【 နည်းပညာ 】အကြမ်းခံ SD Cards တွေကို Samsung ကြေညာ

【  နည်းပညာ  】အကြမ်းခံ SD Cards တွေကို Samsung ကြေညာ

SD Cards လို့ ခေါ်တဲ့ သိမ်းဆည်းနိုင်မှုပမာဏတိုးမြှင့်တဲ့ ကဒ်တွေကို ယခုနောက်ပိုင်းမှာ ကင်မရာတွေမှာပဲ အသုံးပြု‌တာကို မြင်တွေ့ရပါတယ်။

ကင်မရာသမားတစ်ဦးအတွက် ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ သိမ်းဆည်းထားနိုင်ရန် SD Card က မရှိမဖြစ် အရေးပါပြီး၊ SD Card အမျိုးအစား မကောင်းတာကြောင့်လည်း သိမ်းဆည်းထားတဲ့ အချက်အလက်တွေ ပျက်စီးဆုံးရှုံးရတာကိုလည်း ကြုံတွေ့ရလေ့ရှိပါတယ်။

ဒီအတွက် ကင်မရာသမားများ မိမိတို့ရဲ့ အချက်အလက် ဒေတာတွေ မဆုံးရှုံးအောင် ထိန်းသိမ်း  ပေးနိုင်မယ့် SD Cards တွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

နာမည်ကျော် ကိုရီးယားနည်းပညာကုမ္ပဏီကြီး Samsung မှ PRO Plus နဲ့ EVO Plus အမည်ရ SD Cards ထုတ်ကုန်သစ်နှစ်မျိုးကို မိတ်ဆက်လိုက်ပါပြီ။ SD Cards တွေပဲ အခြားသော အမှတ် တံဆိပ်တွေနဲ့ ဘာကွာလို့လဲ မေးရင်တော့ ကွာခြားချက်တွေအများကြီးရှိတယ်လို့ ဆိုရမှာပါ။ ပထမဆုံးအနေနဲ့ အကြမ်းခံနိုင်ပါတယ် သာမန်အကြမ်းခံနိုင်တာမျိုးမဟုတ်ပဲ ရေစိမ်ခံနိုင်ပါတယ်၊ သာမန်ရေ‌တင်မကပါဘူး ဆားငန်ရေပါ အစိမ်ခံနိုင်တာပါ။ရေအောက်အနက် ၁ မီတာမှာ ၃ ရက် အထိ အစမ်ခံနိုင်ပါတယ်။ ၅ မီတာရှိတဲ့ အမြင့်မှပြုတ်ကျရင်လည်း ခံနိုင်ရည်ရှိပြီး၊  အပူချိန် အနုတ် ၂၅ ဒီဂရီဆဲလ်စီးရပ်စ်ကနေ အပေါင်း ၈၅ ဒီဂရီဆဲလ်စီးရပ်စ်ကြားထဲမှာလည်း မပျက်ဆီး ပါဘူး။ဒါ့အပြင် ရေဒီယိုသတ္တုကြွတာကိုလည်း ခံနိုင်ရည်ရှိပါသေးတယ်။

SD Cards တွေလို့ ဆိုလိုက်တာနဲ့ ၎င်းတို့ရဲ့ ဒေတာကူးပြောင်းတဲ့ မြန်နှုန်းကိုလည်း သိရှိထားဖို့ လိုအပ်ပါတယ်။ PRO Plus ရဲ့ read speeds က 100MBs နဲ့ write speeds က 90MBs ရှိပါတယ်။ EVO Plus ရဲ့ ဒေတာကူးပြောင်း မြန်နှုန်းကတော့ 100MBs ဖြစ်ပါတယ်။ သိမ်းဆည်း နိုင်မှုပမာဏကတော့ နှစ်မျိုးလုံး 32GB ကနေ 256GB အထိ ထွက်ရှိမှာဖြစ်ပြီး၊ Samsung ဘက်က အာမခံ ၁၀ နှစ် ပေးထားပါတယ်။

ဈေးနှုန်းတွေအနေနဲ့ PRO Plus က အနိမ့်ဆုံး 32GB ကို (မြန်မာငွေ ၁၃,၀၀၀ ခန့်) ကနေ အမြင့်ဆုံး 256GB ကို (မြန်မာငွေ ၆၅,၀၀၀ ခန့်) ကျသင့်မှာဖြစ်ပြီး၊ EVO Plus ကတော့ 32GB ကို (မြန်မာငွေ ၉,၅၀၀ ခန့်) ကနေ 256GB ကို (မြန်မာငွေ ၅၂,၀၀၀ ခန့်) ကျသင့်မယ်လို့ သိရပါတယ်။

Damien

 

(  Zawgyi  )

 

