【 နည်းပညာ 】 ကင်မရာနည်းပညာသစ်နဲ့ ပွဲထွက်လာနိုင်တဲ့ Xiaomi Mi 10 Ultra

【 နည်းပညာ 】 ကင်မရာနည်းပညာသစ်နဲ့ ပွဲထွက်လာနိုင်တဲ့ Xiaomi Mi 10 Ultra

စမတ်ဖုန်းမျက်နှာပြင်အောက်မှာ ရှေ့ဘက် ကင်မရာကိုမြှုပ်ထားပြီး တပ်ဆင်ထားတဲ့ နည်းပညာသစ်ကို လွန်ခဲ့တဲ့နှစ်ကပဲ Xiaomi, Oppo နဲ့ Samsung တို့မှ ထုတ်ပြခဲ့ပါတယ်။

ဒါပေမယ့် အဆိုပါကင်မရာနည်းပညာသစ်နဲ့ စမတ်ဖုန်းကတော့ စျေးကွက်ထဲကို ရောက်ရှိလာခြင်းမရှိခဲ့ပါဘူး။ Xiaomi မှ Mi 10 Ultra အမည်ရ စမတ်ဖုန်းတွေကို မိတ်ဆက်သွားမယ်လို့ ကြေညာခဲ့အပြီးမှာတော့ ကမ္ဘာ့ပထမဆုံး ကင်မရာနည်းပညာသစ်နဲ့ စမတ်ဖုန်းကို မြင်တွေ့ရနိုင်တယ်ဆိုပြီး သတင်းတွေ ကျယ်ကျယ်လောင်လောင်ထွက်လာခဲ့ပါတယ်။

ယခု ၂၀၂၀ ခုနှစ် ဩဂုတ်လဟာ တရုတ်နည်းပညာကုမ္ပဏီကြီး Xiaomi ရဲ့ ၁၀ နှစ် ပြည့်မြောက်တဲ့နှစ်လည်း ဖြစ်ပါတယ်။ ၁၀ နှစ်ပြည့် အထိန်းအမှတ်အဖြစ် Xiaomi မှ ထုတ်ကုန်သစ်များစွာကို လာမယ့် ဩဂုတ် ၁၁ ရက်နေ့မှာ မိတ်ဆက်ကြေညာသွားမယ်လို့လည်း သိရပါတယ်။ Xiaomi ရဲ့ CEO လေကျွင်း (Lei Jun) မှ အဆိုပါမိတ်ဆက်ပွဲမှာ Mi 10 Ultra စမတ်ဖုန်းတွေကို မိတ်ဆက်သွားမယ်လို့လည်း  ဆိုထားပါတယ်။ Mi 10 Ultra စမတ်ဖုန်းရဲ့ သတင်းတွေကတော့ မိတ်မဆက်ခင်ကတည်းက ကျယ်လောင်နေပြီဖြစ်ပြီး၊ စမတ်ဖုန်းလောကကို အံ့အားသင့်သွားစေနိုင်တယ်လို့ ဆိုကြပါတယ်။သတင်းတွေအရ Xiaomi Mi 10 Ultra မှာ စမတ်ဖုန်းမျက်နှာပြင်အောက်မှာ ရှေ့ဘက် ကင်မရာကိုမြှုပ်ထားပြီး တပ်ဆင်ထားတဲ့ နည်းပညာသစ် (Under Display Camera) ပါဝင်လာမယ်လို့ သိရပါတယ်။ Xiaomi အနေနဲ့ Mi Mix Alpha လို နည်းပညာသစ် စမတ်ဖုန်းကိုလည်း ချပြခဲ့ဖူးတဲ့အတွက် ဒီသတင်းတွေဟာ အမှန်ဖြစ်လာဖို့များပြီး၊ Mi 10 Ultra လို့ ယူဆရတဲ့ စမတ်ဖုန်းပုံတွေဟာလည်း အွန်လိုင်းပေါ်မှာ ပေါက်ကြားလာခဲ့ပါတယ်။

Xiaomi မှ Mi 10 Ultra ကို Version ၂ မျိုး ထုတ်လုပ်ရောင်းချသွားမယ်လို့ သိရပြီး၊ ဩဂုတ် ၁၁ ရက်နေ့မှာ စမတ်ဖုန်းလောကကို Xiaomi ဘယ်လိုကိုင်လှုပ်သွားမလဲကတော့ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Damien

