【 နည်းပညာ 】 ကိုရိုနာဗိုင်းရပ်စ် ခြေရာခံဆော့ဖ်ဝဲလ်ကို မိတ်ဆက်လိုက်တဲ့ ဂျပန်

【 နည်းပညာ 】 ကိုရိုနာဗိုင်းရပ်စ် ခြေရာခံဆော့ဖ်ဝဲလ်ကို မိတ်ဆက်လိုက်တဲ့ ဂျပန်

လက်ရှိအချိန်မှာ ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်း၊ လူသားတိုင်းဟာ Covid-19 အမည်ရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ရောဂါကြီးကို တားဆီးကာကွယ်နေကြရပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးရယ်လို့ တိတိကျကျထွက်ရှိလာခြင်းမရှိသေးခင်မှာ အကောင်းဆုံးနည်းက‌တော့ ကြိုတင်ကာကွယ်ခြင်းပါပဲ။ဒါပေမယ့် ကြိုတင်ကာကွယ်ရာမှာလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရသူ လူနာတွေအချို့ဟာ မိမိတို့ကိုယ်တိုင် ကူးစက်ခံရမှန်းမသိပဲ ရောဂါလက္ခဏာပြသခြင်းမရှိပဲ ကူးစက်နေတာကို တွေ့ရှိရတဲ့နောက်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုလမ်းကြောင်းကို ခြေရာခံလိုက်နိုင်ဖို့ လိုအပ်လာခဲ့ပါပြီ။ဒီအတွက် ကမ္ဘာ့နိုင်ငံတွေဟာ ကိုရိုနာဗိုင်းရပ်စ် ခြေရာခံဆော့ဖ်ဝဲလ်ကိုထုတ်လုပ်ပြီး ကူးစက်ခံရသူတစ်ဦးမှ ထပ်မံဆင့်ပွားကူးစက်မှုကိုလျှော့ချရန် ကြိုးပမ်းလာခဲ့ကြပါတယ်။

လွန်ခဲ့တဲ့ရက်သတ္တပတ်တွေတုန်းက ဂျာမဏီနိုင်ငံမှ ကိုရိုနာဗိုင်းရပ်စ် ခြေရာခံဆော့ဖ်ဝဲလ်ကို စတင်မိတ်ဆက်အသုံးပြုခဲ့ပြီး၊ ယခုတော့ ဂျပန်နိုင်ငံမှလည်း ကိုရိုနာဗိုင်းရပ်စ် ခြေရာခံဆော့ဖ်ဝဲလ်ကို ထပ်မံမိတ်ဆက်ခဲ့ပါတယ်။အဆိုပါဆော့ဖ်ဝဲလ်ကို ဂျပန်နိုင်ငံမှ COCOA လို့ အမည်ပေးထားပြီး Microsoft ရဲ့ အင်ဂျင်နီယာတွေနဲ့ ပူးပေါင်းထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ COCOA ကိုရိုနာဗိုင်းရပ်စ် ခြေရာခံဆော့ဖ်ဝဲလ်ဟာလည်း Bluetooth ကွန်ယက်ကို အခြေခံကာ ထောက်လှမ်းပေးသွားမှာဖြစ်ပြီး၊ ဂျာမဏီနိုင်ငံရဲ့ ဆော့ဖ်ဝဲလ်နဲ့ လုပ်ဆောင်ပုံဆင်တူမှာပါ။ဂျပန်အစိုးရကတော့ COCOA ဆော့ဖ်ဝဲလ်ဟာ သုံးစွဲသူရဲ့ ကိုယ်ရေးအချက်အလက်တွေ၊ ဖုန်းနံပါတ်တွေနဲ့ တည်နေရာပြညွှန်းကိန်းတွေကို သိမ်းဆည်းရယူထားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။အကယ်၍ ပိုးတွေ့လူနာတစ်ယောက်ကို အနီးနား ၁ မီတာအကွာမှာ တွေ့ရှိပြီဆိုတာနဲ့ အနီးနားမှာရှိတဲ့ ဆော့ဖ်ဝဲလ်သုံးစွဲသူတွေကို အသိပေးသွားမှာလည်းဖြစ်ပါတယ်။

ဂျပန်နိုင်ငံရဲ့ COCOA ဆော့ဖ်ဝဲလ်ဟာ IOS ရော Android OS ရောမှာပါ အသုံးပြုနိုင်မှာလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းက လူသားတိုင်းဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်‌ရောဂါကို ကာကွယ်ဖို့အတွက် ကြိုးပမ်းနေကြဆဲဖြစ်ပြီး၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှ တိုက်တွန်းထားတဲ့ Mask တပ်ရန်၊ ခပ်ခွာခွာနေကြရန်၊ လက်ကိုစင်ကြယ်အောင် မကြာခနဆေးကြောရန် စတဲ့အချက်တွေကိုလိုက်နာပြီး ကူးစက်ကပ်ရောဂါကို ကာကွယ်ကြဖို့ အကြံပြုလိုက်ပါရစေ။