 SD Cards လို႔ ေခၚတဲ့ သိမ္းဆည္းႏိုင္မႈပမာဏတိုးျမႇင့္တဲ့ ကဒ္ေတြကို ယခုေနာက္ပိုင္းမွာ ကင္မရာေတြမွာပဲ အသုံးျပဳ‌တာကို ျမင္ေတြ႕ရပါတယ္။

ကင္မရာသမားတစ္ဦးအတြက္ ဓာတ္ပုံေတြ၊ ဗီဒီယိုေတြ သိမ္းဆည္းထားႏိုင္ရန္ SD Card က မရွိမျဖစ္ အေရးပါၿပီး၊ SD Card အမ်ိဳးအစား မေကာင္းတာေၾကာင့္လည္း သိမ္းဆည္းထားတဲ့ အခ်က္အလက္ေတြ ပ်က္စီးဆုံးရႈံးရတာကိုလည္း ႀကဳံေတြ႕ရေလ့ရွိပါတယ္။

ဒီအတြက္ ကင္မရာသမားမ်ား မိမိတို႔ရဲ႕ အခ်က္အလက္ ေဒတာေတြ မဆုံးရႈံးေအာင္ ထိန္းသိမ္း  ေပးႏိုင္မယ့္ SD Cards ေတြနဲ႔ မိတ္ဆက္ေပးခ်င္ပါတယ္။

နာမည္ေက်ာ္ ကိုရီးယားနည္းပညာကုမၸဏီႀကီး Samsung မွ PRO Plus နဲ႔ EVO Plus အမည္ရ SD Cards ထုတ္ကုန္သစ္ႏွစ္မ်ိဳးကို မိတ္ဆက္လိုက္ပါၿပီ။ SD Cards ေတြပဲ အျခားေသာ အမွတ္ တံဆိပ္ေတြနဲ႔ ဘာကြာလို႔လဲ ေမးရင္ေတာ့ ကြာျခားခ်က္ေတြအမ်ားႀကီးရွိတယ္လို႔ ဆိုရမွာပါ။ ပထမဆုံးအေနနဲ႔ အၾကမ္းခံႏိုင္ပါတယ္ သာမန္အၾကမ္းခံႏိုင္တာမ်ိဳးမဟုတ္ပဲ ေရစိမ္ခံႏိုင္ပါတယ္၊ သာမန္ေရ‌တင္မကပါဘူး ဆားငန္ေရပါ အစိမ္ခံႏိုင္တာပါ။ေရေအာက္အနက္ ၁ မီတာမွာ ၃ ရက္ အထိ အစမ္ခံႏိုင္ပါတယ္။ ၅ မီတာရွိတဲ့ အျမင့္မွျပဳတ္က်ရင္လည္း ခံႏိုင္ရည္ရွိၿပီး၊  အပူခ်ိန္ အႏုတ္ ၂၅ ဒီဂရီဆဲလ္စီးရပ္စ္ကေန အေပါင္း ၈၅ ဒီဂရီဆဲလ္စီးရပ္စ္ၾကားထဲမွာလည္း မပ်က္ဆီး ပါဘူး။ဒါ့အျပင္ ေရဒီယိုသတၱဳႂကြတာကိုလည္း ခံႏိုင္ရည္ရွိပါေသးတယ္။

SD Cards ေတြလို႔ ဆိုလိုက္တာနဲ႔ ၎တို႔ရဲ႕ ေဒတာကူးေျပာင္းတဲ့ ျမန္ႏႈန္းကိုလည္း သိရွိထားဖို႔ လိုအပ္ပါတယ္။ PRO Plus ရဲ႕ read speeds က 100MBs နဲ႔ write speeds က 90MBs ရွိပါတယ္။ EVO Plus ရဲ႕ ေဒတာကူးေျပာင္း ျမန္ႏႈန္းကေတာ့ 100MBs ျဖစ္ပါတယ္။ သိမ္းဆည္း ႏိုင္မႈပမာဏကေတာ့ ႏွစ္မ်ိဳးလုံး 32GB ကေန 256GB အထိ ထြက္ရွိမွာျဖစ္ၿပီး၊ Samsung ဘက္က အာမခံ ၁၀ ႏွစ္ ေပးထားပါတယ္။

ေဈးႏႈန္းေတြအေနနဲ႔ PRO Plus က အနိမ့္ဆုံး 32GB ကို (ျမန္မာေငြ ၁၃,၀၀၀ ခန႔္) ကေန အျမင့္ဆုံး 256GB ကို (ျမန္မာေငြ ၆၅,၀၀၀ ခန႔္) က်သင့္မွာျဖစ္ၿပီး၊ EVO Plus ကေတာ့ 32GB ကို (ျမန္မာေငြ ၉,၅၀၀ ခန႔္) ကေန 256GB ကို (ျမန္မာေငြ ၅၂,၀၀၀ ခန႔္) က်သင့္မယ္လို႔ သိရပါတယ္။

Damien