【 နည်းပညာ 】၂၀၂၁ ခုနှစ်မှာ မြင်‌တွေ့ရတော့မယ့် Huawei ရဲ့ HarmonyOS 2.0

【  နည်းပညာ  】၂၀၂၁ ခုနှစ်မှာ မြင်‌တွေ့ရတော့မယ့် Huawei ရဲ့ HarmonyOS 2.0

Huawei ရဲ့ ကြိုးပမ်းနေဆဲ ကိုယ်ပိုင် Operation System ဖြစ်တဲ့ "HarmonyOS" ဟာ ယခု ဆိုရင် version 2.0 သို့ အဆင့်မြှင့်တင်နိုင်လိုက်ပြီလို့ ကြာသပတေးနေ့က ကျင်းပတဲ့ Huawei Developer Conference ပွဲမှာ တရုတ်နည်းပညာကုမ္ပဏီကြီးက ကြေညာလိုက်ပါတယ်။

အခုလောလောဆယ်တော့ အဆိုပါ ကိုယ်ပိုင် OS ကို Huawei နဲ့ Honor အမှတ်တံဆိပ် စမတ် တီဗီတွေမှာသာ အသုံးပြုနိုင်သေးတာဖြစ်ပြီး၊ ဒါပေမယ့် ၂၀၂၁ ခုနှစ်မှာတော့ စမတ်ဖုန်းတွေမှာ အသုံးပြုနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

Huawei ရဲ့ Consumer Business အကြီးအကဲ ရစ်ချတ်ယူကတော့ "၂၀၂၁ ခုနှစ်မှာ HarmonyOS ကို Huawei စမတ်ဖုန်းအားလုံးတွင် ထောက်ပံ့ပေးနိုင်မယ်" လို့ ပြောကြား ခဲ့ပါတယ်။

"HarmonyOS 2.0 ဟာ စက်ကိရိယာ တစ်ခုနဲ့ တစ်ခု ချိတ်ဆက်အသုံးပြုရာမှာ အလွန်မြန် ဆန်ပြီး ၁၀ မီလီစက္ကန့်သာ ကြာချိန်ရှိတယ်" လို့လည်း Huawei Consumer Business မှ ဆော့ဖ်ဝဲလ်ပိုင်း အကြီးအကဲ ဝန်ချန်းလူ က Conference ပွဲမှာ ရှင်းပြခဲ့ပါသေးတယ်။

HarmonyOS 2.0 ဟာ အဆင့်မြှင့်တင်ပြီးနောက် စွမ်းဆောင်ရည်ပိုမိုကောင်းမွန်လာပြီဖြစ်ကာ HarmonyOS 2.0 အသုံးပြုထားတဲ့ စမတ်တီဗီကို စမတ်ဖုန်းနဲ့ စမတ်စပီကာတွေကို ချိတ်ဆက် ကြည့်တဲ့အခါမှာလည်း အဆင်ပြေစွာချိတ်ဆက်နိုင်ပြီလို့လည်း သိရပါတယ်။ဒါ့အပြင် ဝမ်းသာ စရာသတင်းကတော့ HarmonyOS 2.0 ဟာ Open Source ဖြစ်ပါတယ်လို့ Huawei က ကြေညာသွားခဲ့ဝာာပါပဲ။ဒီအတွက် တစ်ခုတည်းသော Open Source ဖြစ်တဲ့ Android OS အတွက် HarmonyOS 2.0 က ပြိုင်ဘက်ကောင်းဖြစ်လာတော့မှာ အသေအချာပါပဲ။

တရုတ်နည်းပညာကုမ္ပဏီကြီး Huawei ရဲ့ HarmonyOS 2.0 ဟာ နည်းပညာလောကအတွက် အကြီးမားဆုံးသော အရွေ့တစ်ခုဖြစ်လာတော့မှာပါ။ IOS, Windows OS နဲ့ Android OS တို့ ကြီးစိုးနေတဲ့ နည်းပညာလောကမှာ အသစ်ထပ်မံထွက်ပေါ်လာမယ့် HarmonyOS 2.0 ဟာ ဘယ်လောက်ထိ နယ်ပယ်ချဲ့ထွင်လာမလဲ ဆိုတာကတော့.......။

Damien

(  Zawgyi  )

 

