【 နည်းပညာ 】 ကြိုးမဲ့နားကြပ်နှစ်မျိုးကို ZTE မိတ်ဆက်

【 နည်းပညာ 】 ကြိုးမဲ့နားကြပ်နှစ်မျိုးကို ZTE မိတ်ဆက်

ယမန်နေ့ကပဲ ZTE ကုမ္ပဏီမှ Axon 30 5G စမတ်ဖုန်းနဲ့အတူ ကြိုးမဲ့နားကြပ်နှစ်မျိုးကို မိတ်ဆက်ခဲ့ပါတယ်။

ZTE Buds နဲ့ LiveBuds Pro လို့ အမည်ရတဲ့ ကြိုးမဲ့နားကြပ်နှစ်မျိုးကို မိတ်ဆက်ခဲ့တာလည်းဖြစ်ပါတယ်။

ZTE Buds ဟာ Apple ရဲ့ AirPods နဲ့ ဒီဇိုင်းပုံစံဆင်တူပြီး နားထဲထည့်သွင်းရတဲ့ပုံစံဖြစ်ပါတယ်။ရေစို ချွေးစိုဒဏ်ကို ခံနိုင်မှာဖြစ်ပြီး ကြိုးမဲ့နားကြပ်ရဲ့ အလေးချိန်ကလည်းပေါ့ပါးကာ ၃.၄ ဂရမ်သာရှိမှာဖြစ်ပါတယ်။ ZTE ဘက်ကတော့ ZTE Buds ကြိုးမဲ့နားကြပ်ဟာ ၄ နာရီကြာ ဖုန်းပြောဆိုနိုင်ပြီး ၅ နာရီကြာ သီချင်းနားထောင်နိုင်မယ်လို့ ဆိုထားပါတယ်။အားသွင်းဘူးရဲ့ ဘက်ထရီကတော့ 500mAh ဖြစ်ပြီး အားသွင်းဘူးနဲ့ဆိုရင် ၂၄ နာရီ အသင့်အနေအထား ထားရှိနိုင်မယ်လို့ ဆိုပါတယ်။

LiveBuds Pro ကတော့ ZTE Buds ထက် ‌ပိုမိုဈေးနှုန်းမြင့်သွားမှာဖြစ်ပြီး ဒီဇိုင်းပုံစံလည်းကွဲပြားမှာဖြစ်ပါတယ်။နားကြပ်နှစ်ဖက်လုံးမှာ ပြင်ပဆူညံသံတွေ‌လျှော့ချပေးမယ့်နည်းပညာကို ထည့်သွင်းပေးထားပြီး ရေစို ချွေးစိုဒဏ်ကို ခံနိုင်မှာဖြစ်ပါတယ်။အားသွင်းဘူးနဲ့ဆိုရင် ၂၄ နာရီ အသင့်အနေအထား ထားရှိနိုင်မယ်လို့ ဆိုပါတယ်။

ZTE ရဲ့ ကြိုးမဲ့နားကြပ်နှစ်မျိုးလုံးဟာ အဖြူရောင်နဲ့ အနက်ရောင် နှစ်မျိုးသာ ထွက်ရှိမှာဖြစ်ပြီး၊ ZTE Buds ကို $26 (မြန်မာငွေ ၄၃,၀၀၀ ခန့်) နဲ့ LiveBuds Pro ကိုတော့ $54 (မြန်မာငွေ ၉၀,၀၀၀ ခန့်) ဈေးသတ်မှတ်ထားကြောင်း သိရပါတယ်။

Damien
ဇူလိုင် - ၂၈