【 နည်းပညာ 】 ကင်မရာနည်းပညာသစ်နဲ့ ကမ္ဘာ့ပထမဆုံးစမတ်ဖုန်း ထွက်ရှိလာ

【 နည်းပညာ 】 ကင်မရာနည်းပညာသစ်နဲ့ ကမ္ဘာ့ပထမဆုံးစမတ်ဖုန်း ထွက်ရှိလာ

စမတ်ဖုန်းလောကမှာ အဆန်းသစ်ဆုံး ကင်မရာနည်းပညာသစ်ပါဝင်လာတဲ့ စမတ်ဖုန်းကတော့ ထွက်ရှိလာခဲ့ပါပြီ။

တရုတ်နည်းပညာကုမ္ပဏီကြီး ZTE မှ မိတ်ဆက်လိုက်တဲ့ ZTE Axon 20 5G စမတ်ဖုန်းကတော့ Under-Display Camera ပါဝင်လာတဲ့ ကမ္ဘာ့ပထမဆုံးစမတ်ဖုန်း ဖြစ်လာခဲ့ပြီလို့ သိရပါတယ်။

Under-Display Camera နည်းပညာသစ်ကို အသုံးပြုဖို့ Samsung, Xiaomi, vivo, Oppo တို့လို စမတ်ဖုန်းကုမ္ပဏီကြီးတွေဟာ အပြိုင်အဆိုင်ကြိုးပမ်းခဲ့ကြတာပါ။ဒါပေမယ့် ZTE ကုမ္ပဏီက ကင်မရာနည်းပညာသစ် ပြိုင်ပွဲကို ZTE Axon 20 5G နဲ့ အနိုင်ရရှိခဲ့ပြီလည်း ဖြစ်ပါတယ်။

ZTE Axon 20 5G ဟာ အလယ်လတ်တန်းစွမ်းဆောင်ရည်နဲ့ ပွဲထွက်လာတာဖြစ်ပြီး၊ ကျောဘက်မှာ 64MP အဓိကကင်မရာ၊ မြင်ကွင်းကျယ်ရိုက်ကူးရန် 8MP, 2MP macro နဲ့ 2MP depth ကင်မရာလေးလုံးတပ်ဆင်ပေးထားတာ မြင်တွေ့ရပါတယ်။ရှေ့ဘက်ကင်မရာကိုတော့ မျက်နှာပြင်အောက် မြှုပ်နှံတပ်ဆင်ထားတဲ့ နည်းပညာသစ် Under-Display Camera 32MP ကို ထည့်သွင်းပေးထားတာဖြစ်ပါတယ်။အဆိုပါနည်းပညာသစ်ကြောင့် အခြားသောစမတ်ဖုန်းတွေလို ရှေ့ဘက်ကင်မရာကို မြင်တွေ့ရတော့မှာမဟုတ်ပဲ မျက်နှာပြင်မြင်ကွင်းကျယ်ကို ခံစားနိုင်မှာပါ။

ZTE အနေနဲ့ Under-Display Camera နည်းပညာသစ်မှာ အဓိကအဟန့်အတားဖြစ်တဲ့ လုံလောက်တဲ့ အလင်းမရပဲ ဓာတ်ပုံထွက်ညံ့တဲ့ အခက်အခဲကို ကိုယ်ပိုင် အလင်းအာရုံခံကိရိယာအသစ်နဲ့ ဖြေရှင်းနိုင်ခဲ့ပြီး၊ မျက်နှာပြင်အောက် ကင်မရာတပ်ထားတာကို မပေါ်လွင်အောင် မျက်နှာပြင်နဲ့ တသားတည်းဖြစ်အောင် ပြင်ဆင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ကမ္ဘာ့ပထမဆုံး ကင်မရာနည်းပညာသစ်နဲ့ စမတ်ဖုန်းကို ZTE ရောင်းချသွားမယ့် စျေးနှုန်းကတော့ အမြင့်ဆုံး version ကို မြန်မာငွေ ၅၅၀,၀၀၀ ခန့်နဲ့ဖြစ်ပြီး၊ အရောင်လေးမျိုးထွက်ရှိလာမယ်လို့ သိရပါတယ်။

