【 နည်းပညာ 】 စက်တင်ဘာလမှာ မြင်တွေ့ရဖွယ်ရှိတဲ့ iPhone 12 Models

【  နည်းပညာ  】 စက်တင်ဘာလမှာ မြင်တွေ့ရဖွယ်ရှိတဲ့ iPhone 12 Models

လက်ရှိအချိန်မှာ Apple ချစ်သူတွေ စောင့်မျှော်နေတဲ့သတင်းကတော့ iPhone အသစ်တွေရဲ့ သတင်းတွေပဲဖြစ်မှာပါ။

လက်ရှိမှာတော့ iPhone 12 Models တွေရဲ့ သတင်းတွေဟာ ထင်ကြေးအမျိုးမျိုးနဲ့ ထွက်ပေါ်နေပြီး ယခုနောက်ဆုံးသတင်းကတော့ မိတ်ဆက်မယ့်နေ့ရက်ပါ ပေါက်ကြားလာခဲ့တာဖြစ်ပါတယ်။

Apple အနေနဲ့ iPhone 12 Models တွေက်ု စက်တင်ဘာ ၈ ရက်နေ့မှာ မိတ်ဆက်သွားဖွယ်ရှိတယ်ဆိုပြီး tipster တစ်ဦးက တွစ်တာလူမှုကွန်ယက်မှာ တင်ခဲ့တာဖြစ်ပါတယ်။အဆိုပါ tipster ကပဲ Apple မှ စက်တင်ဘာ ၈ ရက်နေ့မှာ Apple မှ အွန်လိုင်းမိတ်ဆက်ပွဲပြုလုပ်သွားဖွယ်ရှိ‌ပြီး 5G ကွန်ယက် iPhone သစ်တွေ၊ Apple နာရီသစ်တွေနဲ့ အခြားသောထုတ်ကုန်သစ်တွေကို မိတ်ဆက်သွားဖွယ်ရှိနေတယ်လို့ ဆိုခဲ့ပါတယ်။ဒါ့အပြင် အောက်တိုဘာ ၂၇ ရက်နေ့မှာ နောက်ထပ်မိတ်ဆက်ပွဲတစ်ခု ထပ်မံပြုလုပ်သွားဖွယ်ရှိနေပြီး iPad Pro နဲ့ MacBook မော်ဒယ်သစ်တွေကို ချပြသွားမယ့်ပုံပါပဲ။

Apple ဘက်ကတော့ ဘယ်လိုအချက်‌အလက်တွေကိုမှ မျှဝေခြင်းမရှိသေးပါဘူး၊ သတင်းတွေအရဆိုရင်တော့ ၂၀၂၀ ခုနှစ် နှစ်ကုန်ပိုင်းမ‌ရောက်ခင်မှာပဲ iPhone 12 Models တွေကို မြင်တွေ့ရဖို့ကတော့ သေချာနေပြီဖြစ်ပါတယ်။

Damien

(  Zawgyi  )

 လက္ရွိအခ်ိန္မွာ Apple ခ်စ္သူေတြ ေစာင့္ေမွ်ာ္ေနတဲ့သတင္းကေတာ့ iPhone အသစ္ေတြရဲ႕ သတင္းေတြပဲျဖစ္မွာပါ။

လက္ရွိမွာေတာ့ iPhone 12 Models ေတြရဲ႕ သတင္းေတြဟာ ထင္ေၾကးအမ်ိဳးမ်ိဳးနဲ႔ ထြက္ေပၚေနၿပီး ယခုေနာက္ဆုံးသတင္းကေတာ့ မိတ္ဆက္မယ့္ေန႔ရက္ပါ ေပါက္ၾကားလာခဲ့တာျဖစ္ပါတယ္။

Apple အေနနဲ႔ iPhone 12 Models ေတြက္ု စက္တင္ဘာ ၈ ရက္ေန႔မွာ မိတ္ဆက္သြားဖြယ္ရွိတယ္ဆိုၿပီး tipster တစ္ဦးက တြစ္တာလူမႈကြန္ယက္မွာ တင္ခဲ့တာျဖစ္ပါတယ္။အဆိုပါ tipster ကပဲ Apple မွ စက္တင္ဘာ ၈ ရက္ေန႔မွာ Apple မွ အြန္လိုင္းမိတ္ဆက္ပြဲျပဳလုပ္သြားဖြယ္ရွိ‌ၿပီး 5G ကြန္ယက္ iPhone သစ္ေတြ၊ Apple နာရီသစ္ေတြနဲ႔ အျခားေသာထုတ္ကုန္သစ္ေတြကို မိတ္ဆက္သြားဖြယ္ရွိေနတယ္လို႔ ဆိုခဲ့ပါတယ္။ဒါ့အျပင္ ေအာက္တိုဘာ ၂၇ ရက္ေန႔မွာ ေနာက္ထပ္မိတ္ဆက္ပြဲတစ္ခု ထပ္မံျပဳလုပ္သြားဖြယ္ရွိေနၿပီး iPad Pro နဲ႔ MacBook ေမာ္ဒယ္သစ္ေတြကို ခ်ျပသြားမယ့္ပုံပါပဲ။

Apple ဘက္ကေတာ့ ဘယ္လိုအခ်က္‌အလက္ေတြကိုမွ မွ်ေဝျခင္းမရွိေသးပါဘူး၊ သတင္းေတြအရဆိုရင္ေတာ့ ၂၀၂၀ ခုႏွစ္ ႏွစ္ကုန္ပိုင္းမ‌ေရာက္ခင္မွာပဲ iPhone 12 Models ေတြကို ျမင္ေတြ႕ရဖို႔ကေတာ့ ေသခ်ာေနၿပီျဖစ္ပါတယ္။

Damien