Damien
( Zawgyi )
လက္ရွိအခ်ိန္မွာ ကမာၻေပၚရွိ ႏိုင္ငံတိုင္း၊ လူသားတိုင္းဟာ Covid-19 အမည္ရ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ကပ္ေရာဂါႀကီးကို တားဆီးကာကြယ္ေနၾကရပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးရယ္လို႔ တိတိက်က်ထြက္ရွိလာျခင္းမရွိေသးခင္မွာ အေကာင္းဆုံးနည္းက‌ေတာ့ ႀကိဳတင္ကာကြယ္ျခင္းပါပဲ။ဒါေပမယ့္ ႀကိဳတင္ကာကြယ္ရာမွာလည္း ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံေနရသူ လူနာေတြအခ်ိဳ႕ဟာ မိမိတို႔ကိုယ္တိုင္ ကူးစက္ခံရမွန္းမသိပဲ ေရာဂါလကၡဏာျပသျခင္းမရွိပဲ ကူးစက္ေနတာကို ေတြ႕ရွိရတဲ့ေနာက္မွာေတာ့ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈလမ္းေၾကာင္းကို ေျခရာခံလိုက္ႏိုင္ဖို႔ လိုအပ္လာခဲ့ပါၿပီ။ဒီအတြက္ ကမာၻ႔ႏိုင္ငံေတြဟာ ကို႐ိုနာဗိုင္းရပ္စ္ ေျခရာခံေဆာ့ဖ္ဝဲလ္ကိုထုတ္လုပ္ၿပီး ကူးစက္ခံရသူတစ္ဦးမွ ထပ္မံဆင့္ပြားကူးစက္မႈကိုေလွ်ာ့ခ်ရန္ ႀကိဳးပမ္းလာခဲ့ၾကပါတယ္။

လြန္ခဲ့တဲ့ရက္သတၱပတ္ေတြတုန္းက ဂ်ာမဏီႏိုင္ငံမွ ကို႐ိုနာဗိုင္းရပ္စ္ ေျခရာခံေဆာ့ဖ္ဝဲလ္ကို စတင္မိတ္ဆက္အသုံးျပဳခဲ့ၿပီး၊ ယခုေတာ့ ဂ်ပန္ႏိုင္ငံမွလည္း ကို႐ိုနာဗိုင္းရပ္စ္ ေျခရာခံေဆာ့ဖ္ဝဲလ္ကို ထပ္မံမိတ္ဆက္ခဲ့ပါတယ္။အဆိုပါေဆာ့ဖ္ဝဲလ္ကို ဂ်ပန္ႏိုင္ငံမွ COCOA လို႔ အမည္ေပးထားၿပီး Microsoft ရဲ႕ အင္ဂ်င္နီယာေတြနဲ႔ ပူးေပါင္းထုတ္လုပ္ခဲ့တာျဖစ္ပါတယ္။ COCOA ကို႐ိုနာဗိုင္းရပ္စ္ ေျခရာခံေဆာ့ဖ္ဝဲလ္ဟာလည္း Bluetooth ကြန္ယက္ကို အေျခခံကာ ေထာက္လွမ္းေပးသြားမွာျဖစ္ၿပီး၊ ဂ်ာမဏီႏိုင္ငံရဲ႕ ေဆာ့ဖ္ဝဲလ္နဲ႔ လုပ္ေဆာင္ပုံဆင္တူမွာပါ။ဂ်ပန္အစိုးရကေတာ့ COCOA ေဆာ့ဖ္ဝဲလ္ဟာ သုံးစြဲသူရဲ႕ ကိုယ္ေရးအခ်က္အလက္ေတြ၊ ဖုန္းနံပါတ္ေတြနဲ႔ တည္ေနရာျပၫႊန္းကိန္းေတြကို သိမ္းဆည္းရယူထားမွာ မဟုတ္ဘူးလို႔ ဆိုပါတယ္။အကယ္၍ ပိုးေတြ႕လူနာတစ္ေယာက္ကို အနီးနား ၁ မီတာအကြာမွာ ေတြ႕ရွိၿပီဆိုတာနဲ႔ အနီးနားမွာရွိတဲ့ ေဆာ့ဖ္ဝဲလ္သုံးစြဲသူေတြကို အသိေပးသြားမွာလည္းျဖစ္ပါတယ္။

ဂ်ပန္ႏိုင္ငံရဲ႕ COCOA ေဆာ့ဖ္ဝဲလ္ဟာ IOS ေရာ Android OS ေရာမွာပါ အသုံးျပဳႏိုင္မွာလည္း ျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာ ကမာၻေပၚရွိ ႏိုင္ငံတိုင္းက လူသားတိုင္းဟာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္‌ေရာဂါကို ကာကြယ္ဖို႔အတြက္ ႀကိဳးပမ္းေနၾကဆဲျဖစ္ၿပီး၊ ကမာၻ႔က်န္းမာေရးအဖြဲ႕ႀကီးမွ တိုက္တြန္းထားတဲ့ Mask တပ္ရန္၊ ခပ္ခြာခြာေနၾကရန္၊ လက္ကိုစင္ၾကယ္ေအာင္ မၾကာခနေဆးေၾကာရန္ စတဲ့အခ်က္ေတြကိုလိုက္နာၿပီး ကူးစက္ကပ္ေရာဂါကို ကာကြယ္ၾကဖို႔ အႀကံျပဳလိုက္ပါရေစ။

Damien