【 နည်းပညာ 】သာမန်စမတ်နာရီတွေထက် ဒီဇိုင်းထူးခြားတဲ့ Huawei စမတ်နာရီသစ်

【  နည်းပညာ  】သာမန်စမတ်နာရီတွေထက် ဒီဇိုင်းထူးခြားတဲ့ Huawei စမတ်နာရီသစ်

စမတ်နာရီနဲ့ စမတ်လက်ပတ်စျေးကွက်ထဲ ရောင်းအားအကောင်းဆုံး ကုမ္ပဏီသုံးခုထဲက တစ်ခုဖြစ်တဲ့ Huawei မှ စမတ်နာရီသစ်တစ်လုံးကို မိတ်ဆက်လာခဲ့တယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံရဲ့ ထိပ်တန်းနည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ Huawei မှ Huawei Watch Fit အမည်ရ စမတ်နာရီထုတ်ကုန်သစ်ကို ယူအေအီးနိုင်ငံမှာ ကြေညာလာခဲ့တာလည်း ဖြစ်ပါတယ်။

Huawei Watch Fit ရဲ့ ဒီဇိုင်းကတော့ အခြားသောစမတ်နာရီတွေနဲ့မတူ တမူထူးခြားတယ်လို့ ဆိုရမှာပါ။စမတ်နာရီသစ်ရဲ့ မျက်နှာပြင်ဟာ လေးထောင့်ဆန်ကာ ရှည်လျားပြီး ၁.၆၄ လက်မရှိ AMOLED 2.5D HD မျက်နှာပြင်ကို အသုံးပြုပေးထားတာကို မြင်တွေ့ရပါတယ်။စမတ်နာရီရဲ့ ဘယ်ဘက်ခြမ်းမှာတော့ ပါဝါခလုတ်ကို တပ်ဆင်ပေးထားပြီး၊ GPS စနစ်လည်းပါဝင်ကာ ရေစိမ်လည်းခံမှာဖြစ်ပါတယ်။ SpO2 သွေးတွင်း အောက်စီဂျင် တိုင်းတာနိုင်မှုစနစ်၊ ၂၄ နာရီ အသုံးပြုသူရဲ့ နှလုံးခုန်နှုန်းကို တိုင်းတာမှုနဲ့ စိတ်ဖိစီးမှုတိုင်းတာမှုတွေလို စနစ်တွေလည်း ပါဝင်လာတယ်လို့ သိရပါတယ်။ဒါ့အပြင် အခြားသောစမတ်နာရီတွေနည်းတူ အိပ်ချိန်တိုင်းတာပေးတာနဲ့ အားကစားလှုပ်ရှားမှုတွေကို တိုင်းတာပေးတဲ့ စနစ်တွေလည်း ပါဝင်လာမှာဖြစ်ပါတယ်။

Huawei Watch Fit စမတ်နာရီဟာ အသင့်အနေအထားအနေနဲ့ ၁၀ ရက်အသုံးမှာဖြစ်ပြီး၊ GPS ကို အသုံးပြုမယ်ဆိုရင်တော့ ၇ ရက် အသုံးခံမယ်လို့ ဆိုထားပါတယ်။

Huawei Watch Fit စျေးနှုန်းကို အအေရိကန်ဒေါ်လာ ၁၁၀၊ မြန်မာငွေ ၁၅၀,၀၀၀ ခန့် သတ်မှတ်ထားပြီး၊ စက်တင်ဘာလ ၃ ရက်နေ့မှာ ယူအေအီးတွင် စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။

Damien

 

(  Zawgyi  )

 

စမတ္နာရီနဲ႔ စမတ္လက္ပတ္ေစ်းကြက္ထဲ ေရာင္းအားအေကာင္းဆုံး ကုမၸဏီသုံးခုထဲက တစ္ခုျဖစ္တဲ့ Huawei မွ စမတ္နာရီသစ္တစ္လုံးကို မိတ္ဆက္လာခဲ့တယ္လို႔ သိရပါတယ္။

တ႐ုတ္ႏိုင္ငံရဲ႕ ထိပ္တန္းနည္းပညာကုမၸဏီႀကီးျဖစ္တဲ့ Huawei မွ Huawei Watch Fit အမည္ရ စမတ္နာရီထုတ္ကုန္သစ္ကို ယူေအအီးႏိုင္ငံမွာ ေၾကညာလာခဲ့တာလည္း ျဖစ္ပါတယ္။

Huawei Watch Fit ရဲ႕ ဒီဇိုင္းကေတာ့ အျခားေသာစမတ္နာရီေတြနဲ႔မတူ တမူထူးျခားတယ္လို႔ ဆိုရမွာပါ။စမတ္နာရီသစ္ရဲ႕ မ်က္ႏွာျပင္ဟာ ေလးေထာင့္ဆန္ကာ ရွည္လ်ားၿပီး ၁.၆၄ လက္မရွိ AMOLED 2.5D HD မ်က္ႏွာျပင္ကို အသုံးျပဳေပးထားတာကို ျမင္ေတြ႕ရပါတယ္။စမတ္နာရီရဲ႕ ဘယ္ဘက္ျခမ္းမွာေတာ့ ပါဝါခလုတ္ကို တပ္ဆင္ေပးထားၿပီး၊ GPS စနစ္လည္းပါဝင္ကာ ေရစိမ္လည္းခံမွာျဖစ္ပါတယ္။ SpO2 ေသြးတြင္း ေအာက္စီဂ်င္ တိုင္းတာႏိုင္မႈစနစ္၊ ၂၄ နာရီ အသုံးျပဳသူရဲ႕ ႏွလုံးခုန္ႏႈန္းကို တိုင္းတာမႈနဲ႔ စိတ္ဖိစီးမႈတိုင္းတာမႈေတြလို စနစ္ေတြလည္း ပါဝင္လာတယ္လို႔ သိရပါတယ္။ဒါ့အျပင္ အျခားေသာစမတ္နာရီေတြနည္းတူ အိပ္ခ်ိန္တိုင္းတာေပးတာနဲ႔ အားကစားလႈပ္ရွားမႈေတြကို တိုင္းတာေပးတဲ့ စနစ္ေတြလည္း ပါဝင္လာမွာျဖစ္ပါတယ္။

Huawei Watch Fit စမတ္နာရီဟာ အသင့္အေနအထားအေနနဲ႔ ၁၀ ရက္အသုံးမွာျဖစ္ၿပီး၊ GPS ကို အသုံးျပဳမယ္ဆိုရင္ေတာ့ ၇ ရက္ အသုံးခံမယ္လို႔ ဆိုထားပါတယ္။

Huawei Watch Fit ေစ်းႏႈန္းကို အေအရိကန္ေဒၚလာ ၁၁၀၊ ျမန္မာေငြ ၁၅၀,၀၀၀ ခန္႔ သတ္မွတ္ထားၿပီး၊ စက္တင္ဘာလ ၃ ရက္ေန႔မွာ ယူေအအီးတြင္ စတင္ေရာင္းခ်သြားမယ္လို႔ သိရပါတယ္။

Damien