【 နည်းပညာ 】 စကြာဝဠာရဲ့ အနက်ရှိုင်းဆုံးကို ကြည့်ရှုနိုင်မယ့် အဝေးကြည့်မှန်ပြောင်းသစ်

【 နည်းပညာ 】 စကြာဝဠာရဲ့ အနက်ရှိုင်းဆုံးကို ကြည့်ရှုနိုင်မယ့် အဝေးကြည့်မှန်ပြောင်းသစ်

အာကာသထဲသို့လွှတ်တင်ရန် နှစ်များစွာ ရွှေ့ဆိုင်းခဲ့ပြီးဖြစ်တဲ့ James Webb အာကာသအဝေးကြည့်မှန်ပြောင်းသစ်ဟာ ယခင် Hubble အဝေးကြည့်မှန်ပြောင်း အဆ ၁၀၀ ပိုမိုကောင်းမွန်လာမှာဖြစ်ပါတယ်။

James Webb အာကာသ‌အဝေးကြည့်မှန်ပြောင်းကို အာကာသထဲသို့ လွှတ်တင်ပြီး Hubble အဝေးကြည့်မှန်ပြောင်းနေရာကို အစားထိုးမှာဖြစ်ပါတယ်။

အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံခန့် ကုန်ကျထားခဲ့တဲ့ အာကာသအဝေးကြည့်မှန်ပြောင်း လွှတ်တင်မယ့် မစ်ရှင်ဟာ ကြိုးပမ်းခဲ့ဖူးသမျှ မစ်ရှင်များထဲ အကုန်အကျအများဆုံး မစ်ရှင်ဖြစ်လာခဲ့ပါတယ်။ချို့ယွင်းမှုပြဿနာများနဲ့ ဆက်သွယ်ရေးပြဿနာများ အကြိမ်ကြိမ်ကြုံတွေ့နေရတဲ့အတွက် ကုန်ကျစရိတ်ဟာ တစတစတိုးမြင့်လာခဲ့တာဖြစ်ပြီး၊ ယခုအချိန်ထိ လွှတ်တင်မယ့် အချိန်ဟာ မရေမရာဖြစ်နေဆဲဖြစ်ပါတယ်။ဒါပေမယ့် James Webb အာကာအဝေးကြည့်မှန်ပြောင်းကို လွှတ်တင်ပြီးပါက စကြာဝဠာအတွင်း ဖြစ်ပျက်နေသည်များနဲ့ အနက်ရှိုင်းဆုံးနေရာများကို လေ့လာကြည့်ရှုနိုင်မှာဖြစ်ပြီး၊ စကြာဝဠာကြီး စတင်ဖြစ်ပေါ်လာပုံနဲ့ အာကာသတွင်း ဓာတ်ရောင်ခြည်ဖြာထွက်မှုများကိုလည်း လေ့လာနိုင်မှာဖြစ်ပါတယ်။

နာဆာဘက်ကတော့ James Webb အာကာသအဝေးကြည့်မှန်ပြောင်းကို လွှတ်တင်ရန်အတွက် ဒုံးပျံပေါ်တွင် တပ်ဆင်ထားပြီဖြစ်ပေမယ့်၊ ရာသီဥတုက အဆင်မပြေဖြစ်နေတဲ့အတွက် လွှတ်တင်မှုဟာ ယခုလာမယ့် ဒီဇင်ဘာ ၂၅ ရက်ထက် စောနိုင်ဖွယ်ရာ မရှိပါဘူးဟု ထုတ်ပြန်ခဲ့ပါတယ်။

Damien
ဒီဇင်ဘာ - ၂၂