【 နည်းပညာ 】 ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်ရေးထဲ ပါလာတဲ့ Huawei

【 နည်းပညာ 】 ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်ရေးထဲ ပါလာတဲ့ Huawei

တရုတ်နိုင်ငံအနေနဲ့ လက်ရှိအချိန်မှာ ဝူဟန်ဗိုင်းရပ်စ် (သို့) ကိုရိုနာဗိုင်းရပ်စ် အမည်ရ အဆုတ်ရောင်ရောဂါပိုးကို ထိန်းချုပ်နိုင်ရန် ကြိုးစားလျက်ရှိနေပါတယ်။

အဆိုပါ ထိန်းချုပ်မှု လုပ်ငန်းစဉ်တွေမှာ တရုတ်နိုင်ငံရဲ့ နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ Huawei မှလည်း ၎င်းရဲ့ နည်းပညာတွေနဲ့အတူ ကူညီပေးသွားမယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံ ဝူဟန်မြို့မှ ဖြစ်ပွားလာခဲ့တဲ့ အဆုတ်ရောင်ရောဂါပိုး ကိုရိုနာဗိုင်းရပ်စ်ဟာ လူပေါင်းနှစ်ရာခန့် ကူးစက်ခံခဲ့ရပြီဖြစ်ပြီး၊ ဒါဇင်အနည်းငယ်ဟာတော့ သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။ကူးစက်မှုမြန်ဆန်လာခဲ့တဲ့အတွက် ဝူဟန်မြို့ အ၀င်၊ အထွက်ကို ပိတ်ချခဲ့ပြီး စောင့်ကြည့်ကုသ‌မှု‌တွေကို လုပ်ဆောင်ခဲ့ရတာလည်း ဖြစ်ပါတယ်။ဒီလိုအနေအထားတွေ ဖြစ်ပေါ်နေချိန်မှာ နည်းပညာကုမ္ပဏီကြီး Huawei ဘက်ကလည်း အကူအညီပေးသွားမယ်လို့ ဆိုလိုက်ပါတယ်။

Huawei အနေနဲ့ ဇန်နဝါရီ ၂၃ ရက်ကတည်းက လူ ၁၅၀ ပါ၀င်တဲ့ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှု တားဆီးကာကွယ်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီးလည်း ဖြစ်ပါတယ်။ 5G base station တွေကို Hubei Mobile နဲ့ Hubei Unicom တို့နဲ့ ပူးပေါင်းကာ Wuhan Vulcan Mountain Hospital မှာ တည်ဆောက်ပြီးစီးခဲ့ပြီလို့လည်း သိရပါတယ်။ကိုရိုနာဗိုင်းရပ်စ် ကုသကာကွယ်ရန် Wuhan Vulcan Mountain Hospital ကို အလျင်အမြန်တည်ဆောက်လျက်ရှိပြီး အခြားသော နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ Xiaomi မှလည်း ပါ၀င်ကူညီပေးလျက်ရှိပါတယ်။အဆိုပါဆေးရုံကို လာမယ့် ရက်သတ္တပတ်မှာ ပြီးစီးရန် ရည်ရွယ်ထားပြီး Huawei ရဲ့ 5G base station တွေနဲ့ အလွန်တရာမြန်ဆန်တဲ့ အင်တာနက်လိုင်းကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ဆေးရုံမှာ တပ်ဆင်ထားတဲ့ Huawei ရဲ့ 5G အင်တာနက်လိုင်းကြောင့် အခြားသောမြို့များမှ ဆရာ၀န်များက ဝူဟန်မြို့ရှိ လူနာတွေကို စောင့်ကြည့်လေ့လာတာ၊ အကြံဉာဏ်ပေးတာတွေကို မျက်ချေမပြတ် ပြုလုပ်နိုင်မှာလည်း ဖြစ်ပါတယ်။

Huawei အနေနဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်မှုလုပ်ငန်းစဉ်တွေမှာ လူအနည်းငယ် ပါ၀င်တဲ့ Special Team နဲ့အတူ ဝူဟန်မြို့ ဆေးရုံအနီးနဲ့ အဓိကနေရာတွေမှာ လိုအပ်တဲ့ နည်းပညာအကူအညီတွေကို ဆက်လက်ပါ၀င် ကူညီပေးလျက်ရှိတယ်လို့လည်း သိရပါတယ်။

Damien

( Zawgyi )

တ႐ုတ္ႏိုင္ငံအေနနဲ႔ လက္ရွိအခ်ိန္မွာ ဝူဟန္ဗိုင္းရပ္စ္ (သို႔) ကို႐ိုနာဗိုင္းရပ္စ္ အမည္ရ အဆုတ္ေရာင္ေရာဂါပိုးကို ထိန္းခ်ဳပ္ႏိုင္ရန္ ႀကိဳးစားလ်က္ရွိေနပါတယ္။