( Zawgyi )

စမတ္ဖုန္းမ်က္ႏွာျပင္ေအာက္မွာ ေရွ႕ဘက္ ကင္မရာကိုျမႇဳပ္ထားၿပီး တပ္ဆင္ထားတဲ့ နည္းပညာသစ္ကို လြန္ခဲ့တဲ့ႏွစ္ကပဲ Xiaomi, Oppo နဲ႔ Samsung တို႔မွ ထုတ္ျပခဲ့ပါတယ္။

ဒါေပမယ့္ အဆိုပါကင္မရာနည္းပညာသစ္နဲ႔ စမတ္ဖုန္းကေတာ့ ေစ်းကြက္ထဲကို ေရာက္ရွိလာျခင္းမရွိခဲ့ပါဘူး။ Xiaomi မွ Mi 10 Ultra အမည္ရ စမတ္ဖုန္းေတြကို မိတ္ဆက္သြားမယ္လို႔ ေၾကညာခဲ့အၿပီးမွာေတာ့ ကမာၻ႔ပထမဆုံး ကင္မရာနည္းပညာသစ္နဲ႔ စမတ္ဖုန္းကို ျမင္ေတြ႕ရႏိုင္တယ္ဆိုၿပီး သတင္းေတြ က်ယ္က်ယ္ေလာင္ေလာင္ထြက္လာခဲ့ပါတယ္။

ယခု ၂၀၂၀ ခုႏွစ္ ဩဂုတ္လဟာ တ႐ုတ္နည္းပညာကုမၸဏီႀကီး Xiaomi ရဲ႕ ၁၀ ႏွစ္ ျပည့္ေျမာက္တဲ့ႏွစ္လည္း ျဖစ္ပါတယ္။ ၁၀ ႏွစ္ျပည့္ အထိန္းအမွတ္အျဖစ္ Xiaomi မွ ထုတ္ကုန္သစ္မ်ားစြာကို လာမယ့္ ဩဂုတ္ ၁၁ ရက္ေန႔မွာ မိတ္ဆက္ေၾကညာသြားမယ္လို႔လည္း သိရပါတယ္။ Xiaomi ရဲ႕ CEO ေလကြၽင္း (Lei Jun) မွ အဆိုပါမိတ္ဆက္ပြဲမွာ Mi 10 Ultra စမတ္ဖုန္းေတြကို မိတ္ဆက္သြားမယ္လို႔လည္း  ဆိုထားပါတယ္။ Mi 10 Ultra စမတ္ဖုန္းရဲ႕ သတင္းေတြကေတာ့ မိတ္မဆက္ခင္ကတည္းက က်ယ္ေလာင္ေနၿပီျဖစ္ၿပီး၊ စမတ္ဖုန္းေလာကကို အံ့အားသင့္သြားေစႏိုင္တယ္လို႔ ဆိုၾကပါတယ္။သတင္းေတြအရ Xiaomi Mi 10 Ultra မွာ စမတ္ဖုန္းမ်က္ႏွာျပင္ေအာက္မွာ ေရွ႕ဘက္ ကင္မရာကိုျမႇဳပ္ထားၿပီး တပ္ဆင္ထားတဲ့ နည္းပညာသစ္ (Under Display Camera) ပါဝင္လာမယ္လို႔ သိရပါတယ္။ Xiaomi အေနနဲ႔ Mi Mix Alpha လို နည္းပညာသစ္ စမတ္ဖုန္းကိုလည္း ခ်ျပခဲ့ဖူးတဲ့အတြက္ ဒီသတင္းေတြဟာ အမွန္ျဖစ္လာဖို႔မ်ားၿပီး၊ Mi 10 Ultra လို႔ ယူဆရတဲ့ စမတ္ဖုန္းပုံေတြဟာလည္း အြန္လိုင္းေပၚမွာ ေပါက္ၾကားလာခဲ့ပါတယ္။

Xiaomi မွ Mi 10 Ultra ကို Version ၂ မ်ိဳး ထုတ္လုပ္ေရာင္းခ်သြားမယ္လို႔ သိရၿပီး၊ ဩဂုတ္ ၁၁ ရက္ေန႔မွာ စမတ္ဖုန္းေလာကကို Xiaomi ဘယ္လိုကိုင္လႈပ္သြားမလဲကေတာ့ ဆက္လက္ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

Damien