【 နည်းပညာ 】အရှက်တကွဲဖြစ်ခဲ့တဲ့ တွစ်တာရဲ့ အကြီးမားဆုံး ဖောက်ထွင်းခံရမှုကြီး

【  နည်းပညာ  】အရှက်တကွဲဖြစ်ခဲ့တဲ့ တွစ်တာရဲ့ အကြီးမားဆုံး ဖောက်ထွင်းခံရမှုကြီး

ကမ္ဘာကျော် လူမှုကွန်ရက်ကြီးဖြစ်တဲ့ တွစ်တာဟာ ၎င်းရဲ့လုံခြုံရေးအားနည်းချက်တွေကြောင့် သမိုင်း‌တလျှောက် အဆိုးရွားဆုံးသော ဖောက်ထွင်းမှုကြီးကို ခံလိုက်ရပါတယ်။

တွစ်တာရဲ့ သမိုင်းမှာ အကြီးမားဆုံးဖောက်ထွင်းခံရမှုကြီးအဖြစ် ကမ္ဘာမှာထင်ရှား လူသိများတဲ့ပုဂ္ဂိုလ်တွေရဲ့ အကောင့်တွေဟာ ခိုးယူခံခဲ့ရပြီး အလွဲသုံးအပြုခံခဲ့ရတာလည်း ဖြစ်ပါတယ်။

အမေရိကန်သမ္မဟောင်း ဘာရက် အိုဘားမား၊ စွန့်ဦးတီထွင်သူ အီလွန်မက်စ်၊ Microsoft ရဲ့ ပဲ့ကိုင်ရှင် ဘီလ်ဂိတ်စ်နဲ့  အဆိုတော် ကန်ယီဝက်စ်တို့ရဲ့ တွစ်တာအကောင့်တွေဟာ ဟက်ခ် (Hack) ခိုးယူဖောက်ထွင်းခံခဲ့ရတာဖြစ်ပါတယ်။

ဟက်ခ်ကာ (Hacker) တွေကတော့ ၎င်းတို့ဖောက်ထွင်းရယူထားတဲ့ ထင်ရှားလူသိများပုဂ္ဂိုလ်တွေရဲ့ အကောင့်တွေနဲ့ အခြားသုံးစွဲသူများရဲ့ ငွေကြေးတွေကိုရယူရန် ပစ်မှတ်ထားခဲ့ကြတာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ တွစ်တာမှ နောက်ထပ်အကောင့်ဘယ်လောက်များများ ဖောက်ထွင်းခံရတယ်ဆိုတာ မသိရှိသေးပဲ၊ လုံခြုံရေးဆိုင်ရာ အားနည်းချက်တွေကြောင့် ဖောက်ထွင်းခံရတယ်လို့ ယူဆရပါတယ်။

တွစ်တာကတော့ ဖောက်ထွင်းခံရတဲ့ နာမည်ကြီးပုဂ္ဂိုလ်များ အကောင့်တွေကို ထိန်းသိမ်းထားပြီဖြစ်ပြီး၊ အဆိုပါအကောင့်များ တည်ငြိမ်သွားချိန်မှာ အကောင့်ပိုင်ရှင်များထံ ပြန်လည်အပ်နှံသွားမယ် ဆိုပါတယ်။

ပထမဆုံး ဖောက်ထွင်းခံရသူကတော့ စွန့်ဦးတီထွင်သူ အီလွန်မက်စ်ဖြစ်ပြီး၊ သူ့ထံ Bitcoin ဒေါ်လာတစ်သောင်း လွှဲပေးပါက ‌ဒေါ်လာနှစ်သောင်း ပြန်လွှဲပေးသွားမယ်လို့ ရေးသားခဲ့တာဖြစ်ပါတယ်။၎င်းနောက်မှာတော့ အိုဘားမား၊ ဂျိုးဘိုင်ဒင်၊ ဘီလ်ဂိတ်စ်၊ ကင်မ်ကာဒီရှန်တို့မှလည်း မက်စ်ကဲ့သို့ ရေးသားခဲ့တာဖြစ်ပါတယ်။

