【 နည်းပညာ 】လူမှုကွန်ယက်ပေါ်မှ သတင်းအမှားတွေကြောင့် 5G ကွန်ယက် တာဝါတိုင်များ မီးရှို့ဖျက်ဆီးခံရ

【  နည်းပညာ 】လူမှုကွန်ယက်ပေါ်မှ သတင်းအမှားတွေကြောင့် 5G ကွန်ယက် တာဝါတိုင်များ မီးရှို့ဖျက်ဆီးခံရ

ယခုရက်ပိုင်း ဗြိတိန်နိုင်ငံမှာ 5G ကွန်ယက် တာဝါတိုင်တွေ မီးရှို့ဖျက်ဆီးခံနေရပါတယ်။

ဒါဟာ လတ်တလောပျံ့နှံ့နေတဲ့ Covid-19 အမည်ရ ကိုရိုနာဗိုင်းရပ်စ်ဟာ 5G တာဝါတိုင်မှ ထုတ်လွှင့်တဲ့ ရောင်ခြည်ဖြာထွက်မှုတွေကြောင့်ဖြစ်တယ်လို့ သတင်းအမှားတွေ လူမှုကွန်ယက် ပေါ်မှာ ပျံ့နှံ့အပြီး ယခုလို တာဝါတိုင်မီးရှို့မှုတွေ ဖြစ်လာခဲ့တာပါ။

ယခုရက်သတ္တပတ်ထဲ ပထမဆုံး 5G တာဝါတိုင် မီးရှို့ဖျက်ဆီးမှုဟာ ဘာမင်ဂမ်၊ စပိုက်ဟေးလ် ဒေသမှာ ဖြစ်ပွားခဲ့ပြီး၊ ဒုတိယမြောက် ဖျက်ဆီးမှုကတော့ လီဗာပူးလ်မြို့အနီးက M57 နယ်ပယ် ထဲမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ဒီလိုဖျက်ဆီးမှုတွေဟာ လူသားတွေရဲ့ လူမှုကွန်ယက် အလွဲ သုံးစွဲမှုကို ပြသနေသလိုပါပဲ။

လူမှုကွန်ယက်တွေပေါ်မှာ သီအိုရီအမှားတွေ၊ သိပ္ပံပညာရှင်တွေရဲ့ ထုတ်ပြန်ချက်အတုတွေနဲ့ အချက်အလက် အမှားတွေရဲ့ အသံဖိုင်တွေဟာ Covid-19 ဖြစ်ပွားတဲ့အချိန်အတွင်းမှာ ဆက်တိုက် ပျံနှံ့လာတာ မြင်တွေ့ရပါတယ်။မြန်မာပြည်တွင်းမှာလည်း Covid-19 လူနာတွေ တွေ့ရှိအပြီး အချက်အလက် အမှား‌တွေ ပါဝင်တဲ့ အသံဖိုင်တွေဟာ ဆက်တိုက်ဆိုသလို ပျံ့နှံ့လာမှုတွေဟာ လူတွေရဲ့ အကြောက်တရားကို ပိုမိုစေခဲ့တာကိုလည်း သတိပြုမိခဲ့ရပါတယ်။

လူမှုကွန်ယက်ကြီးတွေမှလည်း ထိန်းချုပ်ရန် သတင်းအမှား‌တွေကို စစ်ထုတ်ရန် ကြိုးပမ်းခဲ့ကြ ပေမယ့်လည်း ယခုအချိန်ထိ အခက်အခဲပေါင်းများစွာနဲ့ ကြုံတွေ့နေ ရဆဲပါ။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးဖြစ်တဲ့ WHO ကတော့ လူမှုကွန်ယက် သုံးစွဲသူတွေအနေနဲ့ မိမိတို့နိုင်ငံ အစိုးရတရားဝင် ဝဘ်ဆိုက်များ တရားဝင်လူမှုကွန်ယက် စာမျက်နှာများမှ ထုတ်ပြန်တဲ့ သတင်းတွေကိုသာ ယုံကြည်ဖတ်ရှုသင့်တယ်လို့လည်း အကြံပြုပေးထားပါတယ်။

လူမှုကွန်ယက်တွေပေါ်မှာ သတင်းအမှားတွေကတော့ ဆက်လက်ပျံ့နှံ့နေဦးမှာပါ။ဒါပေမယ့် သုံးစွဲသူတွေဘက်ကတော့ အမှား၊ အမှန် ခွဲခြားနိုင်ဖို့လိုပြီး တရားဝင်ထုတ်ပြန်တဲ့ သတင်းတွေကို သာ ယုံကြည်သင့်ပါကြောင်း အကြံပြုလိုက်ပါတယ်။

Damien

(  Zawgyi  )