 Huawei ရဲ႕ ႀကိဳးပမ္းေနဆဲ ကိုယ္ပိုင္ Operation System ျဖစ္တဲ့ "HarmonyOS" ဟာ ယခု ဆိုရင္ version 2.0 သို႔ အဆင့္ျမႇင့္တင္ႏိုင္လိုက္ၿပီလို႔ ၾကာသပေတးေန႔က က်င္းပတဲ့ Huawei Developer Conference ပြဲမွာ တ႐ုတ္နည္းပညာကုမၸဏီႀကီးက ေၾကညာလိုက္ပါတယ္။

အခုေလာေလာဆယ္ေတာ့ အဆိုပါ ကိုယ္ပိုင္ OS ကို Huawei နဲ႔ Honor အမွတ္တံဆိပ္ စမတ္ တီဗီေတြမွာသာ အသုံးျပဳႏိုင္ေသးတာျဖစ္ၿပီး၊ ဒါေပမယ့္ ၂၀၂၁ ခုႏွစ္မွာေတာ့ စမတ္ဖုန္းေတြမွာ အသုံးျပဳႏိုင္ဖို႔ ရည္႐ြယ္ထားတယ္လို႔ သိရပါတယ္။

Huawei ရဲ႕ Consumer Business အႀကီးအကဲ ရစ္ခ်တ္ယူကေတာ့ "၂၀၂၁ ခုႏွစ္မွာ HarmonyOS ကို Huawei စမတ္ဖုန္းအားလုံးတြင္ ေထာက္ပံ့ေပးႏိုင္မယ္" လို႔ ေျပာၾကား ခဲ့ပါတယ္။

"HarmonyOS 2.0 ဟာ စက္ကိရိယာ တစ္ခုနဲ႔ တစ္ခု ခ်ိတ္ဆက္အသုံးျပဳရာမွာ အလြန္ျမန္ ဆန္ၿပီး ၁၀ မီလီစကၠန႔္သာ ၾကာခ်ိန္ရွိတယ္" လို႔လည္း Huawei Consumer Business မွ ေဆာ့ဖ္ဝဲလ္ပိုင္း အႀကီးအကဲ ဝန္ခ်န္းလူ က Conference ပြဲမွာ ရွင္းျပခဲ့ပါေသးတယ္။

HarmonyOS 2.0 ဟာ အဆင့္ျမႇင့္တင္ၿပီးေနာက္ စြမ္းေဆာင္ရည္ပိုမိုေကာင္းမြန္လာၿပီျဖစ္ကာ HarmonyOS 2.0 အသုံးျပဳထားတဲ့ စမတ္တီဗီကို စမတ္ဖုန္းနဲ႔ စမတ္စပီကာေတြကို ခ်ိတ္ဆက္ ၾကည့္တဲ့အခါမွာလည္း အဆင္ေျပစြာခ်ိတ္ဆက္ႏိုင္ၿပီလို႔လည္း သိရပါတယ္။ဒါ့အျပင္ ဝမ္းသာ စရာသတင္းကေတာ့ HarmonyOS 2.0 ဟာ Open Source ျဖစ္ပါတယ္လို႔ Huawei က ေၾကညာသြားခဲ့ဝာာပါပဲ။ဒီအတြက္ တစ္ခုတည္းေသာ Open Source ျဖစ္တဲ့ Android OS အတြက္ HarmonyOS 2.0 က ၿပိဳင္ဘက္ေကာင္းျဖစ္လာေတာ့မွာ အေသအခ်ာပါပဲ။

တ႐ုတ္နည္းပညာကုမၸဏီႀကီး Huawei ရဲ႕ HarmonyOS 2.0 ဟာ နည္းပညာေလာကအတြက္ အႀကီးမားဆုံးေသာ အေ႐ြ႕တစ္ခုျဖစ္လာေတာ့မွာပါ။ IOS, Windows OS နဲ႔ Android OS တို႔ ႀကီးစိုးေနတဲ့ နည္းပညာေလာကမွာ အသစ္ထပ္မံထြက္ေပၚလာမယ့္ HarmonyOS 2.0 ဟာ ဘယ္ေလာက္ထိ နယ္ပယ္ခ်ဲ႕ထြင္လာမလဲ ဆိုတာကေတာ့.......။

Damien