【 နည်းပညာ 】 ကမ္ဘာ့ပထမဆုံး ကြိုးမဲ့နားကြပ်ပါဝင်လာတဲ့ Lenovo Laptop

【 နည်းပညာ 】 ကမ္ဘာ့ပထမဆုံး ကြိုးမဲ့နားကြပ်ပါဝင်လာတဲ့ Lenovo Laptop

Lenovo အမှတ်တံဆိပ်ဟာ Laptop ဈေးကွက်မှာ နာမည်ကြီးပြီး စမတ်ဖုန်းတွေကိုလည်း ထုတ်လုပ်နေတဲ့ ကုမ္ပဏီလည်းဖြစ်ပါတယ်။

ဒါပေမယ့် ၎င်းအမှတ်တံဆိပ်မှ ကြိုးမဲ့နားကြပ်တော့ ထွက်ရှိလာခြင်းမရှိသေးပါဘူး။

ယခုတော့ Lenovo မှ ထူးခြားတဲ့ Laptop တစ်လုံးကို မိတ်ဆက်လိုက်ကြောင်း သိရပါတယ်။ TWS Earbuds (ကြိုးမဲ့နားကြပ်) တစ်ခါတည်းပါဝင်တဲ့ ကမ္ဘာ့ပထမဆုံး Laptop ကွန်ပျူတာသစ်ကို မိတ်ဆက်လိုက်ဝာာဖြစ်ပြီး၊ Laptop နဲ့အတူ ပါဝင်လာတဲ့ ကြိုးမဲ့နားကြပ်ဟာလည်း Lenovo အတွက် ပထမဆုံး ကြိုးမဲ့နားကြပ်ထုတ်ကုန်ဖြစ်လာခဲ့ပါတယ်။

Lenovo ရဲ့ Laptop သစ်ကို ThinBook 15 Gen 2 လို့ အမည်ပေးထားပြီး၊ Intel နဲ့ AMD processors တွေနဲ့ ဈေးကွက်တင်လာမှာပါ။တစ်ခုရှိတာကတော့ TWS Earbuds (ကြိုးမဲ့နားကြပ်) ဟာ Intel processor နဲ့ မော်ဒယ်မှာပဲ ပါဝင်လာမယ်လို့ သိရပါတယ်။ကြိုးမဲ့နားကြပ်တွေကို Laptop ရဲ့ ဘေးဘက် CD, DVD Tray ထုတ်သလိုမျိုး ဆွဲထုတ်ရမှာဖြစ်ပြီး၊ ‌Laptop ထဲကို ပြန်လည်ထည့်သွင်းလိုက်ရုံနဲ့ ကြိုးမဲ့နားကြပ်ကို အားပြန်သွင်းနိုင်မယ်လို့ သိရပါတယ်။

မျက်နှာပြင်အရွယ်အစားကတော့ ၁၅.၆ လက်မဖြစ်ပြီး၊ ထိတွေ့မျက်နှာပြင်နဲ့ model လည်း ထွက်ရှိလာမယ်လို့ ဆိုပါတယ်။နောက်ပိုင်း Laptop တွေမှာ ပါဝင်လာတဲ့ လက်‌ဗွေဖတ်ကိရိယာလည်း ပါဝင်လာတယ်လို့ သိရပါတယ်။

ဈေးနှုန်းကတော့ AMD model ဟာ မြန်မာငွေ ၇ သိန်းကျော်ကနေ စတင်မှာဖြစ်ပြီး၊ Intel model ကတော့ မြန်မာငွေ ၇ သိန်းခွဲကနေ စတင်ကျသင့်မယ်လို့ ဆိုပါတယ်။

Damien

( Zawgyi )

Lenovo အမွတ္တံဆိပ္ဟာ Laptop ေဈးကြက္မွာ နာမည္ႀကီးၿပီး စမတ္ဖုန္းေတြကိုလည္း ထုတ္လုပ္ေနတဲ့ ကုမၸဏီလည္းျဖစ္ပါတယ္။

ဒါေပမယ့္ ၎အမွတ္တံဆိပ္မွ ႀကိဳးမဲ့နားၾကပ္ေတာ့ ထြက္ရွိလာျခင္းမရွိေသးပါဘူး။

ယခုေတာ့ Lenovo မွ ထူးျခားတဲ့ Laptop တစ္လုံးကို မိတ္ဆက္လိုက္ေၾကာင္း သိရပါတယ္။ TWS Earbuds (ႀကိဳးမဲ့နားၾကပ္) တစ္ခါတည္းပါဝင္တဲ့ ကမာၻ႔ပထမဆုံး Laptop ကြန္ပ်ဴတာသစ္ကို မိတ္ဆက္လိုက္ဝာာျဖစ္ၿပီး၊ Laptop နဲ႔အတူ ပါဝင္လာတဲ့ ႀကိဳးမဲ့နားၾကပ္ဟာလည္း Lenovo အတြက္ ပထမဆုံး ႀကိဳးမဲ့နားၾကပ္ထုတ္ကုန္ျဖစ္လာခဲ့ပါတယ္။

Lenovo ရဲ႕ Laptop သစ္ကို ThinBook 15 Gen 2 လို႔ အမည္ေပးထားၿပီး၊ Intel နဲ႔ AMD processors ေတြနဲ႔ ေဈးကြက္တင္လာမွာပါ။တစ္ခုရွိတာကေတာ့ TWS Earbuds (ႀကိဳးမဲ့နားၾကပ္) ဟာ Intel processor နဲ႔ ေမာ္ဒယ္မွာပဲ ပါဝင္လာမယ္လို႔ သိရပါတယ္။ႀကိဳးမဲ့နားၾကပ္ေတြကို Laptop ရဲ႕ ေဘးဘက္ CD, DVD Tray ထုတ္သလိုမ်ိဳး ဆြဲထုတ္ရမွာျဖစ္ၿပီး၊ ‌Laptop ထဲကို ျပန္လည္ထည့္သြင္းလိုက္႐ုံနဲ႔ ႀကိဳးမဲ့နားၾကပ္ကို အားျပန္သြင္းႏိုင္မယ္လို႔ သိရပါတယ္။

မ်က္ႏွာျပင္အ႐ြယ္အစားကေတာ့ ၁၅.၆ လက္မျဖစ္ၿပီး၊ ထိေတြ႕မ်က္ႏွာျပင္နဲ႔ model လည္း ထြက္ရွိလာမယ္လို႔ ဆိုပါတယ္။ေနာက္ပိုင္း Laptop ေတြမွာ ပါဝင္လာတဲ့ လက္‌ေဗြဖတ္ကိရိယာလည္း ပါဝင္လာတယ္လို႔ သိရပါတယ္။

ေဈးႏႈန္းကေတာ့ AMD model ဟာ ျမန္မာေငြ ၇ သိန္းေက်ာ္ကေန စတင္မွာျဖစ္ၿပီး၊ Intel model ကေတာ့ ျမန္မာေငြ ၇ သိန္းခြဲကေန စတင္က်သင့္မယ္လို႔ ဆိုပါတယ္။

Damien