【 နည်းပညာ 】 ကမ္ဘာနဲ့ နီးကပ်နေတဲ့ ဂြိုဟ်သိမ်နှစ်ခုကို တရုတ်နက္ခတ္တဗေဒပညာရှင်တွေ ရှာဖွေတွေ့ရှိခဲ့

【 နည်းပညာ 】 ကမ္ဘာနဲ့ နီးကပ်နေတဲ့ ဂြိုဟ်သိမ်နှစ်ခုကို တရုတ်နက္ခတ္တဗေဒပညာရှင်တွေ ရှာဖွေတွေ့ရှိခဲ့

ပေကျင်း၊ ဒီဇင်ဘာ - ၁

ကမ္ဘာနဲ့ နီးကပ်စွာ တည်ရှိနေတဲ့ ဂြိုဟ်သိမ်နှစ်ခုကို တရုတ်နက္ခတ္တဗေဒပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။

မြောက်ကမ္ဘာခြမ်းတစ်ခုလုံးရဲ့ ကောင်းကင်ယံကို လွှမ်းခြုံကြည့်ရှုနိုင်တဲ့ မြင်ကွင်းကျယ် အဝေးကြည့်မှန်ပြောင်းနဲ့ အဆိုပါဂြိုဟ်သိမ်နှစ်ခုကို တရုတ်နက္ခတ္တဗေဒပညာရှင်တွေက တွေ့ရှိခဲ့တာပါ။

Wide Field Survey Telescope (WFST) လို့ အမည်ရတဲ့ မြင်ကွင်းကျယ် အဝေးကြည့်မှန်ပြောင်းကို တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း၊ ချင်းဟိုင်ပြည်နယ်မှာ တပ်ဆင်ထားပြီး၊ ပြီးခဲ့တဲ့ စက်တင်ဘာလက စတင်လည်ပတ်ခဲ့တာဖြစ်ပါတယ်။ WFST အဝေးကြည့်မှန်ပြောင်းကို အသုံးပြုပြီး ကောင်းကင်ယံကို လေ့လာကြည့်ရှုမှုတွေ ပြုလုပ်ခဲ့ရာမှာ နိုဝင်ဘာ ၁၈ ရက်နေ့မှာတော့ ကမ္ဘာနဲ့ နီးကပ်စွာ တည်ရှိနေတဲ့ ဂြိုဟ်သိမ်နှစ်ခုကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။

အဆိုပါဂြိုဟ်သိမ်နှစ်ခုကို 2023 WX1 နဲ့ 2023 WB2 လို့ အမည်ပေး သတ်မှတ်ခဲ့ပါတယ်။

ထိုဂြိုဟ်သိမ်နှစ်ခုထဲက 2023 WX1 ဟာ ကမ္ဘာပတ်လမ်းဆုံနဲ့ အကွာအဝေးနီးကပ်စွာ တည်ရှိနေတဲ့အတွက် ကမ္ဘာအတွက် အန္တရာယ်ရှိတဲ့ ဂြိုဟ်သိမ်အဖြစ် အမျိုးအစားခွဲခြား သတ်မှတ်ထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

Wide Field Survey Telescope (WFST) လို့ အမည်ရ မြင်ကွင်းကျယ် အဝေးကြည့်မှန်ပြောင်းကို တရုတ်သိပ္ပံနဲ့ နည်းပညာတက္ကသိုလ်၊ တရုတ်သိပ္ပံအကယ်ဒမီတို့ ပူးပေါင်းပြီး တီထွင်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

Damien
Ref - CMG