【 နည်းပညာ 】အမေရိကန်က အရောင်းစတိုးတွေကို ပြန်ပိတ်လိုက်တဲ့ Apple

 【  နည်းပညာ  】အမေရိကန်က အရောင်းစတိုးတွေကို ပြန်ပိတ်လိုက်တဲ့ Apple

 အမေရိကန်နိုင်ငံမှာ Covid-19 ရောဂါ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုပြန်လည်မြင့်တက်လာရာမှာ နည်းပညာကုမ္ပဏီကြီး Apple အနေနဲ့ ၎င်းရဲ့ အချို့သော အရောင်းစတိုးတွေကို ပြန်ပိတ်လိုက်ပြီလို့ သိရပါတယ်။

Apple အရောင်းဆိုင်တွေရဲ့ အကြီးအကဲမှ သောကြာနေ့က အချို့စတိုးတွေ ပြန်လည်ပိတ်ထားကြောင်း ကြေညာပေးခဲ့တာဖြစ်ပြီး၊ လုံခြုံစိတ်ချရတဲ့ အချိန်ကာလကောက်မှသာ ပြန်လည်ဖွင့်လှစ်သွားမယ်လို့ ဆိုပါတယ်။

Apple အနေနဲ့ ဖလော်ရီဒါ၊ အရီဇိုးနား၊ တောင်ကယ်ရိုလိုင်းနားနဲ့ မြောက်ကယ်ရိုလိုင်းနား ပြည်နယ်တွေက စတိုးတွေကို ယာယီ ပိတ်သိမ်းခဲ့တာဖြစ်ပါတယ်။အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ပြန်လည်မြင့်တက်လာခဲ့ပြီးနောက်မှာ ယခုလို ယာယီပိတ်သိမ်းထားဖို့ ဆုံးဖြတ်ချက်ချခဲ့တာလည်းဖြစ်ပါတယ်။ Apple ရဲ့ ရှယ်ယာရှင်တစ်ဦးပြောကြားချက်အရ အဆိုပါပြည်နယ် တွေထဲက စတိုးပေါင်း ၁၁ ဆိုင်ကို ပိတ်သိမ်းသွားဖွယ်ရှိနေပြီး၊ ၀.၅ ရာခိုင်နှုန်း ကျဆင်းသွားမယ်လို့ ဆိုပါတယ်။

Apple ကတော့ Lockdown ပိတ်ပင်တားမြစ်မှုတွေ လျှော့ချအပြီးမှာ အမေရိကန်နိုင်ငံတဝန်း စတိုးပေါင်း ၁၀၀ ကျော်ကို ပြန်လည် ဖွင့်လှစ်ဖို့ ရည်ရွယ်ထားခဲ့တာလည်း ဖြစ်ပါတယ်။

ဇွန်လ ၂၀ ရက်နေ့မှာတော့ အမေရိကန်နိုင်ငံတဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ပြန်လည်မြင့်တက်လာခဲ့ပြီး၊ လူနှစ်သိန်းကျော် ကူးစက်ခံရကာ လူဦးရေ ၁၁၈,၃၉၆ သေဆုံးခဲ့ရပြီးဖြစ်တယ်လို့ သတင်းများအရ သိရပါတယ်။

Damien

(  Zawgyi  )

 အေမရိကန္ႏိုင္ငံမွာ Covid-19 ေရာဂါ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈျပန္လည္ျမင့္တက္လာရာမွာ နည္းပညာကုမၸဏီႀကီး Apple အေနနဲ႔ ၎ရဲ႕ အခ်ိဳ႕ေသာ အေရာင္းစတိုးေတြကို ျပန္ပိတ္လိုက္ၿပီလို႔ သိရပါတယ္။

Apple အေရာင္းဆိုင္ေတြရဲ႕ အႀကီးအကဲမွ ေသာၾကာေန႔က အခ်ိဳ႕စတိုးေတြ ျပန္လည္ပိတ္ထားေၾကာင္း ေၾကညာေပးခဲ့တာျဖစ္ၿပီး၊ လုံၿခဳံစိတ္ခ်ရတဲ့ အခ်ိန္ကာလေကာက္မွသာ ျပန္လည္ဖြင့္လွစ္သြားမယ္လို႔ ဆိုပါတယ္။

Apple အေနနဲ႔ ဖေလာ္ရီဒါ၊ အရီဇိုးနား၊ ေတာင္ကယ္႐ိုလိုင္းနားနဲ႔ ေျမာက္ကယ္႐ိုလိုင္းနား ျပည္နယ္ေတြက စတိုးေတြကို ယာယီ ပိတ္သိမ္းခဲ့တာျဖစ္ပါတယ္။အေမရိကန္ႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈေတြ ျပန္လည္ျမင့္တက္လာခဲ့ၿပီးေနာက္မွာ ယခုလို ယာယီပိတ္သိမ္းထားဖို႔ ဆုံးျဖတ္ခ်က္ခ်ခဲ့တာလည္းျဖစ္ပါတယ္။ Apple ရဲ႕ ရွယ္ယာရွင္တစ္ဦးေျပာၾကားခ်က္အရ အဆိုပါျပည္နယ္ ေတြထဲက စတိုးေပါင္း ၁၁ ဆိုင္ကို ပိတ္သိမ္းသြားဖြယ္ရွိေနၿပီး၊ ၀.၅ ရာခိုင္ႏႈန္း က်ဆင္းသြားမယ္လို႔ ဆိုပါတယ္။

Apple ကေတာ့ Lockdown ပိတ္ပင္တားျမစ္မႈေတြ ေလွ်ာ့ခ်အၿပီးမွာ အေမရိကန္ႏိုင္ငံတဝန္း စတိုးေပါင္း ၁၀၀ ေက်ာ္ကို ျပန္လည္ ဖြင့္လွစ္ဖို႔ ရည္႐ြယ္ထားခဲ့တာလည္း ျဖစ္ပါတယ္။

ဇြန္လ ၂၀ ရက္ေန႔မွာေတာ့ အေမရိကန္ႏိုင္ငံတဝန္း ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈ ျပန္လည္ျမင့္တက္လာခဲ့ၿပီး၊ လူႏွစ္သိန္းေက်ာ္ ကူးစက္ခံရကာ လူဦးေရ ၁၁၈,၃၉၆ ေသဆုံးခဲ့ရၿပီးျဖစ္တယ္လို႔ သတင္းမ်ားအရ သိရပါတယ္။

Damien