အဆိုပါ ထိန္းခ်ဳပ္မႈ လုပ္ငန္းစဥ္ေတြမွာ တ႐ုတ္ႏိုင္ငံရဲ႕ နည္းပညာကုမၸဏီႀကီးျဖစ္တဲ့ Huawei မွလည္း ၎ရဲ႕ နည္းပညာေတြနဲ႔အတူ ကူညီေပးသြားမယ္လို႔ သိရပါတယ္။

တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕မွ ျဖစ္ပြားလာခဲ့တဲ့ အဆုတ္ေရာင္ေရာဂါပိုး ကို႐ိုနာဗိုင္းရပ္စ္ဟာ လူေပါင္းႏွစ္ရာခန႔္ ကူးစက္ခံခဲ့ရၿပီျဖစ္ၿပီး၊ ဒါဇင္အနည္းငယ္ဟာေတာ့ ေသဆုံးခဲ့ရၿပီး ျဖစ္ပါတယ္။ကူးစက္မႈျမန္ဆန္လာခဲ့တဲ့အတြက္ ဝူဟန္ၿမိဳ႕ အ၀င္၊ အထြက္ကို ပိတ္ခ်ခဲ့ၿပီး ေစာင့္ၾကည့္ကုသ‌မႈ‌ေတြကို လုပ္ေဆာင္ခဲ့ရတာလည္း ျဖစ္ပါတယ္။ဒီလိုအေနအထားေတြ ျဖစ္ေပၚေနခ်ိန္မွာ နည္းပညာကုမၸဏီႀကီး Huawei ဘက္ကလည္း အကူအညီေပးသြားမယ္လို႔ ဆိုလိုက္ပါတယ္။

Huawei အေနနဲ႔ ဇန္နဝါရီ ၂၃ ရက္ကတည္းက လူ ၁၅၀ ပါ၀င္တဲ့ ကို႐ိုနာဗိုင္းရပ္စ္ပ်ံ႕ႏွံ႔မႈ တားဆီးကာကြယ္ေရးအဖြဲ႕ကို ဖြဲ႕စည္းခဲ့ၿပီးလည္း ျဖစ္ပါတယ္။ 5G base station ေတြကို Hubei Mobile နဲ႔ Hubei Unicom တို႔နဲ႔ ပူးေပါင္းကာ Wuhan Vulcan Mountain Hospital မွာ တည္ေဆာက္ၿပီးစီးခဲ့ၿပီလို႔လည္း သိရပါတယ္။ကို႐ိုနာဗိုင္းရပ္စ္ ကုသကာကြယ္ရန္ Wuhan Vulcan Mountain Hospital ကို အလ်င္အျမန္တည္ေဆာက္လ်က္ရွိၿပီး အျခားေသာ နည္းပညာကုမၸဏီႀကီးျဖစ္တဲ့ Xiaomi မွလည္း ပါ၀င္ကူညီေပးလ်က္ရွိပါတယ္။အဆိုပါေဆး႐ုံကို လာမယ့္ ရက္သတၱပတ္မွာ ၿပီးစီးရန္ ရည္႐ြယ္ထားၿပီး Huawei ရဲ႕ 5G base station ေတြနဲ႔ အလြန္တရာျမန္ဆန္တဲ့ အင္တာနက္လိုင္းကို အသုံးျပဳႏိုင္မွာ ျဖစ္ပါတယ္။ေဆး႐ုံမွာ တပ္ဆင္ထားတဲ့ Huawei ရဲ႕ 5G အင္တာနက္လိုင္းေၾကာင့္ အျခားေသာၿမိဳ႕မ်ားမွ ဆရာ၀န္မ်ားက ဝူဟန္ၿမိဳ႕ရွိ လူနာေတြကို ေစာင့္ၾကည့္ေလ့လာတာ၊ အႀကံဉာဏ္ေပးတာေတြကို မ်က္ေခ်မျပတ္ ျပဳလုပ္ႏိုင္မွာလည္း ျဖစ္ပါတယ္။

Huawei အေနနဲ႔ ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္မႈလုပ္ငန္းစဥ္ေတြမွာ လူအနည္းငယ္ ပါ၀င္တဲ့ Special Team နဲ႔အတူ ဝူဟန္ၿမိဳ႕ ေဆး႐ုံအနီးနဲ႔ အဓိကေနရာေတြမွာ လိုအပ္တဲ့ နည္းပညာအကူအညီေတြကို ဆက္လက္ပါ၀င္ ကူညီေပးလ်က္ရွိတယ္လို႔လည္း သိရပါတယ္။

Damien