 ယခုရက္ပိုင္း ၿဗိတိန္ႏိုင္ငံမွာ 5G ကြန္ယက္ တာဝါတိုင္ေတြ မီးရႈိ႕ဖ်က္ဆီးခံေနရပါတယ္။

ဒါဟာ လတ္တေလာပ်ံ႕ႏွံ႔ေနတဲ့ Covid-19 အမည္ရ ကို႐ိုနာဗိုင္းရပ္စ္ဟာ 5G တာဝါတိုင္မွ ထုတ္လႊင့္တဲ့ ေရာင္ျခည္ျဖာထြက္မႈေတြေၾကာင့္ျဖစ္တယ္လို႔ သတင္းအမွားေတြ လူမႈကြန္ယက္ ေပၚမွာ ပ်ံ႕ႏွံ႔အၿပီး ယခုလို တာဝါတိုင္မီးရႈိ႕မႈေတြ ျဖစ္လာခဲ့တာပါ။

ယခုရက္သတၱပတ္ထဲ ပထမဆုံး 5G တာဝါတိုင္ မီးရႈိ႕ဖ်က္ဆီးမႈဟာ ဘာမင္ဂမ္၊ စပိုက္ေဟးလ္ ေဒသမွာ ျဖစ္ပြားခဲ့ၿပီး၊ ဒုတိယေျမာက္ ဖ်က္ဆီးမႈကေတာ့ လီဗာပူးလ္ၿမိဳ႕အနီးက M57 နယ္ပယ္ ထဲမွာ ျဖစ္ပြားခဲ့တာ ျဖစ္ပါတယ္။ဒီလိုဖ်က္ဆီးမႈေတြဟာ လူသားေတြရဲ႕ လူမႈကြန္ယက္ အလြဲ သုံးစြဲမႈကို ျပသေနသလိုပါပဲ။

လူမႈကြန္ယက္ေတြေပၚမွာ သီအိုရီအမွားေတြ၊ သိပၸံပညာရွင္ေတြရဲ႕ ထုတ္ျပန္ခ်က္အတုေတြနဲ႔ အခ်က္အလက္ အမွားေတြရဲ႕ အသံဖိုင္ေတြဟာ Covid-19 ျဖစ္ပြားတဲ့အခ်ိန္အတြင္းမွာ ဆက္တိုက္ ပ်ံႏွံ႔လာတာ ျမင္ေတြ႕ရပါတယ္။ျမန္မာျပည္တြင္းမွာလည္း Covid-19 လူနာေတြ ေတြ႕ရွိအၿပီး အခ်က္အလက္ အမွား‌ေတြ ပါဝင္တဲ့ အသံဖိုင္ေတြဟာ ဆက္တိုက္ဆိုသလို ပ်ံ႕ႏွံ႔လာမႈေတြဟာ လူေတြရဲ႕ အေၾကာက္တရားကို ပိုမိုေစခဲ့တာကိုလည္း သတိျပဳမိခဲ့ရပါတယ္။

လူမႈကြန္ယက္ႀကီးေတြမွလည္း ထိန္းခ်ဳပ္ရန္ သတင္းအမွား‌ေတြကို စစ္ထုတ္ရန္ ႀကိဳးပမ္းခဲ့ၾက ေပမယ့္လည္း ယခုအခ်ိန္ထိ အခက္အခဲေပါင္းမ်ားစြာနဲ႔ ႀကဳံေတြ႕ေန ရဆဲပါ။ ကမာၻ႔က်န္းမာေရး အဖြဲ႕ႀကီးျဖစ္တဲ့ WHO ကေတာ့ လူမႈကြန္ယက္ သုံးစြဲသူေတြအေနနဲ႔ မိမိတို႔ႏိုင္ငံ အစိုးရတရားဝင္ ဝဘ္ဆိုက္မ်ား တရားဝင္လူမႈကြန္ယက္ စာမ်က္ႏွာမ်ားမွ ထုတ္ျပန္တဲ့ သတင္းေတြကိုသာ ယုံၾကည္ဖတ္ရႈသင့္တယ္လို႔လည္း အႀကံျပဳေပးထားပါတယ္။

လူမႈကြန္ယက္ေတြေပၚမွာ သတင္းအမွားေတြကေတာ့ ဆက္လက္ပ်ံ႕ႏွံ႔ေနဦးမွာပါ။ဒါေပမယ့္ သုံးစြဲသူေတြဘက္ကေတာ့ အမွား၊ အမွန္ ခြဲျခားႏိုင္ဖို႔လိုၿပီး တရားဝင္ထုတ္ျပန္တဲ့ သတင္းေတြကို သာ ယုံၾကည္သင့္ပါေၾကာင္း အႀကံျပဳလိုက္ပါတယ္။

Damien