပါတယ်။

Pixel 4a စမတ်ဖုန်းသစ်ကို ဒီဇိုင်းပုံစံအတည်ပြုလိုက်နိုင်ပေမယ့် အသေးစိတ်အချက်အလက်တွေကတော့ သိရှိရခြင်းမရှိသေးပါဘူး။ဒါပေမယ့် တန်ဖိုးသင့်စတ်ဖုန်းလို့ဆိုထားတဲ့အတွက် အလယ်လတ်တန်းစွမ်းဆောင်ရည်နဲ့ ပွဲထွက်လာဖွယ်ရှိကြောင်း ဖော်ပြပေးလိုက်ပါတယ်။

Damien

( Zawgyi )

Google မွ တန္ဖိုးသင့္စမတ္ဖုန္းသစ္ကို ထုတ္လုပ္သြားေတာ့မယ္လို႔ သတင္းေတြထြက္ေပၚေနခဲ့တာ အခ်ိန္ၾကာျမင့္ခဲ့ပါၿပီ။

Pixel 4a လို႔ အမည္ရတဲ့ တန္ဖိုးသင့္စမတ္ဖုန္းရဲ႕ ဒီဇိုင္းပုံစံနဲ႔ပတ္သက္ၿပီး ခန႔္မွန္းသတင္းေပါင္းမ်ားစြာ ထြက္ေပၚခဲ့အၿပီးမွာေတာ့ ေနာက္ဆုံးမွာေတာ့ အတည္ျပဳလိုက္ႏိုင္ၿပီ ျဖစ္ပါတယ္။

Google Pixel 4a ရဲ႕ ဒီဇိုင္းပုံစံကို အတည္ျပဳေပးခဲ့တာကေတာ့ အျခားမဟုတ္ပါဘူး၊ Google ကုမၸဏီကိုယ္တိုင္ပဲျဖစ္ပါတယ္။ Google အေနနဲ႔ ကေနဒါစတိုးမွာ အဆိုပါ Pixel 4a စမတ္ဖုန္းပုံကို မေတာ္တဆ မွားယြင္းတင္မိခဲ့တာကေန ကမာၻကိုေၾကညာလိုက္သလိုျဖစ္ခဲ့တာပါ။
ကေနဒါစတိုးမွာ Nest WiFi ထုတ္ကုန္ကို ေၾကညာထားေပမယ့္ တကယ္တမ္းတင္မိခဲ့တဲ့ပုံဟာ မိတ္ဆက္ထားျခင္းမရွိေသးတဲ့ Pixel 4a စမတ္ဖုန္းပုံျဖစ္ေနခဲ့တာ ျဖစ္ပါတယ္။

Google မေတာ္တဆ ေၾကညာခဲ့မိတဲ့ Pixel 4a ဟာ မ်က္ႏွာျပင္ကိုအေပါက္ေဖာက္ကာ ကင္မရာထည့္သြင္းထားတဲ့ မ်က္ႏွာျပင္ပုံစံ punch-hole display ကို တပ္ဆင္ထားၿပီး၊ စမတ္ဖုန္းရဲ႕ ေနာက္ေက်ာဘက္မွာေတာ့ ကင္မရာတစ္လုံးနဲ႔ လက္ေဗြဖတ္ကိရိယာကို ထည့္သြင္းထားတာ ျမင္ေတြ႕ရပါတယ္။ဒါ့အျပင္ စမတ္ဖုန္းရဲ႕ မ်က္ႏွာျပင္မွာ ေမ ၁၂ ရက္စြဲစာသားကို ျမင္ေတြ႕ရၿပီး၊ Google  အေနနဲ႔ ၄င္းရဲ႕ I/O conference မွာ ေၾကညာသြားဖို႔ စီစဥ္ထားဖြယ္ရွိေၾကာင္း ယူဆရပါတယ္။

Pixel 4a စမတ္ဖုန္းသစ္ကို ဒီဇိုင္းပုံစံအတည္ျပဳလိုက္ႏိုင္ေပမယ့္ အေသးစိတ္အခ်က္အလက္ေတြကေတာ့ သိရွိရျခင္းမရွိေသးပါဘူး။ဒါေပမယ့္ တန္ဖိုးသင့္စတ္ဖုန္းလို႔ဆိုထားတဲ့အတြက္ အလယ္လတ္တန္းစြမ္းေဆာင္ရည္နဲ႔ ပြဲထြက္လာဖြယ္ရွိေၾကာင္း ေဖာ္ျပေပးလိုက္ပါတယ္။

Damien