Damien

( Zawgyi )

စမတ္ဖုန္းေလာကမွာ အဆန္းသစ္ဆုံး ကင္မရာနည္းပညာသစ္ပါဝင္လာတဲ့ စမတ္ဖုန္းကေတာ့ ထြက္ရွိလာခဲ့ပါၿပီ။

တ႐ုတ္နည္းပညာကုမၸဏီႀကီး ZTE မွ မိတ္ဆက္လိုက္တဲ့ ZTE Axon 20 5G စမတ္ဖုန္းကေတာ့ Under-Display Camera ပါဝင္လာတဲ့ ကမာၻ႔ပထမဆုံးစမတ္ဖုန္း ျဖစ္လာခဲ့ၿပီလို႔ သိရပါတယ္။

Under-Display Camera နည္းပညာသစ္ကို အသုံးျပဳဖို႔ Samsung, Xiaomi, vivo, Oppo တို႔လို စမတ္ဖုန္းကုမၸဏီႀကီးေတြဟာ အၿပိဳင္အဆိုင္ႀကိဳးပမ္းခဲ့ၾကတာပါ။ဒါေပမယ့္ ZTE ကုမၸဏီက ကင္မရာနည္းပညာသစ္ ၿပိဳင္ပြဲကို ZTE Axon 20 5G နဲ႔ အႏိုင္ရရွိခဲ့ၿပီလည္း ျဖစ္ပါတယ္။

ZTE Axon 20 5G ဟာ အလယ္လတ္တန္းစြမ္းေဆာင္ရည္နဲ႔ ပြဲထြက္လာတာျဖစ္ၿပီး၊ ေက်ာဘက္မွာ 64MP အဓိကကင္မရာ၊ ျမင္ကြင္းက်ယ္႐ိုက္ကူးရန္ 8MP, 2MP macro နဲ႔ 2MP depth ကင္မရာေလးလုံးတပ္ဆင္ေပးထားတာ ျမင္ေတြ႕ရပါတယ္။ေရွ႕ဘက္ကင္မရာကိုေတာ့ မ်က္ႏွာျပင္ေအာက္ ျမႇဳပ္ႏွံတပ္ဆင္ထားတဲ့ နည္းပညာသစ္ Under-Display Camera 32MP ကို ထည့္သြင္းေပးထားတာျဖစ္ပါတယ္။အဆိုပါနည္းပညာသစ္ေၾကာင့္ အျခားေသာစမတ္ဖုန္းေတြလို ေရွ႕ဘက္ကင္မရာကို ျမင္ေတြ႕ရေတာ့မွာမဟုတ္ပဲ မ်က္ႏွာျပင္ျမင္ကြင္းက်ယ္ကို ခံစားႏိုင္မွာပါ။

ZTE အေနနဲ႔ Under-Display Camera နည္းပညာသစ္မွာ အဓိကအဟန္႔အတားျဖစ္တဲ့ လုံေလာက္တဲ့ အလင္းမရပဲ ဓာတ္ပုံထြက္ညံ့တဲ့ အခက္အခဲကို ကိုယ္ပိုင္ အလင္းအာ႐ုံခံကိရိယာအသစ္နဲ႔ ေျဖရွင္းႏိုင္ခဲ့ၿပီး၊ မ်က္ႏွာျပင္ေအာက္ ကင္မရာတပ္ထားတာကို မေပၚလြင္ေအာင္ မ်က္ႏွာျပင္နဲ႔ တသားတည္းျဖစ္ေအာင္ ျပင္ဆင္ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။

ကမာၻ႔ပထမဆုံး ကင္မရာနည္းပညာသစ္နဲ႔ စမတ္ဖုန္းကို ZTE ေရာင္းခ်သြားမယ့္ ေစ်းႏႈန္းကေတာ့ အျမင့္ဆုံး version ကို ျမန္မာေငြ ၅၅၀,၀၀၀ ခန္႔နဲ႔ျဖစ္ၿပီး၊ အေရာင္ေလးမ်ိဳးထြက္ရွိလာမယ္လို႔ သိရပါတယ္။

Damien