【 နည်းပညာ 】အမိုက်စားစွမ်းဆောင်ရည်တွေနဲ့ Redmi K30 Ultra

【  နည်းပညာ  】အမိုက်စားစွမ်းဆောင်ရည်တွေနဲ့ Redmi K30 Ultra

တရုတ်နည်းပညာကုမ္ပဏီကြီး Xiaomi မှာ ၎င်းရဲ့ ၁၀ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စမတ်ဖုန်းသစ်တွေနဲ့ ထုတ်ကုန်သစ်တွေကို မိတ်ဆက်ခဲ့ပါတယ်။

Xiaomi မှ အားလုံးမျှော်လင့်နေတဲ့ Mi 10 Ultra ကို မိတ်ဆက်ခဲ့သလို အမိုက်စားစွမ်းဆောင်ရည်တွေ ပါဝင်တဲ့ Redmi K30 Ultra ကိုလည်း တစ်ပါတည်းမိတ်ဆက်ခဲ့တာ မြင်တွေ့ရပါတယ်။

Xiaomi ရဲ့ မိတ်ဆက်ပွဲမှာ လူတိုင်း Mi 10 Ultra ကို စိတ်ဝင်စားခဲ့ကြပေမယ့် ဈေးနှုန်းသက်သာပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ Redmi K30 Ultra ကို ပိုမိုအသားပေးဖော်ပြလိုပါတယ်။

Redmi ရဲ့ K30 series မှာ နောက်ဆုံးထုတ်ကုန်ဖြစ်လာခဲ့တဲ့ Redmi K30 Ultra ဟာ အလယ်လတ်တန်းစား စမတ်ဖုန်းဈေးကွက်ကို ကိုင်လှုပ်လိုက်သလိုပါပဲ။ထိတွေ့အသုံးပြုရာမှာ ပိုမိုမြန်ဆန်မယ့် 120Hz မျက်နှာပြင်၊ တိုးထွက် ရှေ့ဘက် ကင်မရာပါဝင်တဲ့ မျက်နှာပြင်ပြည့်ဒီဇိုင်းနဲ့ MediaTek Dimensity 1000+ Chipset သစ်နဲ့ မောင်းနှင်ထားတာတွေက Redmi K30 Ultra ကို အသားပေးဖော်ပြဖို့ ဖြစ်လာခဲ့တာပါ။

မျက်နှာပြင်အရွယ်အစား ၆.၆၇ လက်မရှိပြီး၊ 20MP ရှေ့ဘက် ကင်မရာနဲ့၊ 64MP နောက်ဘက် အဓိက ကင်မရာတို့က စမတ်ဖုန်းနဲ့ ဓာတ်ပုံရိုက်သူတွေ အကြိုက်တွေ့ဦးမှာပါပဲ။ဘက်ထရီပမာဏ 4,500mAh ကို 33W မြန်နှုန်းမြှင့်အားသွင်းစနစ်နဲ့ ထောက်ပံ့ပေးထား တာကြောင့်လည်း အားကုန်မှာပူစရာမလိုတော့ပါဘူး။မမ်မိုရီကတော့ 6/8 GB တွေကို ရွေးချယ်နိုင်မှာဖြစ်ပြီး၊ သိမ်းဆည်းနိုင်မှုကတော့ 128/256/512 GB တွေဖြစ်တယ်လို့ သိရပါတယ်။

အထက်ပါဖော်ပြခဲ့တဲ့ စွမ်းဆောင်ရည်တွေပါဝင်မယ့် Redmi K30 Ultra ရဲ့ဈေးနှုန်းဟာ မြန်မာငွေ ၄ သိန်းကျော်ကနေ အမြင့်ဆုံး ထုတ်ကုန် ၅ သိန်းကျော်သာ ကျသင့်မှာဖြစ်ပါတယ်။မျက်နှာပြင်လည်း အပြည့်ဖြစ်ရမယ်၊ တိုးထွက်ကင်မရာပါဝင်ရမယ်နဲ့ ဓာတ်ပုံ ကောင်းကောင်း ရိုက်နိုင်ဖို့ စမတ်ဖုန်းကို ရှာဖွေနေတယ်ဆိုရင်တော့ Redmi K30 Ultra ကို ရွေးချယ်သင့်ကြောင်း ဖော်ပြပေးလိုက် ပါတယ်။

Damien

 

(  Zawgyi  )

