【 နည်းပညာ 】 ကိုယ်ရေးအချက်အလက် ချိုးဖောက်မှုနဲ့ တိုင်ကြားခံလိုက်တဲ့ Apple

【 နည်းပညာ 】 ကိုယ်ရေးအချက်အလက် ချိုးဖောက်မှုနဲ့ တိုင်ကြားခံလိုက်တဲ့ Apple

ကိုယ်ရေးကိုယ်တာ အချက်အလက်များ လုံခြုံရေးအတွက် တက်ကြွလှုပ်ရှား‌သူ Max Schrems ဦးဆောင်သော အဖွဲ့မှ iPhone, iPad တွေ ထုတ်လုပ်တဲ့ ကုမ္ပဏီကြီး Apple ကို တိုင်ကြားလိုက်တယ်လို့ သိရပါတယ်။

Apple ရဲ့ အွန်လိုင်းစောင့်ကြည့်နည်းပညာဟာ EU ရဲ့ ဥပဒေတွေကို ‌ချိုးဖောက်နေတယ်လို့ တိုင်ကြားခဲ့တာဖြစ်ပြီး၊ iPhone အသုံးပြုသူတွေဟာ ၎င်းတို့ရဲ့ ခွင့်ပြုချက်မရှိပဲ ကိုယ်ရေးအချက်အလက်တွေ ချိုးဖောက်ခံနေရတယ်လို့လည်း ဆိုပါတယ်။

Apple ကုမ္ပဏီဘက်ကတော့ ၎င်းတို့ဟာ အသုံးပြုသူတွေရဲ့ ကိုယ်ရေးလုံခြုံမှုကို လွန်စွာအလေးထားကြောင်း၊ အချက်အလက်လုံခြုံမှုကို အသာလွန်ဆုံးသော ကာကွယ်မှုတွေနဲ့ အသုံးပြုသူတွေကို ထောက်ပံ့ပေးထားကြောင်း ပြောကြားထားခဲ့ဖူးပါတယ်။

Noyb လို့ အမည်ရတဲ့ Max Schrems ဦးဆောင်တဲ့ အဖွဲ့ကတော့ Apple မှ စောင့်ကြည့်ကုဒ်တစ်ခုကို အသုံးပြုပြီး ဒေတာအချက်အလက်တွေကို ချိုးဖောက်နေတာလို့ ဆိုခဲ့ပြီး၊ iPhone အားလုံးမှာ စတင်အသုံးပြုလိုက်နဲ့ စောင့်ကြည့်ကုဒ်က အလို‌အ‌လျောက် အသက်ဝင်သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ဒါ့အပြင် အဆိုပါကုဒ်ဟာ စမတ်ဖုန်းအတွင်း သိမ်းဆည်းမောင်းနှင်နေပြီး iPhone အသုံးပြုသူ သုံးစွဲနေသမျှ ကိုယ်ရေးအချက်အလက်တွေကို အခွင့်မရှိပဲ စောင့်ကြည့်နေတာဖြစ်တယ်လို့လည်း Max Schrems က ပြောကြားခဲ့ပါတယ်။

ဒီလိုအချက်အလက်တွေ စောင့်ကြည့်မှုဟာ EU ရဲ့ ကိုယ်ရေးအချက်အလက် ဉပဒေတွေကို ရှင်းလင်းစွာ ချိုးဖောက်နေတာဖြစ်တယ်လို့ Noyb ရဲ့ ရှေ့နေ Rossetti က ပြောကြားခဲ့ပြီး၊ EU ရဲ့ အီလက်ထရောနစ် ဉပဒေအရ အသုံးပြုသူရဲ့ ကိုယ်ရေးအချက်အလက်တွေကို စောင့်ကြည့်ရန် တရားဝင်ခွင့်ပြုချက်လိုတယ်လို့လည်း ဆိုပါတယ်။

Damien

( Zawgyi )

ကိုယ္ေရးကိုယ္တာ အခ်က္အလက္မ်ား လုံၿခဳံေရးအတြက္ တက္ႂကြလႈပ္ရွား‌သူ Max Schrems ဦးေဆာင္ေသာ အဖြဲ႕မွ iPhone, iPad ေတြ ထုတ္လုပ္တဲ့ ကုမၸဏီႀကီး Apple ကို တိုင္ၾကားလိုက္တယ္လို႔ သိရပါတယ္။

Apple ရဲ႕ အြန္လိုင္းေစာင့္ၾကည့္နည္းပညာဟာ EU ရဲ႕ ဥပေဒေတြကို ‌ခ်ိဳးေဖာက္ေနတယ္လို႔ တိုင္ၾကားခဲ့တာျဖစ္ၿပီး၊ iPhone အသုံးျပဳသူေတြဟာ ၎တို႔ရဲ႕ ခြင့္ျပဳခ်က္မရွိပဲ ကိုယ္ေရးအခ်က္အလက္ေတြ ခ်ိဳးေဖာက္ခံေနရတယ္လို႔လည္း ဆိုပါတယ္။

Apple ကုမၸဏီဘက္ကေတာ့ ၎တို႔ဟာ အသုံးျပဳသူေတြရဲ႕ ကိုယ္ေရးလုံၿခဳံမႈကို လြန္စြာအေလးထားေၾကာင္း၊ အခ်က္အလက္လုံၿခဳံမႈကို အသာလြန္ဆုံးေသာ ကာကြယ္မႈေတြနဲ႔ အသုံးျပဳသူေတြကို ေထာက္ပံ့ေပးထားေၾကာင္း ေျပာၾကားထားခဲ့ဖူးပါတယ္။

Noyb လို႔ အမည္ရတဲ့ Max Schrems ဦးေဆာင္တဲ့ အဖြဲ႕ကေတာ့ Apple မွ ေစာင့္ၾကည့္ကုဒ္တစ္ခုကို အသုံးျပဳၿပီး ေဒတာအခ်က္အလက္ေတြကို ခ်ိဳးေဖာက္ေနတာလို႔ ဆိုခဲ့ၿပီး၊ iPhone အားလုံးမွာ စတင္အသုံးျပဳလိုက္နဲ႔ ေစာင့္ၾကည့္ကုဒ္က အလို‌အ‌ေလ်ာက္ အသက္ဝင္သြားမွာျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။ဒါ့အျပင္ အဆိုပါကုဒ္ဟာ စမတ္ဖုန္းအတြင္း သိမ္းဆည္းေမာင္းႏွင္ေနၿပီး iPhone အသုံးျပဳသူ သုံးစြဲေနသမွ် ကိုယ္ေရးအခ်က္အလက္ေတြကို အခြင့္မရွိပဲ ေစာင့္ၾကည့္ေနတာျဖစ္တယ္လို႔လည္း Max Schrems က ေျပာၾကားခဲ့ပါတယ္။

ဒီလိုအခ်က္အလက္ေတြ ေစာင့္ၾကည့္မႈဟာ EU ရဲ႕ ကိုယ္ေရးအခ်က္အလက္ ဉပေဒေတြကို ရွင္းလင္းစြာ ခ်ိဳးေဖာက္ေနတာျဖစ္တယ္လို႔ Noyb ရဲ႕ ေရွ႕ေန Rossetti က ေျပာၾကားခဲ့ၿပီး၊ EU ရဲ႕ အီလက္ထေရာနစ္ ဉပေဒအရ အသုံးျပဳသူရဲ႕ ကိုယ္ေရးအခ်က္အလက္ေတြကို ေစာင့္ၾကည့္ရန္ တရားဝင္ခြင့္ျပဳခ်က္လိုတယ္လို႔လည္း ဆိုပါတယ္။

Damien