Damien

(  Zawgyi  )

 ကမာၻေက်ာ္ လူမႈကြန္ရက္ႀကီးျဖစ္တဲ့ တြစ္တာဟာ ၎ရဲ႕လုံၿခဳံေရးအားနည္းခ်က္ေတြေၾကာင့္ သမိုင္း‌တေလွ်ာက္ အဆိုး႐ြားဆုံးေသာ ေဖာက္ထြင္းမႈႀကီးကို ခံလိုက္ရပါတယ္။

တြစ္တာရဲ႕ သမိုင္းမွာ အႀကီးမားဆုံးေဖာက္ထြင္းခံရမႈႀကီးအျဖစ္ ကမာၻမွာထင္ရွား လူသိမ်ားတဲ့ပုဂၢိဳလ္ေတြရဲ႕ အေကာင့္ေတြဟာ ခိုးယူခံခဲ့ရၿပီး အလြဲသုံးအျပဳခံခဲ့ရတာလည္း ျဖစ္ပါတယ္။

အေမရိကန္သမၼေဟာင္း ဘာရက္ အိုဘားမား၊ စြန႔္ဦးတီထြင္သူ အီလြန္မက္စ္၊ Microsoft ရဲ႕ ပဲ့ကိုင္ရွင္ ဘီလ္ဂိတ္စ္နဲ႔  အဆိုေတာ္ ကန္ယီဝက္စ္တို႔ရဲ႕ တြစ္တာအေကာင့္ေတြဟာ ဟက္ခ္ (Hack) ခိုးယူေဖာက္ထြင္းခံခဲ့ရတာျဖစ္ပါတယ္။

ဟက္ခ္ကာ (Hacker) ေတြကေတာ့ ၎တို႔ေဖာက္ထြင္းရယူထားတဲ့ ထင္ရွားလူသိမ်ားပုဂၢိဳလ္ေတြရဲ႕ အေကာင့္ေတြနဲ႔ အျခားသုံးစြဲသူမ်ားရဲ႕ ေငြေၾကးေတြကိုရယူရန္ ပစ္မွတ္ထားခဲ့ၾကတာျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာ တြစ္တာမွ ေနာက္ထပ္အေကာင့္ဘယ္ေလာက္မ်ားမ်ား ေဖာက္ထြင္းခံရတယ္ဆိုတာ မသိရွိေသးပဲ၊ လုံၿခဳံေရးဆိုင္ရာ အားနည္းခ်က္ေတြေၾကာင့္ ေဖာက္ထြင္းခံရတယ္လို႔ ယူဆရပါတယ္။

တြစ္တာကေတာ့ ေဖာက္ထြင္းခံရတဲ့ နာမည္ႀကီးပုဂၢိဳလ္မ်ား အေကာင့္ေတြကို ထိန္းသိမ္းထားၿပီျဖစ္ၿပီး၊ အဆိုပါအေကာင့္မ်ား တည္ၿငိမ္သြားခ်ိန္မွာ အေကာင့္ပိုင္ရွင္မ်ားထံ ျပန္လည္အပ္ႏွံသြားမယ္ ဆိုပါတယ္။

ပထမဆုံး ေဖာက္ထြင္းခံရသူကေတာ့ စြန႔္ဦးတီထြင္သူ အီလြန္မက္စ္ျဖစ္ၿပီး၊ သူ႔ထံ Bitcoin ေဒၚလာတစ္ေသာင္း လႊဲေပးပါက ‌ေဒၚလာႏွစ္ေသာင္း ျပန္လႊဲေပးသြားမယ္လို႔ ေရးသားခဲ့တာျဖစ္ပါတယ္။၎ေနာက္မွာေတာ့ အိုဘားမား၊ ဂ်ိဳးဘိုင္ဒင္၊ ဘီလ္ဂိတ္စ္၊ ကင္မ္ကာဒီရွန္တို႔မွလည္း မက္စ္ကဲ့သို႔ ေရးသားခဲ့တာျဖစ္ပါတယ္။

Damien