 တ႐ုတ္နည္းပညာကုမၸဏီႀကီး Xiaomi မွာ ၎ရဲ႕ ၁၀ ႏွစ္ျပည့္ အထိမ္းအမွတ္အျဖစ္ စမတ္ဖုန္းသစ္ေတြနဲ႔ ထုတ္ကုန္သစ္ေတြကို မိတ္ဆက္ခဲ့ပါတယ္။

Xiaomi မွ အားလုံးေမွ်ာ္လင့္ေနတဲ့ Mi 10 Ultra ကို မိတ္ဆက္ခဲ့သလို အမိုက္စားစြမ္းေဆာင္ရည္ေတြ ပါဝင္တဲ့ Redmi K30 Ultra ကိုလည္း တစ္ပါတည္းမိတ္ဆက္ခဲ့တာ ျမင္ေတြ႕ရပါတယ္။

Xiaomi ရဲ႕ မိတ္ဆက္ပြဲမွာ လူတိုင္း Mi 10 Ultra ကို စိတ္ဝင္စားခဲ့ၾကေပမယ့္ ေဈးႏႈန္းသက္သာၿပီး စြမ္းေဆာင္ရည္ျမင့္မားတဲ့ Redmi K30 Ultra ကို ပိုမိုအသားေပးေဖာ္ျပလိုပါတယ္။

Redmi ရဲ႕ K30 series မွာ ေနာက္ဆုံးထုတ္ကုန္ျဖစ္လာခဲ့တဲ့ Redmi K30 Ultra ဟာ အလယ္လတ္တန္းစား စမတ္ဖုန္းေဈးကြက္ကို ကိုင္လႈပ္လိုက္သလိုပါပဲ။ထိေတြ႕အသုံးျပဳရာမွာ ပိုမိုျမန္ဆန္မယ့္ 120Hz မ်က္ႏွာျပင္၊ တိုးထြက္ ေရွ႕ဘက္ ကင္မရာပါဝင္တဲ့ မ်က္ႏွာျပင္ျပည့္ဒီဇိုင္းနဲ႔ MediaTek Dimensity 1000+ Chipset သစ္နဲ႔ ေမာင္းႏွင္ထားတာေတြက Redmi K30 Ultra ကို အသားေပးေဖာ္ျပဖို႔ ျဖစ္လာခဲ့တာပါ။

မ်က္ႏွာျပင္အ႐ြယ္အစား ၆.၆၇ လက္မရွိၿပီး၊ 20MP ေရွ႕ဘက္ ကင္မရာနဲ႔၊ 64MP ေနာက္ဘက္ အဓိက ကင္မရာတို႔က စမတ္ဖုန္းနဲ႔ ဓာတ္ပုံ႐ိုက္သူေတြ အႀကိဳက္ေတြ႕ဦးမွာပါပဲ။ဘက္ထရီပမာဏ 4,500mAh ကို 33W ျမန္ႏႈန္းျမႇင့္အားသြင္းစနစ္နဲ႔ ေထာက္ပံ့ေပးထား တာေၾကာင့္လည္း အားကုန္မွာပူစရာမလိုေတာ့ပါဘူး။မမ္မိုရီကေတာ့ 6/8 GB ေတြကို ေ႐ြးခ်ယ္ႏိုင္မွာျဖစ္ၿပီး၊ သိမ္းဆည္းႏိုင္မႈကေတာ့ 128/256/512 GB ေတြျဖစ္တယ္လို႔ သိရပါတယ္။

အထက္ပါေဖာ္ျပခဲ့တဲ့ စြမ္းေဆာင္ရည္ေတြပါဝင္မယ့္ Redmi K30 Ultra ရဲ႕ေဈးႏႈန္းဟာ ျမန္မာေငြ ၄ သိန္းေက်ာ္ကေန အျမင့္ဆုံး ထုတ္ကုန္ ၅ သိန္းေက်ာ္သာ က်သင့္မွာျဖစ္ပါတယ္။မ်က္ႏွာျပင္လည္း အျပည့္ျဖစ္ရမယ္၊ တိုးထြက္ကင္မရာပါဝင္ရမယ္နဲ႔ ဓာတ္ပုံ ေကာင္းေကာင္း ႐ိုက္ႏိုင္ဖို႔ စမတ္ဖုန္းကို ရွာေဖြေနတယ္ဆိုရင္ေတာ့ Redmi K30 Ultra ကို ေ႐ြးခ်ယ္သင့္ေၾကာင္း ေဖာ္ျပေပးလိုက္ ပါတယ္။

Damien